Chapter 208 - Riding on His Coattails? 1

2.4K 451 1
                                    

Unicode

ဧပြီလကုန်ရောက်တော့ တစ်ဝက်လောက် ရိုက်ကူးပြီးပြီဖြစ်သည့် ထာဝရရှင်သန်ခြင်း လမ်းစဥ်က သူ့ကို ပိုစတာရိုက်ပေးဖို့ လာကမ်းလှမ်းသည်။

Cheng's Army တုန်းက ရိုက်ထားသည့် အတွေ့အကြုံကြောင့်ရော အဓိကဇာတ်ဆောင်က တိချိုးဟယ်ဖြစ်သည့်အတွက်ပါ ရိုက်ကူးရေးက ထင်သလောက် မခက်ခဲခဲ့။ နှစ်ရက်ဟု စီစဥ်ထားသည့် ရိုက်ကူးရေးက တစ်ရက်နှင့် အပြီးသတ်နိုင်ခဲ့သည်။

" ပြတိုက်က တစ်ယောက် မင်းကို အခက်တွေ့အောင် လုပ်တယ်ဆို"
စားသောက်ဆိုင်တစ်ခုကို ရောက်တော့ တိချိုးဟယ်က ဟောပိုင်အတွက် လက်ဖက်ရည်ငှဲ့ပေးရင်း ​မေးလိုက်သည်။

" ခင်ဗျားကို ကျွင်းကျယ် ပြောပြတာလား"
ဟောပိုင်က မုန့်ပန်းကန်ကို သူ့နားဆွဲကာ တိချိုးဟယ်ပါးစပ်ထဲ တစ်ခုထည့်၍ သူလဲ တစ်ခုစားရင်း ပြန်ပြောသည်။
" အခက်တွေ့အောင် လုပ်တယ်ရယ်လို့လဲ မဟုတ်ပါဘူး.. သူက ကျွန်တော့်ကို အရည်အချင်းမရှိဘူး ဘာညာနဲ့ ပြောရုံလောက်ပဲ ဘာမှမဟုတ်ဘူး"

တိချိုးဟယ်က တူနှင့် ဇွန်းများကို တစ်ရှူးနှင့်ပွတ်ကာ ဟောပိုင်ရှေ့ ချပေးနေသည်။
" မင်း လုပ်လိုက်တာ မှန်တယ်.. အဲ့လိုလူမျိုးနဲ့ အလုပ်တွဲမလုပ်သင့်ဘူး.. အဲ့ဒီလို အကျင့်စရိုက်မျိုးနဲ့... စိတ်မပူနဲ့ ကိုယ့်မှာ အသိတွေအများကြီးရှိတယ်.. ပိုကောင်းတဲ့ ပြတိုက်တစ်ခု ဆက်သွယ်ပေးမယ်"

" ဟင့်အင်း"
ဟောပိုင်က ခေါင်းရမ်းကာ တိချိုးဟယ်ကို နဖူးတစ်ချက်တောက်လိုက်၏။
" ခင်ဗျားရဲ့ပုံကို ဘယ်သူ့ကိုမှ မယူစေချင်လို့လေ ချာတိတ်လေးရဲ့... ကိုယ့်ဟာကိုယ်ပဲ သိမ်းထားရအောင် ကျွန်တော်တို့ အိမ်ရဲ့ သုံးလွှာက photo wall လေးမှာ နေရာတစ်ဝက်တောင်လွတ်နေသေးတာကို"

​တိချိုးဟယ်က ဟောပိုင်လက်ကို လှမ်းကိုင်ကာ တစ်ခုခုပြောရန် ပြင်လိုက်ပေမဲ့ စားပွဲထိုးဝင်လာသည့်အတွက် ခဏထိန်းလိုက်ရသည်။ ဟင်းပွဲများ ရောက်လာသည့်အတွက် တစ်ယောက်လက် တစ်ယောက်လွှတ်လိုက်ကြသည်။

ဟောပိုင်က အားရပါးရ စားနေပေမဲ့ တိချိုးဟယ်က ဟင်းပွဲများကို ဟိုနှိုက်သည်နှိုက်နှင့် စိတ်မပါ့တပါ စားနေသည်။ ဟောပိုင်ကိုလဲ တစ်ခုခုပြောချင်နေသလို  ခဏခဏ လှမ်းကြည့်သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now