Chapter 204 - မိဘများကို ကန်တော့ခြင်း 4

2.3K 467 15
                                    

Unicode

ဟောပိုင်ထွက်သွားပြီးတော့ ရုတ်တရက် ချောင်းထဆိုးသော ချိန်ဖေကျုံးအတွက် တိချိုးဟယ်က ရေနွေးတစ်ခွက် လှမ်းပေးလိုက်သည်။

" ကျေးဇူးပဲ"
ချိန်ဖေကျုံးက ရေသောက်ပြီးနောက် တိချိုးဟယ်ကို ပြုံး၍ ကြည့်သည်။
" တိဘီရန်က တကယ်ကန်းနေတဲ့သူပဲဖြစ်မှာ.. မင်းသာ ငါ့သားဆိုရင် မင်းကို တကယ်ကောင်းကောင်းကြီး ပျိုးထောင်ပေးဦးမှာ.. မင်း ဖြစ်ချင်တာ လုပ်ချင်တာ အကုန်လုပ်လို့ရအောင်"

ထိုစကားကြောင့် တိချိုးဟယ်က စိတ်မသက်မသာနှင့် မျက်မှောင်ကြုံ့သွားသည်။

" ဒါပေမဲ့ မင်းလိုသားမျိုးနဲ့ မထိုက်တန်ဘူးဆိုတာလဲ ငါသိပါတယ်.."
တိချိုးဟယ်၏ မျက်နှာအမူအရာကြောင့် ချိန်ဖေကျုံးက ထိုစကားကို ထပ်ပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
" ဒါပေမဲ့ ငါ့ကလေးကိုတော့ မိဘကောင်းနဲ့ တွေ့စေချင်တယ်.. ငါ့သမီးလေးက နောက်ငါးလဆိုရင် လောကကြီးထဲ ရောက်လာတော့မှာ .. သူ့အတွက် အရမ်းကောင်းတဲ့ မိသားစုတစ်ခု ရှာတွေ့ထားတယ်"

" မိန်းကလေးလား..."
တိချိုးဟယ် အံ့သြသွားသည်။ ချိန်ဖေကျုံးက ယောကျ်ားလေးကိုပဲ မွေးမည်ဟု ထင်ထားခဲ့သည်လေ။

( surrogate ဆိုတဲ့ အကြောင်းလေး မသိတဲ့သူရှိရင် ပြောပြချင်လို့ပါ surrogate ဆိုတာ ယောကျ်ားလေးဘက်က sperm ကို ယူပြီးတော့ egg က လှူထားတဲ့ egg ပဲဖြစ်ဖြစ် လိုချင်တဲ့ egg ပဲဖြစ်ဖြစ်ပေါ့လေ အဲ့ဒါကို lab ထဲမှာ သားဖောက်ပြီးတော့ ရလာတဲ့ သန္ဓေသားကိုမှ  surrogate လုပ်မဲ့ မိန်းကလေးရဲ့ ကိုယ်ထဲ ထည့်ပေးတာပါ.. surrogate က gender ရွေးလို့ရပါတယ် ပြီးတော့ လိုချင်ရင် အမြွှာလဲ လုပ်လို့ရတယ်  lab ထဲမှာ လုပ်ထားတာကိုး ...  အဲ့မှာ ကိုယ်ဝန်ဆောင်တဲ့ မိန်းကလေးနဲ့ အထဲက ကလေးက DNA ဘာညာ ဘာမှမတူပါဘူး  အမေလဲ မဟုတ်ဘူးပေါ့နော် အခု ချိန်ဖေကျုံးက နိုင်ငံခြားမှာ သွားလုပ်တာဆိုတော့ Egg က လှူထားတဲ့ဟာကိုပဲ ယူထားပုံရပါတယ် ဒါက ဗဟုသုတပေါ့နော်)

" အဖေနဲ့ သမီးတွေက အမြဲတမ်း ထူးခြားတဲ့ ဆက်သွယ်မှုလေးတွေ ရှိတတ်ကြတယ်လေ.."
ချိန်ဖေကျုံးက သူ့သမီးအကြောင်းကို တယုတယပြောပြရင်း ပြုံးသည်။
" သမီးလေးတွေက အကောင်းဆုံးပဲ..  ငါ သူ့အတွက် ပိုက်ဆံတွေအများကြီးထားခဲ့တာမို့လို့ အေးအေးဆေးဆေး နေလို့ရမှာပါ"

OUR ( One Useless Rebirth) 2Where stories live. Discover now