Chapter 250 - A Good Beating?? 2

1.8K 335 3
                                    

Unicode

ဟောပိုင်က မတ်မတ်ပြန်ထိုင်ကာ တိချိုးဟယ်ကို ကြည့်သည်။
" နောက် ဒီလိုထပ်ဖြစ်ဦးမှာလား"

တိချိုးဟယ်က ခေါင်းခါကာ ဟောပိုင်နားရွက်ဖျားလေးကို ဆွဲညှစ်၍ နဖူးလေးကို နမ်းလိုက်သည်။

" ဒီချာတိတ်လေးကွာ.. ခင်ဗျားတော်တော်ဆိုးတာပဲဗျ.. ကျွန်တော် သေချာကို ပြောထားတယ်လေ.. ဒီအချိန်က ဇာတ်ကားကိုပဲ အာရုံစိုက်ရမဲ့ အချိန်ပါလို့... ထာဝရရှင်သန်ခြင်း လမ်းစဥ်ကို အဖွဲ့သားတွေ ဘယ်လိုကြိုးစားပြီး ဖန်တီးခဲ့ရတယ်ဆိုတာ ခင်ဗျားမသိတာလဲ မဟုတ်ဘူး.. သူတို့အတွက်လဲ အာရုံစိုက်ခံရဖို့ ထိုက်တန်တယ်လေ.. ပြီးတော့ ကျွန်တော်တို့တွဲနေတဲ့အကြောင်း လူတွေကိုပြောဖို့ ရက်ပိုင်းပဲ လိုတော့တာကို.. "
ဟောပိုင်က ဖြောင်းဖြသည့် လေသံနှင့် အေးအေးလေး ပြောပြနေ၏။

ထို့နောက် တိချိုးဟယ်ဆံပင်လေးကို လက်နှင့်သပ်ရင်းက လေသံနည်းနည်းတည်ကာ ထပ်ပြောသည်။
" နောက်တစ်ခါ ကျွန်တော့်ကို ထပ်စရင် ခင်ဗျားကို တကယ်ရိုက်မှာနော်"

" ကိုယ် မှားမှန်း သိပါပြီ"
တိချိုးဟယ်က ဆက်ပြောသည်။
"ကိုယ် တကယ်တောင်းပန်ပါတယ်နော်"

ဟောပိုင်က တိချိုးဟယ်နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းကာ ပခုံးပေါ် ခေါင်းမှီလိုက်၏။
"ဟုတ်ပါပြီ .. ကျွန်တော် ခင်ဗျားကို ခွင့်လွှတ်တယ် .. ညနေစာ စားချိန်တောင်ရောက်ပြီ.. ခင်ဗျားကို ခြေအိတ်အနီ လိုက်ဝယ်ပေးမယ်လေ.."

ထိုစကားကြောင့် တိချိုးဟယ် ကြောင်အသွားကာ ဟောပိုင်ကို ခပ်တင်းတင်း လာဖက်သည်။ သူ့ခွေးပေါက်လေးရဲ့ နားလည်နိုင်စွမ်းက သူ့ကို အတော်လေး အံ့သြစေ၏။
" ကိုယ် တကယ်တောင်းပန်ပါတယ်ကွာ"

" ကျွန်တော် ခွင့်လွှတ်ပါတယ်ဆို ချာတိတ်လေးရာ"
ဟောပိုင်က တိချိုးဟယ်ကို သေချာကြည့်ရင်း ပြောလိုက်သည်။
" ဒီနှစ် လူအတော်များများ အနီရောင်လေးတွေ ဝတ်ကြတယ်.. ခင်ဗျားကို ကျွန်တော် မာဖလာအနီလေးပါ ဝယ်ပေးမယ်"

" ကွန်ဒုံးအနီလေးရော မဝယ်ပေးချင်ဘူးလား"
တိချိုးဟယ်က ပြောင်စပ်စပ် ထပြော၏။

OUR ( One Useless Rebirth) 2Where stories live. Discover now