Chapter 271 - သူဌေးရယ် သူဌေးယောက်ျားရယ် 2

1.8K 337 6
                                    

Unicode

ကြောက်ဖို့ကောင်းသည့် မှတ်ဉာဏ်ထဲ မျောပါသွားသည့်ဟောပိုင်က ခေါင်းခါရင်း လက်ရှိကိုသာ အာရုံစိုက်ရန် ကိုယ့်ကိုယ်ကို သတိပေး၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ရှင်းရှောင်ဖုန်းကိုကြည့်သည်
" ရှောင်ဖုန်း.. အဖိုးက ချိန်ဖေကျုံးရဲ့ ရှေ့နေတွေလက်ထဲ ချင်းလီကို ထည့်ထားတယ်ဆို.. ခင်ဗျား သူတို့နဲ့ စကားပြောပြီးပြီလား.. အဲ့မိန်းမက အရမ်းအန္တရာယ်များတာ တစ်ခါထဲ အပြတ်ရှင်းတဲ့နည်းလေးသုံးမှရမယ်... မဟုတ်ရင်တော့ သူ လွတ်လမ်းရှာဦးမှာပဲ"

ရှင်းရှောင်ဖုန်းက ဟောပိုင် ခဏလေး ငိုင်ကျသွားသည်ကို သတိမထားမိယောင် ဆောင်လိုက်သည်။
" စိတ်မပူပါနဲ့.. ချင်းလီက အကြွေးတွေကြောင့် နိုင်ငံခြားထွက်ခွင့်မရှိဘူး.. သူ့ပိုက်ဆံတွေကိုလဲ အကုန်သိမ်းလိုက်တာမို့လို့ တစ်ပြားမှလဲ မရှိတော့ဘူး.. အခု ငါတို့က အချိန်ကောင်းကိုစောင့်နေတာ.. တိရှားဆုန်းသာ ငါတို့ဘက်ပါရင် ချင်းလီကို ထိုက်တန်တတဲ့နေရာကို ပို့ပေးမှာ"

" တိရှားဆုန်း??"
ဟောပိုင် ကြောင်သွားသည်။
" သူ အခု ထောင်ထဲမှာ မဟုတ်ဘူးလား.. ကျွန်တော်တို့ဘက် ပါလာအောင် ဘာလို့စောင့်ရမှာလဲ"

ထိုစကားကြောင့် ရှင်းရှောင်ဖုန်းလဲ ကြောင်သွား၏။
" ချိုးဟယ် မင်းကို မပြောပြဘူးလား... ငါတို့ တိရှားဆုန်းကို ဖျောင်းဖြပြီးတော့..."

" ဘာတွေပြောနေကြတာလဲ"
တိချိုးဟယ် သူတို့နားရောက်လာသည်။

ဖရုံသီးအစာသွပ်မုန့်ကို ကိုင်ရင်း ရှင်းရှောင်ဖုန်းနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ဟောပိုင်ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
" ဒါလေး စားကြည့်ပါဦး.. မအီစေရဘူးလို့ အာမခံတယ်"

မနေ့ညက တိချိုးဟယ်ကို နှိပ်စက်ခဲ့မိသည်ကိုတွေးမိတော့ ဟောပိုင်လဲ အားနာသွားကာ စောစောက အကြောင်း ဆက်မပြောတော့ပဲ တိချိုးဟယ်ကို မော့ကြည့်သည်။
" ကျေးဇူးပဲ ချိုးဟယ်.. ကျွန်တော် အခုဗိုက်ပြည့်နေလို့ နောက်မှစားလို့ရမလား"

" လာပါ ခွေးပေါက်လေးရာ တစ်ကိုက်လောက်ပဲ.. ကိုယ် မင်းရဲ့အမြင်ကို လိုချင်လို့ပါ"
တိချိုးဟယ်က ဟောပိုင်လက်ကို လှမ်းကိုင်သည်။ ဟောပိုင်မျက်နှာလေးရဲနေတာမြင်တော့ လက်လွှတ်လိုက်ပြီး မုန့်ကို တစ်ကိုက်ကိုက်သည်။ ထို့နောက် ဟောပိုင်ကို ငုံ့နမ်းရင်း မုန့်ကို သူ့ပါးစပ်ထဲမှ တိုက်ရိုက်ခွံ့လိုက်လေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now