Chapter 175 - ယန်အိမ်၏ တစ်ဦးတည်းသော သမီး

2.9K 564 10
                                    

Unicode

ခဏနေတော့ တိချိုးဟယ်တစ်ယောက် ထိုအဖြေကို မမေးရပဲ သိလိုက်ရသည်။ အဖြေက အလုပ်ဖြစ်၏။

တိချိုးဟယ် ကြော်ညာသည့် နာရီစီးရီးမှာ လူငယ်တွေအတွက် ရည်ရွယ်လေသည်။ ထိုစီးရီးတွင် နာရီအမျိုးအစားလေးမျိုးရှိ၏။ ပထမဆုံးတစ်ခုက ၂၄နာရီ အလုပ်လုပ်သည့်  elite များအတွက်.. ဒုတိယတစ်ခုက နေ့စဥ်သုံးအတွက် အရမ်းအရောင်မတောက်သည့် ပုံစံမျိုး.. နောက်တစ်ခုက ပါတီများတွင် ပတ်ရန် နှင့် နောက်ဆုံးတစ်ခုက အားကစားလုပ်ရာတွင် သုံးရန်ဖြစ်သည်။

တိချိုးဟယ်က နာရီ၏ အသုံးဝင်ပုံကို ကောင်းကောင်းပြသနိုင်ရန် အင်္ကျီလေးစုံ လဲဝတ်ရသည်။ ပထမတစ်ခု elite ပြီးပြီဖြစ်၍ နောက်ထပ်သုံးစုံ ထပ်လဲရဦးမည်ဖြစ်သည်။ ထိုသုံးစုံရိုက်နေသည့် အတောအတွင်းလဲ ဟောပိုင်က အမျိုးမျိုး မျှော်လင့်ချက်ပေးသည့်အတွက် ချိုးဟယ်သေးသေးလေးမှာ အလကားနေရင်း စိတ်ဓာတ်ကြွနေ၏။

သူတို့နှစ်ယောက် ပထမဆုံးအလုပ်လုပ်ခြင်းဖြစ်ပေမဲ့ သူတို့ အတော်လေး အတွဲညီကြကာ ရိုက်ကူးရေးက အခက်အခဲမရှိပြီးသွား၏။ တစ်ယောက်ကိုတစ်ယောက်လဲ ဆွဲဆောင်နေကြသည်ကို ဝန်ထမ်းအဖွဲ့ကတော့ ဘာမှမသိရှာပဲ သူတို့ပါ ဝင်ပျော်ပေးနေကြ၏။

ဘာဖြစ်နေမှန်း အတိအကျသိသည့် ဝမ်ပေါ်ရီမှာတော့ ပြုံးရွှင်နေသော ဝန်ထမ်းများကိုကြည့်ရင်း လက်မြှောက်နေလိုက်ရသည်။

ဒီလောက် သူတို့အရှေ့မှာ မြှူဆွယ်နေကြတာကိုတောင်မှ ကန်းနေကြတဲ့လူတွေပဲ...

ရိုက်ကူးရေးက အဆင်ပြေချောမွေ့လွန်းလို့ သူတို့သတ်မှတ်ထားသည့်အချိန်ထက် ပိုစော၍ပြီးလေသည်။ တိချိုးဟယ်က ဝန်ထမ်းအဖွဲ့ကို နှုတ်ဆက်၍ ဟောပိုင်ကို ခေါ်ကာ ထွက်လာခဲ့သည်။

ကားစက်နှိုးနေချိန်တွင်တော့ တစ်နေကုန် အောင့်အည်းထားရသည့် တိချိုးဟယ်ဟာ ဟောပိုင်ကို ရင်ခွင်ထဲ ဆွဲသွင်း၍ နားရွက်လေးများကို ကိုက်ကာ ပါးလေးကို အတင်းဖက်နမ်းနေ၏။
" ခွေးပေါက်လေး.. ကိုယ် ရေပူစမ်းသွားဖို့ booking တင်လိုက်မယ်နော်"

OUR ( One Useless Rebirth) 2Where stories live. Discover now