Chapter 283 - Extra 7

1.6K 283 3
                                    

Unicode

ထိုသို့ ဆုံးဖြတ်ရသည့် အကြောင်းရင်းကလဲ ခိုင်ခိုင်လုံလုံ ရှိခဲ့သည်လေ။

ဟောပိုင်၏ ကိုယ်ပိုင်စတူရီယိုစဖွင့်ပြီး နှစ်နှစ်မြောက်တွင် ရွှီရင်းရုန်၏ ပထမဆုံးတပည့် အာဖရိကတွင် ပရဟိတလုပ်နေသည့် ကုရှီးဖန် ပြန်ရောက်လာသည်။ ဟောပိုင်က သူ့အစ်ကိုကြီးအကြောင်းကို ဒုတိယအစ်ကို ရွှီရင်းဆီမှ ကြားဖူးနေ၍ အရမ်းလေးစားကာ တွေ့ချင်နေသည်။

ဟောပိုင်မှာ ကုရှီးဖန်ကို တစ်ခါမှ မမြင်ဖူးပေမဲ့ ဖုန်းတော့ ခဏခဏ ပြောဖူးသည်။ ကုရှီးဖန်မှာ စကားပြောညင်သာသာ အသံလဲကောင်းသည်။ သူ့ကိုလဲ ရှာရခက်သည့် ဓာတ်ပုံများနှင့် လက်ဆောင်များ မကြာခဏ ပို့ပေးလေ့ရှိ၏။ တစ်ခါတစ်လေဆို ဓာတ်ပုံအကြောင်းများ ဆွေးနွေးကာ စိတ်ကူးများ ဖလှယ်ကြသေးသည်။ သို့သော် ဝေးနေလို့သာ လူချင်းမတွေ့ရခြင်းဖြစ်၏။

ရွှီရင်းရုန်၏ ပထမတပည့်ဖြစ်သည့်အတွက် ကုရှီးဖန်မှာ ဓာတ်ပုံပညာတွင် အတော်လေးပါရမီပါသည်ဟုဆိုရမည်။ စစ်တပ်ထဲတွင်လဲ နေခဲ့ဖူးသဖြင့် သူ့ဓာတ်ပုံစတိုင်တို့က ဘယ်သူနှင့်မှမတူပဲ ထူးခြား၏။

ဒီနေ့ ရွှီရင်းနှင့် ဟောပိုင်တို့က ဆရာရွှီနှင့်အတူ လေဆိပ်တွင် ကုရှီးဖန်ကို သွားကြိုကြမည်ဖြစ်၏။ ဆရာရွှီမှာ အတော်ကြာမှ သူ့တပည့်ကိုပြန်တွေ့ရသဖြင့် တက်ကြွနေသည်။ ထို့ကြောင့် ဟောပိုင်ကို ကုရှီးဖန်အကြောင်း အသေးစိတ်ပြောပြသည်။

" ရှီးဖန်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတာ.. စစ်တပ်ထဲမှာ အကြာကြီးပဲ နေလာခဲ့တာ.. သူ စစ်တပ်ထဲက ထွက်လိုက်တဲ့အချိန်မှာ ငါ သူ့ကိုတွေ့တာ.. အဲ့ဒီတုန်းက သူ့စိတ်အခြေအနေ သိပ်မကောင်းဘူး.. ဒါပေမဲ့လဲ ကျောင်းပြန်တက်တယ် ဓာတ်ပုံပညာကို ရအောင်သင်တယ်.. အဲ့ဒါကြောင့်မို့ တက္ကသိုလ်တွေကို ထောက်ခံစာရေးပေးလိုက်တယ်.. ဆရာ့ တက္ကသိုလ်ကို သူ ရောက်လာတယ် .. စာဆို ထိပ်ဆုံးကပဲ.. ဘာသာရပ်တိုင်းလဲ ထူးချွန်တယ်.. ဓာတ်ပုံပညာကို တော်တော်လေးစိတ်ဝင်စားတယ်ဆိုတော့ သူ့ကို တပည့်အဖြစ် မွေးခဲ့တာ"

ဟောပိုင်က သူ့အစ်ကိုကြီးကိုရော သူ့ဆရာကိုရော လေးစားနေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now