Chapter 288 - Extra 12

1.3K 221 1
                                    

Unicode

တိချိုးဟယ်က တံခါးဖွင့်ပြီးနောက် ဟောပိုင်ထိုင်နေရာ ဆိုဖာသို့ ပြန်လျှောက်လာသည်။ ဟောပိုင်အတွက် ရေတစ်ခွက်ငှဲ့ပေးပြီးနောက် မေးလိုက်သည်။
" ကိုယ့်ရဲ့ အအေးဘူးထဲမှာ အဆိပ်ခတ်ထားတယ်လို့ပြောတယ်နော်.. အဲ့ဒါကို မင်းက ဘယ်လိုလုပ်သိတာလဲ .. မင်း သောက်လိုက်မိသေးလို့လား"

ဟောပိုင် ကြောင်အသွားလေ၏။ အအေးဘူးက အဖုံးပင် တစ်ခါမှ မဖွင့်ရသေး။ တိချိုးဟယ် သူ့ကို အာရုံစိုက်လာစေရန် ဆင်ခြေတစ်ခုအနေနှင့် ပြောလိုက်ခြင်းသာဖြစ်သည်။ နိုးနိုးချင်း ဟိုတယ်ကို ပြေးလာသည့်အတွက် အအေးကို ထိပင်မထိရသေး။ ထို့ကြောင့် အအေးဘူးကိုကြည့်ရင်း နောင်တရနေမိသည်။

" ဒီအအေးဘူးနဲ့တူတယ်"
ဟောပိုင်ကြည့်နေသော အအေးဘူးကို တိချိုးဟယ်က ကောက်ကိုင်လိုက်သည်။

ဟောပိုင်လဲ မျက်လုံးပြူးကာ တားဖို့ လက်လှမ်းလိုက်ပေမဲ့ နည်းနည်းနောက်ကျသွားကာ အအေးဘူးကို ကိုင်ထားသည့် တိချိုးဟယ်လက်ပေါ် အုပ်ကိုင်မိသွား၏။

တိချိုးဟယ်က မျက်မှောင်အနည်းငယ်ကျုံ့ကာ ကြောင်သွား၏။ ထို့နောက် မျက်ခုံးပင့်ကာ ​ဟောပိုင်ကို စိုက်ကြည့်လိုက်၏။

ဟောပိုင်သည်လဲ အသံပင် မထွက်နိုင်အောင် ကြောင်အနေသည်။
.. ဒီလက်လေး.. ဒီလက်လေးကို နေ့နေ့ညည ကိုင်တာ အသားကျနေတာ.. ငါ့ကိုလဲ ကြည့်ပါဦး.. အခုတော့ မတော်တဆထိမိတာကို အသားယူတဲ့သူလို စိုက်ကြည့်ခံနေရတာပဲ..

အန်းရှီရှီး၏ ခြေလှမ်းက သူတို့ကြားမှ တိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။

တိချိုးဟယ်က လက်ကိုချက်ချင်းပြန်ရုတ်ကာ အန်းရှီရှီးလက်ထဲမှ ဗန်းကိုတစ်ချက်ကြည့်သည်။
" ကျေးဇူးပဲ လက်ထောက်အန်း ကောင်းသောညပါ"

အန်းရှီရှီးက ဟောပိုင်ကို သတိနှင့်ကြည့်နေကာ ဗန်းကို စားပွဲပေါ်ချသည်။
" ရပါတယ် သခင်လေး.. ဒီမှာ သခင်လေးရဲ့ဆေးပါ.. ဒါပေမဲ့ ဆရာဝန်က ဆေးကို အစာမရှိပဲ မသောက်ဖို့ မှာထားတာမို့ ကျွန်မ ဆန်ပြုတ်မှာထားပေးပါတယ်.. တော်တော်လေးကောင်းတဲ့ဆန်ပြုတ်ပါ.. နောက်ပြီး ဒီဘက်က လူကြီးမင်း.. အခု အရမ်းလဲ နောက်ကျနေပြီ သခင်လေးက တစ်နေကုန် ပင်ပန်းထားတာမို့လို့ လူကြီးမင်းက ကျွန်မနဲ့ လိုက်ခဲ့ပါ"

OUR ( One Useless Rebirth) 2Where stories live. Discover now