Chapter 221 - ရင်းနှီးမြှုပ်နှံမှု 1

2.3K 435 3
                                    

Unicode

ဖြစ်လာနိုင်သည့် ရလဒ်ကို တစ်ချက်တွေးကာ ဟောပိုင်တစ်ယောက် အိပ်ရာပေါ် သေချာနေရာယူ၍ ဇာတ်ညွှန်းကို တစ်လုံးချင်းဖတ်၏။

Wolf Venom ၏ ဇာတ်ကြောင်းက ခန့်မှန်းရလွယ်သည်။ စူပါဟီးရိုးအုပ်စုတစ်ခု အတူတကွပေါင်းစုကာ Wolf Venom ဟုခေါ်သည့် သားရဲကောင်ကို တိုက်ခိုက်ကြခြင်းသာဖြစ်သည်။ အစပိုင်းတော့ စူပါဟီးရိုးများက တစ်ယောက်ချင်း Wolf Venom ကို တိုက်ခိုက်နေရာမှ အဖွဲ့တစ်ဖွဲ့အဖြစ် စုမိသွားခြင်းဖြစ်၏။

အရင်ဘဝက ဟောပိုင်ကြည့်ခဲ့သော ဇာတ်ကားတွင် စူပါဟီးရိုး ငါးယောက်ရှိ၏။ အရှေ့ အနောက် တောင် မြောက် နှင့် အလယ်ပိုင်းဒေသကို ကိုယ်စားပြုသည့် ဟီးရိုးတစ်ယောက်စီ ပါဝင်သည်။ အဖွဲ့တွင်လဲ ကိုယ်ပိုင် တာဝန်တစ်ခုစီ ရှိကြ၏။ ဒိုင်းကာ.. ခရစ်ယာန်ဘုန်းကြီး.. အကာအကွယ် ... လုပ်ကြံသူ .. တိုက်ခိုက်သူဟူ၍ ဖြစ်ကြသည်။ အားလုံးပေါင်းလိုက်သောအခါ ပြီးပြည့်စုံသည့် အဖွဲ့ဖြစ်သည်ဟု ထင်နိုင်စရာရှိသည်။

အခု သူဖတ်နေသည့် ဇာတ်ညွှန်းတွင်တော့ စူပါဟီးရိုးက ငါးယောက်မဟုတ်ပဲ ခြောက်ယောက်ဖြစ်နေသည်။ အရင်ဘဝက ဇာတ်ကားတွင် မပါသည့် ခြောက်ယောက်မြောက် ဇာတ်ကောင်မှာ ဝင်ရိုးစွန်းတစ်ဖက်တွင်ရှိသည့် ကျွန်းစွယ်လေးမှဖြစ်သည်။ ထိုကျွန်းဆွယ်မှာ တခြားနေရာများနှင့် တစ်သီးတစ်သန့်တည်ရှိသည့်အတွက် တခြားနိုင်ငံများနှင့် နိုင်ငံရေးစီးပွားရေး ပက်သက်စွက်ဖက်မှု လုံးဝမရှိ။ Wolf Venom နယ်ချဲ့လာသည့်အတွက် တိုက်ခိုက်တော့မှသာ ကျန်ငါးနိုင်ငံက ထိုကျွန်းဆွယ်နိုင်ငံ၏ ကိုယ်စားပြု သူရဲကောင်းတစ်ယောက် လွှတ်ပေးပါရန် တောင်းဆိုခဲ့၏။

သို့သော် စေလွှတ်ခံရသည့် ထိုသူမှာ အတိုက်အခိုက်ကို သဘောကျသည့် သူတစ်ယောက်တော့မဟုတ်။

ဇာတ်ညွှန်းကို စိတ်ဝင်တစားဖတ်နေသည့် ဟောပိုင်မှာ ထိုနေရာတွင် မျက်နှာမဲ့သွား၏။
' အတိုက်အခိုက်ကို သဘောမကျဘူး ... ပျင်းစရာကြီး'

ထို့ကြောင့် တခြားဇာတ်ကောင်များမိတ်ဆက်တွင် စာကြောင်းတွေ အများကြီးရေးထားသော်လဲ ထိုသူ၏ ဇာတ်ကောင်မိတ်ဆက်မှာမူ ဗလာဖြစ်နေခြင်းဖြစ်၏။

OUR ( One Useless Rebirth) 2Where stories live. Discover now