Chapter 240 - Slap 1

1.9K 370 3
                                    

Unicode

ဖန်တာ့နှင့် တိချိုးဟယ်တို့နှစ်ယောက် တိဘီရန်အတွက် စီစဥ်ပေးထားသော ဘိုးဘွားရိပ်သာမှာ ဘိုးဘွားရိပ်သာဟု မထင်ရလောက်အောင် အတော်လေး သက်တောင့်သက်သာရှိသည့် နေရာမျိုးပင်။ တိဘီရန်ကို ပန်းခြံများ ပတ်ပတ်လည်ဝန်းရံထားသည့် တစ်ထပ်အိမ်လေးတွင် ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများ ၂၄နာရီ ရှိနေကြသည်။ ထို့အပြင် အစားအသောက်ကိုလဲ ကြိုက်ရာမှာစားနိုင်သေးသည်။

သို့သော် တိဘီရန်မှာ နေရတာ အသက်ရှူမဝသလို ခံစားရ၏။ သူ့ကို ဘယ်သူကမှ စကားမပြောပေ။ သူ မေးစရာရှိလို့ မေးလို့တာတောင်မှ လျစ်လျှူရှုခံရ၏။ ဘယ်သူ့ကိုမှလဲ ဆက်သွယ်လို့မရ။ ၂၄နာရီ စောင့်ကြည့်ခံနေရပြီး အိမ်သာတောင် လွတ်လွတ်လပ်လပ် သွားမရ၍ စိတ်ဓာတ်ကျနေ၏။

" ငါ့ကို ကော်ဖီဖျော်ပေး"
တိဘီရန်က သူ့ကို ပြုစုစောင့်ရှောက်သူအား ​ခိုင်းစေလိုက်၏။

ထိုသူမှာ ရေတစ်ခွက် ထည့်ပေးကာ စောစောကနေရာတွင် ပြန်ထိုင်နေ၏။

တိဘီရန်က ဒေါသထွက်တကြီးနှင့် ဖန်ခွက်ကို ဆွဲလွှင့်ပစ်လိုက်၏။
" ငါ ​တောင်းတာ ကော်ဖီ.. ရေတောင်းတာမဟုတ်ဘူး.. ငါ့စကား နားမလည်ဘူးလား"

ပြုစုစောင့်ရှောက်သူမှာ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည့် ဖန်ခွက်ကို သိမ်းဆည်းကာ နောက်ဖန်ခွက်တစ်လုံးနှင့် ရေထည့်ပေးပြန်သည်။ ထိုသို့လုပ်ပေးနေသည့်တစ်ချိန်လုံး ထိုသူမှာ တိဘီရန်နှင့် မျက်လုံးချင်းပင် တစ်ချက််မဆုံပေ။

ဘယ်သူနှင့်မှ စကားမပြောရသော တိဘီရန်မှာ ပေါက်ကွဲလေတော့သည်။ အရှေ့တွင် ချပေးထားသော ဖန်ခွက်ကို ထပ်ပေါက်ခွဲကာ ပြုစုစောင့်ရှောက်သူကို သားရဲတစ်ကောင်လို စူးစူးရဲရဲ စိုက်ကြည့်၏။
" ငါ့ကို စကားပြောစမ်း... မင်း ရူးနေလားလို့ ငါ့ကိုစကားပြောစမ်းပါ..."

ထိုသူက ကြောက်အားလန့်အားနှင့် လူခေါ်ခလုတ်ကို နှိပ်လိုက်သည့်အခါ လူတစ်အုပ် အခန်းထဲ ဝင်လာ၏။

ထိုအခါကျမှ တိဘီရန် မျက်လုံးပြူးကာ ကြောက်အားလန့်အား ထအော်သည်။
" ရတယ် ရတယ် ငါ အဆင်ပြေတယ်... ငါ့အနား မလာနဲ့တော့.. ခေါင်းလဲမကိုက်ဘူး... ဆေးထိုးစရာမလိုဘူး... ဆေးထိုးစရာမလိုဘူးလို့"

OUR ( One Useless Rebirth) 2Where stories live. Discover now