Chapter 171 - That was Harsh 4

2.7K 556 14
                                    

Unicode

" ငါက လျှာအရိုးမရှိတိုင်း ပြောတတ်တဲ့ မင်းစကားကို ယုံမယ်ထင်နေလား.. ငါ့မျက်စိနဲ့ မြင်တာကိုပဲ ငါ ယုံတယ်"
တိဘီရန်က သနားစရာဖြစ်အောင် လုပ်ပြနေသည်ကို မြင်တော့ ဖန်တာ့အသံက ပို၍ပင် သြသွားသည်။
" တိဘီရန်... မင်းနဲ့ မင်း မိသားစု ချိုးဟယ်ကို ဘယ်လိုဆက်ဆံတယ်ဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာမလား... ဘာ... တိမိသားစုရဲ့ အကြီးဆုံးသား?? အဲ့ဒါ ဘာလုပ်လို့ရလို့လဲ.. သူ့အတွက် Huangdu ပေါင်းများစွာကို ငါ တည်ထောင်ပေးလို့ရတယ် .. မင်းကိုတော့.. Da Ze ရဲ့ အထောက်အပံ့မပါပဲ Huangdu ဘယ်စခန်းထိသွားနိုင်မလဲ ငါ သိချင်သေးတယ်"

တိဘီရန်က အတော်လေးလန့်သွား၏။
" အဖေရယ်.. အဲ့လိုတော့ မလုပ်လိုက်ပါနဲ့.. Huangdu ကို အဖေ တည်ထောင်ခဲ့တာလေ.. ချိုးဟယ်ကို မေးလို့ရပါတယ်.. အဖေသူနဲ့ တွေ့ပြီးပြီလား... သူက ကျွန်တော့်ကို အရမ်းလေးစားတာပါ.. ကျွန်တော်တို့ ဆက်ဆံရေးဘယ်လောက်ကောင်းလဲ အဖေ မသိပါဘူး"

" မင်းတို့နှစ်ယောက် ဆက်ဆံရေးကောင်းတယ်ဆိုတာက ချိုးဟယ်က အမြဲ မင်းအတွက်ပဲ တွေးပေးနေလို့လေ"
ဖန်တာ့က အသံမြှင့်လိုက်သည်။
" တိဘီရန်.. ချိုးဟယ်ကို အသုံးချပြီး ငါ့ကို တစ်ပတ်ရိုက်ဖို့ မကြိုးစားနဲ့.. အလုပ်မဖြစ်ဘူး.. Da Ze က ကုမ္ပဏီအများကြီးမှာ ရင်းနှီးမြှုပ်နှံလို့ရတယ်.. Huading က မြို့ပရောဂျက်လေးကိုပဲ ရသွားနိုင်တယ်လို့ ထင်နေတယ်မလား.. ငါ Huading ကို Huangdu ရဲ့ ပြိုင်ဘက်ဖြစ်အောင် ချက်ချင်းလုပ်ပေးလို့ရတယ်... Bai Xiu နဲ့ Xingyu ကိုလဲ Huangdu ပြိုင်ဘက်ဖြစ်အောင် လုပ်လိုက်လို့ရတယ်.. တိဘီရန် ငါ့ဆီက အကြံဉာဏ်လေးယူသွားလိုက်ဦး.. ချိုးဟယ်နဲ့ သူ့သူငယ်ချင်းကို ထပ်မနှောင့်ယှက်နဲ့တော့.. ငါတို့ကြားမှာ ရှင်းစရာတွေအများကြီး.. နောက်တစ်ခု ထပ်မတိုးစေနဲ့"

ဖန်တာ့က သူ့သရုပ်ဆောင်ချက်ကို ဘယ်လိုမှ မနေသောအခါ တိဘီရန်မျက်နှာ ဖြူဖျော့သွားသည်။ တခြားဘာဆင်ခြေမှလဲ မ​ပေးနိုင်တော့သောကြောင့် ခြောက်ကပ်ကပ် ဖြေရှင်းသည်။
" အဖေ.. ကျွန်တော်နဲ့ ချိုးဟယ်က တကယ် ဆက်ဆံရေးကောင်းပါတယ်.. ချင်းလီကသာ ချိုးဟယ်ကို မတရားဆက်ဆံတာပါ.. အဲ့ဒါကြောင့် ချင်းလီကို ကျွန်တော် ကွာရှင်းတော့မှာ.. ကျေးဇူးပြုပြီး..."

OUR ( One Useless Rebirth) 2Where stories live. Discover now