Chapter 207 - သူ 3

2.3K 461 11
                                    

Unicode

netizen တို့က လျို့လန်ကော acc ထဲ ဝင်ကာ ဖေဖော်ဝါရီလက ရိုက်ထားသည့် street snapများကို လာကြည့်ရင်း ချီးကျူးကြသည်။ ထို့နောက် တိချိုးဟယ်ပုံနှင့် နောက်ခံတူနေတာကို သတိထားမိကြ၏။ လျို့လန်ကော၏ street snap က ချစ်သူများနေ့တွင် ရိုက်ထားသည်ဖြစ်ရာ shipper တို့က တိချိုးဟယ်နှင့် ဟောပိုင်တို့ ချစ်သူများနေ့ကို အတူကုန်ဆုံးကြသည်ဟု ကောက်ချက်ချလိုက်လေသည်။

ထို့ကြောင့် သူတို့အားလုံး ပျော်ရွှင်နေကြပြီး သူတို့ ဘာမှ ပြန်မပြောနိုင်ခင် လျို့လန်ကောက weibo ပေါ်  post  တစ်ခုတင်သည်။ ဟောပိုင်နှင့် အလုပ်လုပ်ရသည်မှာ အတော်လေး သက်တောင့်သက်သာရှိကြောင်း ဟောပိုင် ဘယ်လိုအလုပ်ကြိုးစားကြောင်း street snap များက ဘယ်လောက်လှကြောင်းနှင့် အမှတ်တမဲ့ တိချိုးဟယ်ဆိုသည့် လူငယ်သရုပ်ဆောင်တစ်ယောက်နှင့် တွေ့ကြောင်း ထိုလူငယ်က ယဥ်ကျေးလိမ္မာကာ နောင်တစ်ချိန်တွင် အောင်မြင်သည့် သရုပ်ဆောင်ဖြစ်ဖို့ အလားအလာအများကြီးရှိကြောင်းပါ ​ချီးကျူးပြောဆိုထားလေသည်။

တိချိုးဟယ်က M နိုင်ငံသို့ တစ်ယောက်ထဲ သွားကာ တစ်ယောက်ထဲ ပြန်လာခြင်းဖြစ်၏။ ထို့ကြောင့် သူတို့နှစ်ယောက် ချစ်သူများနေ့ကို အတူဖြတ်သန်းကြသည်ဆိုသည့် သတင်းမှာ အခြေအမြစ် မရှိတော့ပေ။ ထို့ကြောင့် shipper များ အားလျော့သွားပုံရသည်။ ဆိုတော့ ထို ဓာတ်ပုံက တိချိုးဟယ် ပြင်ဆင်ထားသည့်ပုံဖြစ်ကာ snap မဖြစ်နိုင်တော့။

netizen တို့က အားပြန်တက်စရာ အကြောင်းရင်း ပေါ်လာပြန်သည်။ တကယ်လို့ ဒီပုံသာ တိချိုးဟယ် ပြင်ဆင်ထားသည့် ပုံဆိုပါက တိချိုးဟယ် ဘယ်လောက်သရုပ်ဆောင်ကောင်းသည်ကို မြင်နိုင်ပေသည်။ ထိုဓာတ်ပုံထဲတွင် ခံစားချက်မျိုးစုံပါသည်။ တိချိုးဟယ်မှာ တခြား ရုပ်လေးပဲ ချောသည့် သရုပ်ဆောင်တွေနှင့် လုံးဝမတူသည့် သရုပ်ဆောင်အစစ်ဟု ချီးကျူးကြသည်။

ထို့ကြောင့်ပင် နှစ်ယောက်သား၏ အချစ်ရေးမှ တိချိုးဟယ်၏ သရုပ်ဆောင်စွမ်းရည်သို့ ခေါင်းစဥ်ပြောင်းသွားကာ အရင်က တိချိုးဟယ် သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများအကြောင်းကိုရောက်သွားကြပြီး Cheng' s Army ကို တကယ်မျှော်လင့်နေကြောင်းနှင့် အဆုံးသတ်သွား၏။

OUR ( One Useless Rebirth) 2Where stories live. Discover now