Chapter 206 - သူ 2

2.2K 429 2
                                    

Unicode

အားလပ်ရက်ပြီးတော့ ဟောပိုင်က ကျောင်းကို ပြန်ရသည်။ ရောက်ရောက်ချင်း ထိုင်တောင် မထိုင်ရသေး နျို့ကျွင်းကျယ်က သူ့ပခုံးပုတ်ကာ အတင်းလာပြောသည်။
" ရှောင်ပိုင်.. သတင်းကောင်း... မင်းရော ချိုးဟယ်ရော အရမ်းမိုက်တာပဲကွာ... လိုင်းပေါ်တက်ကြည့်စမ်း..  မင်း သူ့ကိုရိုက်ပေးလိုက်တဲ့ ဓာတ်ပုံက အရမ်းမိုက်တယ် trending ဖြစ်နေပြီကွ.. လူတိုင်းက အရမ်းမိုက်တယ်ပြောနေကြတာ.. တကယ့်ပညာရှင်တွေရော netizen တွေကပါ ကြိုက်ကြတာ.. ပြတိုက်ကတောင် ငါတို့ကျောင်းကို လာဆက်သွယ်တယ်တဲ့.. မင်းရဲ့ ဓာတ်ပုံကို ပြတိုက်မှာ ဂုဏ်ယူစရာအနေနဲ့ ပြထားချင်လို့တဲ့...မင်းကို မကြာခင် ဆက်သွယ်မှာကွ"

ထိုစကားကြောင့် ဟောပိုင် ခေါင်းမူးလာကာ ' ဘာ' ဟု တစ်ခွန်းသာ ပြန်ပြောနိုင်သည်။

" ဘာဆိုတာ ဘာကိုပြောတာလဲကွ"
နျို့ကျွင်းကျယ်က ဒီ့ထက်ပိုသည့် တုံ့ပြန်မှုမျိုးကို မျှော်လင့်ထားခြင်းဖြစ်၏။
" စိတ်မလှုပ်ရှားဘူးလား.. အရမ်းမပျော်ဘူးလား"

ချန်ကျဲကပါ ပြုံး၍ ဝင်ပြောသည်။
" ဖိုင်နယ်ပွဲမပြီးခင် ပြတိုက်က ကျောင်းကို ကမ်းလှမ်းတာ ဒါ ပထမဆုံးပဲတဲ့ကွ.. ရှောင်ပိုင်လေး အရမ်းတော်တာပဲကွာ"

" ဟုတ်ပါတယ် ဟုတ်ပါတယ်.. ရှောင်ပိုင် မင်း တကယ်တော်တယ် သိလား"
ဝမ်ဟူကလဲ ဝမ်းသာအားရနှင့် သူ ကြားခဲ့သည်များကို ဝင်ပြောသည်။
" ပြတိုက်က ဒီလောက်အထိ စိတ်အားထက်သန်နေရတဲ့ အကြောင်းရင်းက တခြား နိုင်ငံတကာပြတိုက်တွေကပါ ရှောင်ပိုင့်ရဲ့ ဓာတ်ပုံကို လိုချင်နေကြလို့တဲ့.. ပြောရမယ်ဆိုရင်တော့ အဲ့ဒီပြတိုက်တွေ အကုန်လုံးက ရှောင်ပိုင် weibo မှာ တင်ထားတဲ့ပုံတွေ အားလုံးကို သဘောကျတယ်တဲ့.. အဲ့ဒါကြောင့်မို့ ငါတို့မြို့က ပြတိုက်က သူတို့အရင်ရအောင် မင်းကို အသည်းအသန် ကမ်းလှမ်းခဲ့တာတဲ့"

ဟောပိုင်က နောက်ဆုံးတော့ သူ့ကိုဖက််ထားသည့် နျို့ကျွင်းကျယ်လက်ထဲမှ ရုန်းထွက်လာခဲ့သည်။
" နေပါဦး.. သူတို့က ငါ့ weibo ကို ဘယ်လိုကြည့်လို့ရသွားတာလဲ"
အရင်ဘဝက သူ့ဓာတ်ပုံကို နိုင်ငံတကာပြတိုက်တွေက လိုချင်ကြတာတော့ ဟုတ်ပါပြီ.. အဲ့ဒါက သူ အောင်မြင်တဲ့ ဓာတ်ပုံဆရာဖြစ်တော့မှလေ.. အခုက ဘယ်လိုဖြစ်ရတာလဲ... သူ weibo မှာ တင်ထားတာကလဲ ရှုခင်းပုံလေး နည်းနည်းပဲကို...

OUR ( One Useless Rebirth) 2Where stories live. Discover now