Chapter 260 - Say Yes 3

1.7K 352 2
                                    

Unicode

" မနေ့က ကောင်းကောင်းမအိပ်ခဲ့ရဘူးကိုး.. အင်း ဒါပေမဲ့ ပြဿနာက အိပ်ရေးမဝတာနဲ့တော့ မဆိုင်လောက်ဘူး"
ကျန်းကွမ်းရှန်က ခပ်ရွဲ့ရွဲ့လေသံနှင့် စလိုက်ကာ လေးနက်တည်ငြိမ်သော အမူအရာနှင့် ဆက်ပြော၏။
" ဒီဆုက မင်းရဲ့ရုပ်ရှင်လောကအတွက် အကြီးမားဆုံး အစပျိုးတဲ့ဆုပဲ.. မင်းဘေးက လူတွေအားလုံး မင်းအတွက် စိတ်လှုပ်ရှားပေး ဆုတောင်းပေးနေကြတာ.. မင်းအတွက် အရမ်းအရေးကြီးလို့ပါ ချိုးဟယ်ရ.. မင်း နားလည်ဖို့မျှော်လင့်ပါတယ်"

" တောင်းပန်ပါတယ် ဦးလေးကျန်း... ဒီနေ့ ကျွန်တော့် စိတ်အခြေအနေသိပ်မကောင်းလို့ပါ.. သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တိချိုးဟယ်က လေးလေးနက်နက် တောင်းပန်ပြီးနောက် မတ်မတ်ပြန်ထိုင်ကာ ပွဲကိုအာရုံစိုက်၏။

ကျန်းကွမ်းရှန်ကလဲ တိချိုးဟယ်ကို ဆုအတွက် စိတ်မလှုပ်ရှားလို့ဆို၍ အပြစ်တင်ခြင်းမဟုတ်ပေ။ စိတ်ထဲက သက်ပြင်းတစ်ချက်ချကာ စင်ပေါ်ကို ပြန်ကြည့်သည်။

အနောက်တိုင်းဝတ်စုံကို လည်စည်းနှင့်အတူ သေသေသပ်သပ် ဝတ်ထားသည့် ဟောပိုင်မှာ ကားနောက်ခုံမှနေ၍ တိုက်ရိုက်ထုတ်လွှင့်မှုကို Ipad မှ ကြည့်နေသည်။
" မြန်မြန်လေးမောင်းပေးပါလားဗျ.. ဇာတ်ဆောင်ဆုက ကြေညာတော့မှာ ကျွန်တော် အဲ့တာလေး မလွတ်ချင်လို့ပါ"

" ခါးပတ်ကို သေချာပတ်ထားပါ သခင်လေး"
ရှုချင်းက အရှိန်နည်းနည်းမြှင့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာက တိချိုးဟယ်နှင့် ကျန်းကွမ်းရှန်တို့ စကားပြောနေသည့်ပုံကို ရိုက်ပြနေ၏။

အကြာကြီး အတူနေလာသူဖြစ်ရာ တိချိုးဟယ် ဘယ်လောက်စိတ်ညစ်နေသည်ကို ချက်ချင်းမြင်လိုက်ရသည်။ မလိုအပ်ပဲ အိမ်မှထွက်ပြေးခဲ့သည့် သူ့ကိုယ်သူ အပြစ်တင်ကာ လက်သီးဆုပ်၍ နှုတ်ခမ်းပါ ကိုက်မိသွား၏။
" နည်းနည်းလောက်ပဲ ဒီထက်မြန်မြန်လေး သွားပေးပါလား.. တစ်စက္ကန့်လောက် မြန်မြန်ရောက်လဲ ကျေနပ်ပါတယ်"

ရှုချင်းက ခေါင်းညိတ်ကာ ကားနောက်မှန်ကို ကြည့်သည်။

" ​ဆုကြေညာပေးမဲ့ လူကြီးမင်းများကို ဖိတ်ခေါ်ပါတယ်ခင်ဗျ"

OUR ( One Useless Rebirth) 2Where stories live. Discover now