Chapter 192 - A New Chapter 3

2.6K 518 4
                                    

Unicode

" ငါးဆယ် ငါးဆယ်ပေါ့"
တိချိုးဟယ်က ဟောပိုင်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း ခွံ့သည်။
" တိဘီရန်အပေါ် ချင်းလီဘယ်လိုသဘောထားလဲပေါ် မူတည်တာ.. တိဘီရန်ကို သံယောစဥ်ရှိနေသေးရင်တော့ ကျင်းချင်းရာအကြောင်းတွေ ဖော်လိမ့်မယ် မဟုတ်ရင်တော့ Huangdu ကို ပစ်မှတ်ထားမှာပေါ့"

" Huangdu ကို  ပစ်မှတ်ထားမှာ"
ဟောပိုင်က တိချိုးဟယ်လက်မောင်းပေါ် မှီထား၏။
" ဘယ်လိုနေရာတွေကို ထားမှာလဲ"

" အကုန်လုံးပေါ့.. ငွေကြေးရော စီမံခန့်ခွဲမှုအပိုင်းရောပေါ့"
တိချိုးဟယ်က ဟောပိုင်ဗိုက်လေးကို ပွတ်နေသည်။
" ချင်းလီက Huangdu မှာ ဒီလောက်အကြာကြီး အလုပ်လုပ်ခဲ့တာပဲကို ဖြစ်နေတဲ့အကြောင်းတွေ အကုန်သိထားပြီးသား။ သူသာ စိတ်ဆုံးဖြတ်လိုက်ရင် Huangdu ကို လုံးဝကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်လိုက်လို့ရတယ်.. တိဘီရန် တော်တော်ခံစားရမှာပဲ"

ဗိုက်တင်းသွားသည့် ဟောပိုင်က တစ်ချက်သမ်းလိုက်၏။
" ကြောင်တွေ ရန်ဖြစ်ကြတဲ့အတိုင်းပဲ.. ဘာလို့ သူများကို ဒုက္ခလိုက်ပေးကြတာလဲ.. သူတို့လဲ ချမ်းသာတာပဲကို အေးဆေးနေကြပါတော့လား.. အရမ်းတွက်ကြတာပဲ"

" အင်းနော် လောကကြီးမှာ အရမ်းလောဘကြီးလို့ တခြားသူရဲ့ ကျွန်တွေဖြစ်သွားတဲ့သူတွေ အများကြီးရှိတယ်"

တိချိုးဟယ်က အိပ်ပျော်သွားသည့် ဟောပိုင်ခေါင်လေးကို ပုတ်ပေးနေတုန်း ရီကျဲက ပုံတစ်ပုံ ထပ်ပို့သည်။ မင်္ဂလာပွဲကို ရဲတွေ ရောက်လာကြ၏။

နောက်တစ်နေ့ ဟောပိုင် အဖျားမရှိတော့တာ သေချာမှ တိချိုးဟယ်က အလုပ်သွားသည်။ ဟောပိုင်ကတော့ weibo ထဲ ဝင်ကာ မနေ့က မင်္ဂလာပွဲအကြောင်း ဆက်ဖတ်သည်။

ထိုအကြောင်းမှာ အင်တာနက်တစ်ခွင် ပျံ့နှံ့နေ၏။ တိမိသားစုအကြောင်း အတင်းသတင်းများကိုကြည့်ကာ ဟောပိုင်စိတ်​ကျေနပ်နေ၏။

တိချိုးဟယ်ခန့်မှန်းထားသည့်အတိုင်း ချင်းလီက လူကိုယ်တိုင် ရောက်မလာ။ လိုက်ကာနောက်တွင် ပုန်း၍ သတို့သားကိုရော သတို့သမီးကိုပါ ထိုးနှက်လေသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now