Chapter 163 - နှစ်ဦးပိုင် ပစ္စည်း 1

3K 606 24
                                    

Unicode

နောက်ကျနေပြီမို့ ဟောပိုင်က ကျောင်းရောက်ရောက်ချင်း အတန်းထဲ ပြေးဝင်လာသည်။

မနေ့ညက ရလာသော အမှတ်နီနီများက သူ့အခန်းဖော်တွေ၏ အာရုံကို တကယ်ပဲ ဆွဲဆောင်ထား၏။ ဝမ်ဟူ့ဆီကို ပုံနှိပ်စာအုပ် လှမ်းပေးတော့ ဟောပိုင်နှင့် သူတို့အကြည့်များ ဆုံသွားကြသည်။ ဟောပိုင်က စာအုပ်လှန်နေရင်းက တိုးတိုးမေးလိုက်သည်။
" ဒီည ဘယ်သွားစရာရှိကြသေးလဲ.. ညစာအတူစားကြမလား.. တိချိုးဟယ်ကျွေးမှာတဲ့"

" ဝိုး ဝိုး ဝိုး... ရည်းစားကို ​အိမ်ခေါ်ပြီးစစ်မလို့လား"
နျို့ကျွင်းကျယ်က မျက်နှာပြောင်ပြကာ ဟောပိုင်ပခုံးကို လှမ်းပုတ်သည်။
" လောင်စစ်.. စိတ်မပူနဲ့သိလား.. ငါတို့အားလုံး မင်းနောက်မှာရှိတယ်.. တကယ်လို့ တိချိုးဟယ် မင်းအပေါ်မှာ မကောင်းဆက်ဆံကြည့်.. သူ့ကို သေအောင်သတ်ပေးမယ်"

ဝမ်ဟူနှင့် ချန်ကျဲတို့ကလဲ ခေါင်းညိတ်သည်။

သူတို့လေးယောက်သား တစ်မိုးအောက်ထဲ အတူနေလာကြသည်မှာ သုံးနှစ်ရှိပြီဖြစ်၏။ လေးယောက်ထဲတွင် အငယ်ဆုံးဖြစ်သူ ဟောပိုင်ကို ဘယ်သူမှ လောင်စစ်ဟု မခေါ်ကြ။ လေးဟူသော အဓိပ္ပါယ်က သေသည်နှင့် အသံထွက်တူသောကြောင့် ကံမကောင်းမည်စိုး၍ ရှောင်ပိုင်ဟုသာ ခေါ်ကြခြင်းဖြစ်၏။

အခု နျို့ကျွင်းကျယ်က သူ့ကို လောင်စစ်ဟုခေါ်တော့ ဟောပိုင် ကြောင်သွားသည်။ ထို့နောက် နျို့ကျွင်းကျယ်တို့ဘက်ကို ပြုံးကြည့်လိုက်၏။ သူ့ကို အခန်းဖော်တွေက အရမ်းချစ်ကြသည်ကို ခံစားလိုက်ရ၏။
" အကိုတို့ကို အရမ်းကျေးဇူးတင်တယ်သိလား.. အကိုတို့ မင်္ဂလာဆောင်ရင် ဟုန်ပေါင်းအထူကြီးတွေ လက်ဖွဲ့မယ်"

" ဟုန်ပေါင်းနဲ့တင်ရမလား... မင်းက ဓာတ်ပုံဆရာလဲ လုပ်ရမယ် သတို့သားအရံလဲ လုပ်ရမှာ"
နျို့ကျွင်းကျယ်က ဟောပိုင်နှင့် တိချိုးဟယ်တို့ အဆင်ပြေကြသည့်အတွက် အရမ်းပျော်နေကာ ဆရာဝင်လာမှပင် အသံတိတ်တော့သည်။

ဟောပိုင်က မှတ်စုစာအုပ်ကို ဖွင့်ကာ သူငယ်ချင်းများကို ကြည့်ကာ ပြုံး၍ တိချိုးဟယ်ဆီ စာပို့သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now