Chapter 210 - Riding on His Coattails? 3

2.3K 457 4
                                    

Unicode

" ဒါပေမဲ့..."

" ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့ကွယ်.."
ရွှီရင်းရုန်က သူ့ကို ထပ်တားလိုက်ပြီး ကြမ်းပြင်ပေါ်မှ စက္ကူဘူးအလွတ်တစ်လုံးကို လက်ညိုးထိုးပြကာ သူ့ကို အထုပ် ကူထုတ်ခိုင်း၏။
" မင်းက ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်လာမဲ့ကလေးပဲ... မင်း ရလာတဲ့ အခွင့်အရေး အောင်မြင်မှုတွေဆိုတာက မင်းရဲ့ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာတဲ့တွေကြီးပဲ..  ငါက ငါ့အလုပ် ငါလုပ်ရုံပဲ.. မင်းကို သင်ပေးတယ် လေ့ကျင့်ပေးတယ်.. အဲ့ဒါကို မင်းကိုအရည်အချင်းလုံးဝမရှိသလိုကြီးပြောတာတော့ ငါလဲ သည်းမခံနိုင်ဘူး"

ဟောပိုင်က ပါးစပ်ဟကာ တစ်ခုခုပြောဖို့ ကြံလိုက်ပေမဲ့ ရွှီရင်းရုန်က လက်ကာပြ၍ ပါးစပ်ပိတ်လိုက်ရ၏။

"အဲ့ဒီ့စာအုပ်ကို ဘူးထဲ ထည့်ထားလိုက်"
ရွှီရင်းရုန်က ခပ်လှမ်းလှမ်းမှ စာအုပ်တစ်အုပ်ကို မေးဆတ်ပြကာ ပြုံးလိုက်သည်။
" ကဲ အခု တခြားအကြောင်း ဆက်ပြောရအောင်... လာ ဆရာ့ကို ကူပေးဦး"

ရွှီရင်းရုန်က စိတ်ဆုံးဖြတ်ပြီးသား ဖြစ်နေတော့လဲ ဟောပိုင် ဘာမှမပြောသာတော့။ သူ့စိတ်ထဲမှ ခံစားချက်တွေအားလုံးက စကားတစ်ခွန်းနှင့်သာ အဆုံးသတ်သွား၏။
" ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"

" ဆရာကလဲ ဝမ်းသာပါတယ်.. မမှောင်ခင် အထုပ်ကူထုတ်ပေးဦး.. "
ရွှီရင်းရုန်က ဟောပိုင်ပခုံးကိုပုတ်၍ နှစ်သိမ့်သည်။
" ငါ မင်းကို ဓာတ်ပုံကူရိုက်ပေးတယ် ဘာညာဆိုပြီး လူတွေ အဓိပ္ပါယ်မရှိ လျှောက်ပြောနေကြတာ.. မင်းက ငါ့အချစ်ဆုံးတပည့်မို့လို့ ဟိုဟိုဒီဒီလူတွေကို လျှောက် ကူညီခိုင်းတယ်ဆိုပြီးတော့.. ရှောင်ပိုင်...  ဒီအတိုင်းလေးပဲ ဆက်ကြိုးစား.. မင်းက တစ်နေ့နေ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မဲ့သူ.. ဆရာသေချာသိတယ်"

ဟောပိုင်က ခေါင်းညိတ်လိုက်သည်။ လည်ချောင်းထဲ တစ်ဆို့နေသဖြင့် ဘာစကားမှတော့ မပြောနိုင်။

နောက်တစ်နေ့တွင် ရွှီရင်းရုန်က Q တက္ကသိုလ်မှ အပြီးအပိုင် နှုတ်ထွက်လိုက်သည်။ ထို့အပြင် တိချိုးဟယ်က ပြတိုက်မှူးဆိုသူနှင့် ဓာတ်ပုံပညာရှင်ဥက္ကဋ္ဌဆိုသူတို့ လက်ဝါးချင်းရိုက်ကာ ဟောပိုင်ကိုသိက္ခာချကြောင်း သက်သေအထောက်အထား တိတိကျကျ ရသွားသည်။ ထို့နောက် တိချိုးဟယ်က ရှေ့နေငှားကာ နှစ်ဖက်လုံးကို တရားစွဲ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now