Chapter 145 - Kicking Ass Good 3

3K 643 33
                                    

Unicode

ချန်ကျဲက သူ့ paper အတွက် ကော်ပီတစ်ခုကူးထားလိုက်ပြီး ကြမ်းပြင်ပေါ်ကျနေသော အဝတ်များကိုကောက်ကာ ဟောပိုင်ကိုကြည့်သည်။
" မင်းလဲ အဆောင်မှူးနဲ့ ဆရာ့သဘောကို တွေ့လိုက်တာပဲ... ငါတို့ တရားရုံးထိတက်မယ်ဆိုရင် အဆောင်မှူးနဲ့ရော ဆရာနဲ့ပါ ငါတို့ပြဿနာတက်လိမ့်မယ်"

ဝမ်ဟူက မတရားခံရသည်ကို ခံစားမိ၏။
" ဒါပေမဲ့ ငါတို့က နစ်နာသူတွေလေ"

" ငါက ဘွဲ့မရလဲ ကိစ္စမရှိဘူး အဆုံးထိ သူတို့နဲ့ အတိုက်အခံလုပ်လို့ရတယ်.. ဒါပေမဲ့ မင်းတို့က.."
နျို့ကျွင်းကျယ်က ဒေါသထွက်လာသည်။
" လောင်အာ့က ငါတို့ကျောင်းမှာ မာစတာထပ်တက်မှာ အဲ့ဒါဆို..."

ဟောပိုင်လဲ စိတ်တော့မကောင်း။ အဆောင်မှူးက သူတို့ကို တရားရုံးထိ မရောက်အောင်တားလိမ့်မည်။ လူငယ်ချင်း စနောက်တာပါဟူ၍ ခိုးသည့်အမှုကို လုံးဝပျောက်အောင် လုပ်လိမ့်မည်။ အခု သူတို့က ကျောင်းဂုဏ်သိက္ခာကျဆင်းမည်ဟူသော ခပ်တုံးတုံးအကြောင်းပြချက်အောက်တွင် ဘာမှမလုပ်ရန် ဖိအားပေးခံနေရ၏။ တကယ်လို့ သူတို့သဘောမတူပါက ကျောင်းနာမည်ကို ဖျက်ဆီးသူများစာရင်းထဲ အလိုလိုရောက်ကာ အမုန်းခံရတော့မည်ဖြစ်၏။

" အရင်ဆုံး အိပ်ရအောင်ဗျာ"
တိချိုးဟယ်ပြောသည့်အတိုင်း ဟောပိုင်က အကြံပြုသည်။ ထို့နောက် အကိုများနှင့်အတူ အခန်းရှင်း၍ အာရုံလွှဲလိုက်သည်။

နောက်တစ်နေ့မနက်စောစောတွင်တော့ ဝမ်ဟူက အဆောင်မှူးထံမှ ဖုန်းလက်ခံရသည်။ အခြေအမေတွေက ပြောင်းလဲသွားပြီဟုဆို၏။

ဓာတ်ပုံထဲက ကျောင်းသားမှာ ရဲစခန်းကို ရှေ့နေနှင့်အတူရောက်လာပြီး ဟွမ်ဝေ့ခိုးသည့်အ​ကြောင်းကို လုံးဝမသိဟု ဘူးခံငြင်းသည်။ ရှေ့နေကလဲ ဟွမ်ဝေ့ကို ကားငှားလိုက်သော်လဲ သူ့ကိုသိပ်မခင်ပဲ မျက်မှန်းတန်းမိရုံလောက်သာ သိသည်ဟု ဖြေ၏။ ဟွမ်ဝေ့က သူ့ကို laptop တစ်လုံးလာပြကာ ရောင်းချင်သည်ဆိုပြီး ကားငှားရန် အကူအညီတောင်း၍သာ အားနေသည့်အတွက် အဖော်လိုက်ပေးခြင်းဖြစ်သည်ဟုဆိုသည်။ နောက်တော့ ပျင်းလာလို့ အတူမလိုက်ပဲ ကားသာငှားပေးလိုက်သည်ဟုပြော၏။

OUR ( One Useless Rebirth) 2Where stories live. Discover now