Chapter 292 - Extra 16

1.5K 244 0
                                    

Unicode

ဟောပိုင်တစ်ယောက် အိပ်ရာပေါ်လှဲကာ မျက်နှာကြတ်ကို ငေးကြည့်နေသည်။ စစ်မြေပြင်တွင် ဒဏ်ရာမရခင်အထိ တိချိုးဟယ်နှင့် ဖုန်းပြောခဲ့သည့် ပုံရိပ်တွေက သူ့ခေါင်းထဲ ပြေးလွှားနေကြသည်။ ထို့နောက်တွင်တော့ ခေါင်းကိုက်လာ၍ ကိုယ်ကို ကျုံ့ထားလိုက်ရသည်။

သူ့အသက်နှစ်ဆယ်ကျော်ထဲက ချစ်ခဲ့ရသည့် တိချိုးဟယ်နှင့် အခုတိချိုးဟယ်က တစ်ယောက်ထဲမဟုတ်။ ဘုရားက သူ့ကို ဘာလို့ဒီလောက် ရက်ရက်စက်စက် စနောက်သည်ကို သူ မတွေးတတ်တော့ပေ။

ထိုတစ်ညလုံး အိပ်မက်ထဲတွင် ချာတိတ်တိလေးကိုသာ တတွတ်တွတ်ခေါ်ရင်း လိုက်ရှာနေမိ၏။

မျက်ရည်များကလဲ သူ့ပါးပေါ် အတားအဆီးမရှိ လိမ့်ဆင်းလာသည်။ ဒီအခြေအနေကြီးကို ဘယ်လိုကျော်ဖြတ်ရမလဲ သူမသိ။ သူ့ချာတိတ်တိလေးကို သူလွမ်းသည်။ သူတို့နှစ်ယောက်၏ အိမ်လေးမှာသာ သူနေချင်၏။ သို့သော် သူ့ချာတိတ်တိလေးကို ဒီတစ်သက် ပြန်တွေ့မတွေ့ သူ သေချာမသိ။

သူ အိပ်ပျော်ခါနီးကျတော့ တံခါးခေါက်သံကို ကြားလိုက်ရသည်။ သို့သော် ပင်ပန်းလွန်း၍ မျက်လုံးမဖွင့်နိုင်။ သူ့နဖူးပေါ်မှ လက်နွေးနွေးတစ်ဖက်၏ အထိအတွေ့ကိုရပြီးနောက် သူ အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့ မနက်ရောက်တော့ တိချိုးဟယ်လက်မောင်းပေါ် သူ နိုးလာလေသည်။ ဖြစ်ပျက်နေသည်တို့ကို တစ်မိနစ်လောက် အချိန်ယူကာ စဥ်းစားလိုက်ရသည်။ ထို့နောက် အိပ်ရာပေါ်မှ ကုန်းထကာ တိချိုးဟယ်ကို လက်ညှိုးထိုး၍ ထအော်နေသည်။
" ခင်ဗျား အတင့်ရဲလိုက်တာ"

ထို့နောက် သူ့အခန်းထဲ ပြောင်တင်းတင်းဝင်အိပ်ရဲသည့် တိချိုးဟယ်ကို ခေါင်းအုံးနှင့် ကောက်ပေါက်လေသည်။

ဟောပိုင်၏ နှိပ်စက်မှုကြောင့် တိချိုးဟယ်လဲ နိုးလာခဲ့သည်။ ဘာတစ်ခုမှပင် ပြန်မဖြေပဲ အေးအေးဆေးဆေးသာ ပြန်မေး၏။
" နိုးပြီလား.. မနက်စာ ဘာစားချင်လဲ.. ပူတင်းပေါင်မုန့်နဲ့ ပဲနို့လား.. ငါးဆန်ပြုတ်လား"

ရင်းနှီးနေတဲ့အသံ.. ရင်းနှီးနေတဲ့ မနက်စာ...

ဟောပိုင်က သူ ဘယ်တိချိုးဟယ်နှင့် ပြောနေသည်ကို မနည်းကြည့်လိုက်ရသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now