Chapter 267- တောင်းပန်ပါတယ် 1

1.9K 353 7
                                    

Unicode

တိချိုးဟယ် အတော်လေး စိတ်ရှုပ်သွားသည်။ သူ ဆံပင်လဲ သေချာညှပ်ထားကာ အနံ့မွှေးအောင်လို့ ရှန်ပူနဲ့ပါ သေချာလျှော်ထားတာကို.. ဘာလို့ ဟောပိုင် သူ့ကို အတင်းငြင်းနေရတာပါလိမ့်....

" ခွေးပေါက်လေးရေ.. ကိုယ် မင်းအတွက် ပူတင်းပေါက်စီယူလာတယ်"

ဟောပိုင်က တိချိုးဟယ်ကို တစ်ချက်စိုက်ကြည့်ကာ တစ်ဖက်လှည့်သွား၏။

တိချိုးဟယ်က အင်္ကျီကော်လာကို သေသပ်အောင်လုပ်၍ ဟောပိုင်နားကပ်လာသည်။
" ကိုယ် ဒီပူတင်းပေါက်စီတွေ ကိုယ်တိုင်လုပ်လာတာလေ..  စမ်းမစားကြည့်ချင်ဘူးလား"

ဟောပိုင်က တိချိုးဟယ်ကို ပြန်လှည့်ကြည့်သည်။ သူ့လက်ထဲမှ ပေါက်စီပူပူလေးများက အနံ့မွှေးမွှေးလေးနှင့် သူ့ကိုဆွဲဆောင်နေ၏။ တိချိုးဟယ်က ဟောပိုင်ကို ပြုံးပြုံးလေးနှင့် ကြည့်နေရာ ဟောပိုင်စိတ်ပျော့သွားသော်လဲ မျက်နှာကိုတော့ တင်းထားလိုက်သည်။

" အင်း ကျေးဇူးပဲ"

တိချိုးဟယ်မျက်လုံးလေး အရောင်လက်သွား၏။ ပေါက်စီထည့်ထားသော ဘူးကို ရှောင်ပိုင်ရှေ့ ချကာ စားပွဲခင်းသည်။
" မနေ့ကပဲ ကိုယ် အိမ်သွားရှင်းလိုက်သေးတယ်သိလား.. ဆေးရုံဆင်းလို့ရပြီလားလို့ ဆရာဝန်ကို မေးကြည့်တော့ မင်းသာ သေသေချာချာအနားယူထားရင် ဒီနေ့ ဆေးရုံဆင်းလို့ရမယ်တဲ့"

ထိုစကားကြောင့် ဟောပိုင် စိတ်ကြည်သွားသည်။ အရင်ထဲက ဆေးရုံဆေးခန်းမသွားချင်ပေ။ ဟောပိုင်က ပေါက်စီတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။.. အရသာ တော်တော်ကောင်းသားပဲ...

ဟောပိုင်ကို တစ်ချိန်လုံး စိုက်ကြည့်နေသော တိချိုးဟယ်မျက်လုံးတို့ အပြုံးရိပ်လေးသန်းသွား၏။ ဟောပိုင်ပါးလေးကို ဆွဲညှစ်ချင်သော်လဲ အခုအခြေအနေတွင် အမှားမလုပ်ရဲသည့်အတွက် စိတ်ထိန်းထားလိုက်ရသည်။

တိချိုးဟယ်က တစ်ရှူးဘူးကို ဘေးချရင်း စကားစပြန်သည်။
" မင်းရဲ့အခန်းဖော်တွေလဲ အရမ်းစိတ်ပူနေကြတာ.. ဆေးရုံကဆင်းရင် သူတို့ကို ထမင်းဖိတ်ကျွေးရင် ကောင်းမလား.. ဟော့ပေါ့ကျွေးချင်လား ပင်လယ်စာပဲကျွေးမလား.. သိုးသားလဲ ကောင်းတာပဲ.. ကိုယ် စားဖိုမှူးလှမ်းခေါ်လိုက်မယ်လေ"

OUR ( One Useless Rebirth) 2Where stories live. Discover now