Chapter 186- ဝတ်ရုံအောက်မှ လှည့်ကွက်များ 3

2.7K 538 17
                                    

Unicode

ဆယ်မိနစ်လောက်ကြာပြီးမှ တိချိုးဟယ် မိတ်ကပ်လိမ်းသည့်အခန်းထဲ ပြန်ရောက်လာသည်။

"ခင်ဗျား အိမ်သာသွားနေတာလား အကြာကြီးပဲ"
ဟောပိုင်က မေးလိုက်သည်။

တိချိုးဟယ်က ဝမ်ပေါ်ရီကို တံခါးနားစောင့်ခိုင်းထားတာ ဟောပိုင်ဆီပြေးလာ၍ ပွေ့ချီလိုက်သည်။ ထို့နောက် ထိုင်ခုံပေါ် ထိုင်ချရင်း နှုတ်ခမ်းလေးကို တရှိုက်မက်မက် နမ်းနေ၏။
" ခွေးပေါက်လေး... မင်းဆီက မိန်းကလေးရေမွှေးနံ့ရနေတယ်ရော"

စောစောက တိချိုးဟယ်ကို ထကန်ဖို့လုပ်နေသည့် ဟောပိုင်က ချက်ချင်းပြန်နမ်းလိုက်သည်။

ဟောပိုင်နမ်းသည့်အတွက် တိချိုးဟယ်ကလဲ ခပ်ကြမ်းကြမ်း နမ်းကာ ပြောလိုက်သည်။
" အိမ်ပြန်ရောက်ရင်တော့ မင်း သေချာရှင်းပြဖို့ လိုနေပြီနော်"

ဟောပိုင်က နောက်တစ်ကြိမ်ထပ်နမ်းသည်။

" အခုမှ ချစ်ဖို့ကောင်းအောင် လာလုပ်မနေနဲ့"
တိချိုးဟယ်က မျက်နှာကြီးတည်ကာ ဟောပိုင်လက်လေးကို တင်းတင်းကြပ်ကြပ် ကိုင်ထား၍ ဟောပိုင်မျက်နှာလေး ရဲတွတ်နေ၏။

သူတို့အိမ်ပြန်ရောက်၍ ကားပေါ်မှ ဆင်းသည်အထိ တိချိုးဟယ်က မျက်နှာကြီးတည်ထားဆဲ။ တိချိုးဟယ် ဒီလောက်အကြာကြီးတိတ်နေသည်ကို တစ်ခါမှ မကြုံဖူးသည့် ဟောပိုင်က စိုးရိမ်သွား၍ ပျာပျာသလဲ ရှင်းပြသည်။
" ခင်ဗျားရနေတဲ့ အနံ့က ရီကျဲရဲ့ ရေမွှေးနံ့ပါ.. သူနဲ့ မန်နေဂျာကို ရိုက်ကွင်းထဲမှာ အဆင်ပြေအောင်လုပ်ပေးလိုက်လို့ ကျေးဇူးတင်တဲ့ အနေနဲ့ ဖက်တာ.. အခု သူတို့နှစ်ယောက် တွဲသွားကြပြီလေ"

တိချိုးဟယ်က ဟောပိုင်မျက်ဝန်းများကို သေချာစိုက်ကြည့်ရင်း ကိုယ်ကိုငုံ့၍ ဖက်လိုက်သည်။

ဟောပိုင်ကလဲ တိချိုးဟယ်လည်ပင်းကို ပြန်ဖက်ထား၏။

တိချိုးဟယ်က ဟောပိုင်ကို ပွေ့ချီ၍ ဆိုဖာပေါ်တင်ကာ အပေါ်အင်္ကျီချွတ်ကာ တိုးတိုးလေးပြောလိုက်သည်။
" ပိုင်.. ကိုယ်တို့ လက်ထပ်ရအောင်လေ"

" ဗျာ"
တိချိုးဟယ် စိုက်ကြည့်နေသည့်အတွက် ဟောပိုင်မျက်နှာလေး ရဲရဲနီနေ၏။

OUR ( One Useless Rebirth) 2Tahanan ng mga kuwento. Tumuklas ngayon