Chapter 184 - ဝတ်ရုံအောက်က လှည့်ကွက်များ 1

3K 547 15
                                    

Unicode

သူတို့နှစ်ယောက် အကြည့်ချင်းဆုံနေကြသည့်အတွက် ပန်းရောင်ပူဖောင်းလေးများ လေထဲတွင် ပြည့်နှက်နေ၏။ ရီကျဲက သူတို့နှစ်ယောက်ကိုကြည့်၍ ပြုံးလိုက်သည်။
" မင်းတို့နှစ်ယောက်ကို အချစ်ဆုံးသူငယ်ချင်းတွေလို့ ပြောကြတာ ဆန်းမှမဆန်းပဲ.. မင်းနဲ့ အလုပ်ထပ်လုပ်ရလို့ အရမ်းပျော်တာပဲ ရှောင်ပိုင်လေး"
ရီကျဲမျက်နှာက ပို၍ပင် ပြုံးနေသည်။

တိချိုးဟယ်ကို စိုက်ကြည့်နေသော ဟောပိုင်က အကြည့်လွှဲသွားပြီး ရီကျဲကို ပြန်ပြုံးပြသည်။
" ကျွန်တော်က ပိုပျော်ရမှာပေါ့ မမရီရဲ့"

တိချိုးဟယ်က မျက်မှောင်ကြုံ့သွားကာ လည်ချောင်းရှင်းလိုက်၏။

ရီကျဲက သူ့ဘက်လှည့်လာကာ စိတ်ပူနေဟန်နှင့် ပြောလိုက်သည်။
" ရှောင်တိလေး ဘာဖြစ်လို့လဲ... ရေသောက်မလား"

ရှောင်တိလေး??? ရှောင်တိလေး???
( သေးသေးလေးလို့ ခေါ်လိုက်သလိုပါပဲ.. ​)

ထိုအခေါ်အဝေါ်ကို စဥ်းစားမိ၍ ဟောပိုင်ရယ်တော့ တိချိုးဟယ် ပို၍ပင် မျက်မှောင်ကြုံ့သွား၏။ ဟောပိုင်က ချက်ချင်း တစ်ရှူးတစ်ရွက်လှမ်းပေးရင်း ဣနြေဆည်ရန် တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် ရီကျဲဘက်လှည့်၏။
" မမရီ..သူ့ကို ချိုးဟယ်လို့ခေါ်လဲ ရပါတယ်ဗျား.. ရှောင်တိလေးဆိုတဲ့ နာမည်က ရယ်ချင်စရာကြီး"

" ဟုတ်လား အမက မင်းတို့နှစ်ယောက်လုံးက ငယ်သေးတော့ တစ်ယောက်ကို ရှောင်ပိုင် တစ်ယောက်ကို ရှောင်တိ...."
ပြောရင်းနှင့်မှ ရီကျဲ နားလည်သွားကာ တိချိုးဟယ်ကို တောင်းပန်လိုက်ရသည်။
" အိုး.. အမ တောင်းပန်ပါတယ်ကွယ်..  ရှောင်ပိုင်ရဲ့ သူငယ်ချင်းဆိုတော့ အမရဲ့ သူငယ်ချင်းပဲပေါ့.. ဘာပဲဖြစ်ဖြစ် ခဏနေရင် ကောင်းကောင်းလုပ်ကြရအောင်"
ရီကျဲက တိချိုးဟယ်ဘက် လက်ကမ်းလိုက်သည်။

ရီကျဲက ဝါရင့်သရုပ်ဆောင်ဖြစ်ကာ A list မင်းသမီးဖြစ်သော်လဲ အတော်သဘောကောင်းလေသည်။

ရီကျဲ၏ အမူအရာကို တွေ့မှ ဟောပိုင်က ရီကျဲကို ဘာလို့ဒီလောက်ခင်မှန်း တိချိုးဟယ် သဘောပေါက်သွား၏။
" ဟုတ် မမရီ.. ကောင်းကောင်းလုပ်ရအောင်"

OUR ( One Useless Rebirth) 2Where stories live. Discover now