Chapter 164 - နှစ်ဦးပိုင် ပစ္စည်း 2

2.9K 587 34
                                    

Unicode

" ကိုယ့်ရည်းစားက သူ့သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတာ ဘယ်အပြုအမူကိုမှ ဂရုမစိုက်နိုင်ဘူး"
အခု တိချိုးဟယ်မှ ချာတိတ်လေးတိသို့ ပြောင်းသွားကာ ဟောပိုင်လက်ကို အတင်းဆုပ်ထား၏။
" မရပါဘူး.. အဲ့လို လုံးဝဖြစ်ခွင့်မပေးနိုင်ဘူး... အိမ်ပြန်လိုက်ခဲ့ပါ.. ကိုယ့်ကို ချိုးဟယ်သေးသေးလေးတွေ မွေးပေးရမယ်လေ"

" ပါးစပ်ပိတ်ထား"
ဟောပိုင်က သိပ်မရင်းနှီးသော ကားဆရာကိုကြည့်ကာ တိချိုးဟယ်ပါးစပ်ကို လှမ်းပိတ်၍ ကားရှေ့ခန်းကို မျက်စပစ်ပြလိုက်သည်။
" ကိုယ့်ကိုကိုယ်လဲ  ထိန်းပါဦး"

" ကိစ္စမရှိပါဘူး.. ဦးလေးဟူ လွှတ်လိုက်တဲ့ ကားဆရာပဲ.. ဘာပြောရမယ် ဘာမပြောရဘူးဆိုတာ သူ ပိုသိမှာ"
တိချိုးဟယ်က ဟောပိုင်ကို ပို၍ပင် ဖက်ထားလိုက်သေးသည်။
" ခွေးပေါက်လေး.. သူငယ်ချင်းထက် ချစ်သူက ပိုအရေးကြီးတာပေါ့.. ဒီည စမ်းကြည့်ကြမလားဟင်"

ဟောပိုင်က စောစောက စကားကြောင့် ပိုတောင်ကြောင်သွားသေးသည်။
" ကားဆရာက ဦးလေးဟူ လွှတ်လိုက်တဲ့သူဆိုတာ ဘာလို့စောစောမပြောတာလဲ တော်ကြာ အရိပ်အကဲဖမ်းမိလို့ ဦးလေးဟူကို သွားပြောလိုက်ရင်.."
ထိုအခါကျမှ တိချိုးဟယ်ပြောသမျှ လိုက်လုပ်ခဲ့သည်ကို နောင်တရမိသွား၏။

" စိတ်ချပါဗျ.. ဦးလေးဟူရော ဥက္ကဋ္ဌကြီးဖန်ရောကသခင်လေးတိနဲ့ သခင်လေးဟောတို့ အဆင်ပြေနေတာကိုပဲ မြင်ချင်တာပါ"
ကားဆရာက ရုတ်တရက် ဝင်ပြောသည်။

ဟောပိုင် ကိုယ်လုံးလေးတောင့်သွားသည်။
" ဘာ.. ဘာကိုဆိုလိုချင်တာလဲ..."

တိချိုးဟယ်က ဟောပိုင်ကြောင်အနေသည်ကို အခွင့်ကောင်းယူကာ ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်။
" သူပြောတာက ကိုယ့်အဖိုးလဲ ကိုယ်တို့အကြောင်းကို သိတယ်လို့.. အခု မင်းကို မေးရမှာက အဖိုးအိမ်မှာ ဘယ်နေ့ညစာ လိုက်စားမှာလဲ"

ထိုစကားကို နားလည်ရန် ဟောပိုင်တစ်မိနစ်ကျော်ကျော်လောက် အချိန်ယူလိုက်ရသည်။ ထို့နောက် တိချိုးဟယ်ပါးကို တဖျပ်ဖျပ် ရိုက်နေသည်။
" ဘယ်အချိန်က အကြီးအကဲဖန်ကို ပြောလိုက်တာလဲ.. သူ သေချာနေပြန်ကောင်းတဲ့အထိ မပြောဘူးလို့ သဘောတူထားကြတယ်လေ"

OUR ( One Useless Rebirth) 2Where stories live. Discover now