Chapter 255 - အဆိုးရွားဆုံး အိပ်မက် 3

1.8K 350 41
                                    

Unicode

ထိုညက ဟောပိုင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ တိချိုးဟယ်က စောစောနိုးကာ ဟောပိုင်၏ သက်တော်စောင့်များကို အရင်နေ့တွေကအကြောင်း မေးမြန်းပြီသည့်အထိ ဟောပိုင် မထနိုင်သေး။။

ဟောပိုင်နိုးသည့်အချိန်တွင် တိချိုးဟယ်က laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ ဟောပိုင်က မျက်မှောင်ကြုံ့ကာ ပြုံးလိုက်ပြီး တိချိုးဟယ်နား လာထိုင်သည်။

" အိပ်ပုတ်လေး.. မနက်စာစားချိန်တောင် ကျော်တော့မယ်"
တိချိုးဟယ်က မျက်နှာတည်တည်နှင့် စိတ်ဆိုးမပြေသလိုဟန်ဆောင်ကာ ပြောနေသည်။

" ဟပ်ချိုး!!"

ထိုအသံကြောင့် သူ့သရုပ်ဆောင်ချက်တွေ အကုန်ပျက်ကုန်၏။ ချက်ချင်း စောင်သွားယူကာ ဟောပိုင်ကို ခြုံပေးလိုက် .. အပူပေးစက်သွားဖွင့်လိုက်နှင့် အလုပ်ရှုပ်သွားသည်။ သို့သော် သတိပေးလိုက်သေးသည်။
" မင်း အဆင်သင့်ဖြစ်ရင် ဆရာဝန်ဆီ သွားရအောင်"

" အဆင်ပြေပါတယ်.. ကျွန်တော်ပြောတာယုံ.. မနေ့ကထက် အများကြီး သက်သာသွား.. ဟပ်ချိုး!!"
ဟောပိုင်က နှာခေါင်းကိုအုပ်ရင်း တိချိုးဟယ်ကိုကြည့်ကာ ခြောက်ကပ်ကပ်ရယ်သည်။
" အင်း.. ကြည့်ရတာ အရမ်းမကောင်းသေးဘူးနဲ့တူတယ်.. ဒါပေမဲ့ ရပါတယ် ကျွန်တော် ခဏနေရင် ဆေးသောက်လိုက်မယ်"

တိချိုးဟယ်က မကျေမနပ်နှင့် ပြောလိုက်သည်။
" မင်း ဒီလောက်ဖျားနေတာကို သိသိကြီးနဲ့ တောင်ပေါ်တက်ပြီး ဓာတ်ပုံသွားရိုက်တယ်.. ပြီးတော့ ညနေမှ ဟိုတယ်ပြန်ရောက်တာဆို"

" ပျောက်သွားပြီထင်လို့ပါ"
ဟောပိုင်က တောင်းပန်စကားပြော၏။

ထိုစကားကြောင့် တိချိုးဟယ် ဘာဆက်ပြောရမှန်းမသိဖြစ်သွားသည်။ ပုံမှန်ဆို တောင်းပန်ရတဲ့သူက သူဖြစ်နေပြီး အခုတော့ ဟောပိုင်ကသာ တောင်းပန်နေရသည်ကိုလဲ သူမလိုလား။

" မဟုတ်ပါဘူး.. မင်းရဲ့အမှားမှ မဟုတ်တာ"
တိချိုးဟယ်က ဟောပိုင်ဆံပင်လေးကို ပွတ်သပ်ရင်းက ထပ်ပြောသည်။
" ပွဲတွေမှာ ကိုယ်သာ ပေါက်ကရလျှောက်မပြောခဲ့ရင် မင်း အိမ်ကထွက်သွားစရာအကြောင်းမှ မရှိတာ.. အဲ့တော့ မင်းဖျားတာ ကိုယ့်အမှားကြောင့်ပါ.. ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့နော်"

OUR ( One Useless Rebirth) 2Where stories live. Discover now