Chapter 219 - Once and for All 2

2.2K 454 11
                                    

Unicode

" ကျွန်တော်တို့ကို လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဟောပိုင်က ပြုံးပြကာ တိချိုးဟယ်ကို သူမနှင့် မိတ်ဆက်ပေးလိုက်သည်။

ယန်ယွမ်က တုန်လှုပ်နေသည့်အတွက် စကားပင် ထစ်နေရှာသေးသည်။

တိချိုးဟယ်က ယန်ယွမ်ကို ယဥ်ယဥ်ကျေးကျေးပင် ဆက်ဆံသည်။ သို့သော် အရမ်းယဥ်ကျေးနေသည့်အတွက် ချဥ်းကပ်ရန် အတော်ခက်ခဲသည်ဟု ထင်ရ၏။

ဆုပေးပွဲတွင် သူနှင့် ယန်ယွမ်တို့ အတော်ရင်းရင်းနှီးနှီး စကားပြောခဲ့သောကြောင့် တိချိုးဟယ် စိတ်တိုနေမှန်း ဟောပိုင်က သေချာသိလေ၏။

ယန်ယွမ်က ရှက်တတ်ကြောက်တတ်သော သာမန်မိန်းကလေးတစ်ယောက်ဖြစ်ကာ မျက်နှာအမူအရာများကို သိပ်နားမလည်။ ထို့အတွက် လာရင်းဖြစ်သည့် တရားခံကို အတည်ပြုပေးရန် အလုပ်ကို စသည်။ ဟောပိုင်နှင့် တိချိုးဟယ်တို့ကို မိတ်ဆက်ပြီးသည်နှင့် ရဲအရာရှိများထံသွားကာ ထိုနေ့က သူမ ကြားလိုက်ရသည့် ဖုန်းခေါ်ဆိုမှုအကြောင်း ပြောပြလေသည်။

ရဲအုပ်လဲ ဒီကိစ္စကို သာမန်စနောက်မှုမျိုးဟု သဘောမထားနိုင်သည့်အတွက် ရဲအရာရှိများခေါ်ကာ ဟိုတယ်အခန်းကို သွားစစ်တော့သည်။

ထို့နောက် ရဲအရာရှိများလဲ တိချွန်းဟွာရှိသည့် ဆေးရုံသို့ သွားစောင့်ရသည်။ တိချွန်းဟွာလဲ အချိန်အကြာကြီး ဟန်မဆောင်နိုင်သောကြောင့် ထရသည်။ ရဲအုပ်က ယန်ယွမ်ကိုခေါ်ကာ ဟိုနေ့က ဟိုတယ်အောက်တွင် တွေ့ခဲ့တာ ထိုမိန်းကလေးလားဟု အတည်ပြုမေးမြန်းသည်။

ယန်ယွမ်က ပန်းချီဆရာမတစ်ယောက်ဖြစ်သောကြောင့် လူမျက်နှာများကို သေချာမှတ်နိုင်သည့် မှတ်ဉာဏ်ရှိ၏။ ထို့ကြောင့် တိချွန်းဟွာကို ချက်ချင်းမှတ်မိ၏။

ရဲအရာရှိများက ဟိုတယ်အခန်းထဲတွင်တပ်ထားသည့် CCTV ကိုပါ သက်သေအဖြစ် စစ်သည်။

တိချိုးဟယ်၏ ပရိသတ်ဟု​ လိမ်ထားသော မိန်းကလေးနှစ်ယောက်မှာ သက်သေအထောက်အထားအခိုင်အလုံရှေ့တွင်တော့ အားလုံးကို ဝန်ခံတော့သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now