Chapter 168 - That was Harsh 1

3K 580 12
                                    

Unicode

" ကျွန်တော် မသိဘူးများ ထင်နေလား"
ဟောပိုင်က တိချိုးဟယ်လည်ပင်းကို ခိုကာ ဖက်ထား၏။

တိချိုးဟယ်က ငုံ့ကြည့်ကာ ဟောပိုင်ကိုယ်လုံးလေးကို ဖြည်းဖြည်းချင်း ပွတ်သပ်ပေးနေသည်။

တိချိုးဟယ်၏ လည်ပင်းများ ပူနေသည်ကို ဟောပိုင် သတိထားမိသည်။

" ခင်ဗျား!!"
ဟောပိုင်က လက်ပြန်ရုတ်ကာ တိချိုးဟယ်ကို စိုက်ကြည့်သည်။
" လည်ပင်းလေးကို ပွတ်ရုံပွတ်တာ.. ခင်ဗျားနော်"

တိချိုးဟယ်က ဟောပိုင်ရင်ဘတ်ကို စိုက်ကြည့်ကာ အနားပိုတိုးလာသည်။
" ခွေးပေါက်လေး.. မင်း အခုပဲ ရေဆော့ပြီး ပြန်လာတာ မဟုတ်ဘူးလား"
ရေစိုနေတဲ့ ရှပ်အင်္ကျီနဲ့ .. ဘယ်ယောကျ်ားလေးက ခံနိုင်ရည်ရှိမှာလဲ...

ရေဆော့တာ?? မဟုတ်ရပါဘူး.. သူ့ဟာသူ ဝရန်တာမှာ ပန်းပင်လေး ရေသွားလောင်းရုံပဲကို .. အဲ့ဒါက ...

ရုတ်တရက် သူ့ရင်ဘတ်ပေါ် ခေါင်းတိုးဝင်လာသည့် တိချိုးဟယ်ကြောင့် ဆံပင်ဖျားလေးများ သူ့အသားကို ထိုးနေသည်ကို ခံစားလိုက်ရသည်။ ဟောပိုင် တစ်ကိုယ်လုံးတောင့်သွားပြီး ငုံ့ကြည့်တော့ သူ့ရင်ဘတ်တွင် ရေစိုနေသည့်အတွက် တိချိုးဟယ်က အင်္ကျီချွတ်ကာ သူ့ခေါင်းနှင့် ပွတ်နေသည်။

ဟောပိုင်က မျက်မှောင်ကြုံ့သည်။
" ခင်ဗျား တော်တော်ပျော်နေတဲ့ပုံပဲ"

တိချိုးဟယ်က laptop ကို ဘေးချ၍ ဟောပိုင်ကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ ထို့နောက် မျက်နှာရော လည်ပင်းတွေပါ နှံ့အောင် အနမ်းများပေးတော့သည်။

ဟောပိုင်ကလဲ ငြိမ်ခံနေကာ တိချိုးဟယ်၏ လည်ပင်းကို ဖက်ကာ ကျောကိုပြန်ပွတ်ရင်း ခဏနေတော့ တိချိုးဟယ် ရှပ်အင်္ကျီကို ကြယ်သီးများဖြုတ်ကာ သူ့လက်ဖဝါးကို ရင်ဘတ်ပေါ် တင်လိုက်သည်။

တိချိုးဟယ်က ဟောပိုင်၏ တုံ့ပြန်မှုကြောင့် အနမ်းများ နည်းနည်းကြမ်းလာသည်။

ဟောပိုင်လက်က ဆက်ပြီး ရွေ့လျားနေကာ တိချိုးဟယ်ခါးပတ်ကို ဖြုတ်ကာ အတွင်းခံကို စမ်းမိချိန် တန့်သွားသည်။ ဒီနေရာကတော့ အန္တရာယ်ရှိတယ်...

OUR ( One Useless Rebirth) 2Where stories live. Discover now