Chapter 218 - Once and For All 1

2.3K 448 10
                                    

Unicode

တိချွန်းဟွာ၏ အပြုအမူကိုကြည့်ရင်း မိန်းကလေးနှစ်ယောက်က ကြောက်နေကြသည်။ ထွက်ပြေးရန် ကြံစည်သော်လဲ မရ။ ထို့ကြောင့် အော်ငိုကာ လမ်းသွားလမ်းလာများကို လှမ်းခေါ်ကြသည်။
" သူတို့ အနိုင်ကျင့်နေတာပါ.. ကူညီကြပါဦးရှင်"

သိပ်မကြာလိုက်။ လူတွေ သူတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ အော်ဟစ်ငိုယိုနေသော မိန်းကလေးများနှင့် သက်တော်စောင့်များက သူတို့အမြင်တွင် နည်းနည်းတော့ ထူးဆန်းသည်။

စောစောက ဟောပိုင်နှင့် တိချိုးဟယ်ကို ကာကွယ်သည့်အတွက် သက်တော်စောင့်တွေကို အာရုံစိုက်နေကြရာ အခု မိန်းကလေးတွေ အော်ငိုနေတော့ ပိုတောင်ဆိုးသွားသေးသည်။ ကောင်းသည့်အခြေအနေတော့မဟုတ်။ ကိုယ့်နိုင်ငံမဟုတ်သည့်နေရာတွင် သက်တော်စောင့်တွေအများကြီးနဲ့ ထိုနိုင်ငံသား မိန်းကလေးနှစ်ယောက်က ငိုနေသေးသည်။ ထို့ကြောင့် လူအုပ်က သူတို့ဘက်ကို အထင်အမြင်လွဲလာကြ၏။

အခြေအနေက သူတို့ဘက်မှာမရှိတော့။

စောစောက မေ့ချင်ယောင်ဆောင်နေသည့် တိချွန်းဟွာသည်လဲ မျက်လုံးမှေးကြည့်ကာ အခုချိန်ထွက်ပြေးရင် လွတ်လောက်မလား တွေးကြည့်နေသည်။

" ကျွန်တော်တို့ သွားကြည့်ကြရင် ​ကောင်းမလား"
ထောင့်တစ်နေရာတွင် ထိုင်ကာ အခြေအနေကို စောင့်ကြည့်နေသည့် ဟောပိုင်က တိချိုးဟယ်ကို ပြောနေသည်။

" ဟင့်အင်း"
တိချိုးဟယ်က ခေါင်းရမ်းကာ အခြေအနေကိုကြည့်၍ မျက်မှောင်ကြုံ့နေသည်။
" တိချွန်းဟွာက အခုထိ မေ့လဲချင်ယောင် ဆောင်နေတုန်းပဲ.. ကိုယ့်ကိုမြင်ရင် ကယောင်ခြောက်ခြားနဲ့  လုပ်မိလုပ်ရာ ထလုပ်လိမ့်မယ်.. အဲ့ဒီတော့ ဒီမှာပဲနေရအောင်.. လုံခြုံဖို့က အရေးကြီးတယ်..  မင်းနဲ့အတူရှိနေတဲ့အချိန် ကိုယ် ဘာ risk မှ မယူနိုင်ဘူး.. စိတ်မပူပါနဲ့ .. ကိုယ်တို့ရဲ့ သက်တော်စောင့်တွေက တော်ပါတယ်.. ဒီလောက်ကတော့ အေးဆေး"

တိချွန်းဟွာ ဘယ်လိုပုံစံမျိုးလဲဆိုသည်ကို သေချာသိနေတော့ ဟောပိုင်က တိချိုးဟယ်စကားကို နားထောင်လိုက်သည်။ ရဲတွေ မြန်မြန်ရောက်လာပါစေသာ ဆုတောင်းနေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now