Chapter 223 - Boom Boom Boom 1

2.1K 392 6
                                    

Unicode

တိချွန်းဟွာ၏ အမှုသတင်းက တရုတ်ပြည်တွင်း သတင်းများတွင် ပြန့်နှံ့နေ၏။ မီဒီယာများက သူမကို အသက်မပြည့်သေးသူဖြစ်၍ နာမည်ထည့်မပြောသော်လဲ လူတိုင်းနီးပါးက သိနေကြသည်။

Huangdu မှာ နောက်တစ်ကြိမ် လူရယ်စရာအဖြစ် ကျဆင်းသွားပြန်ပြီးနောက် တိချွန်းဟွာက အတန်းဖော်များကို နှိပ်စက်အနိုင်ကျင့်သည့် သတင်းများလဲ ပြန်ပေါ်လာခဲ့သည်။

ဟောပိုင်က ပြန်ရောက်ရောက်ချင်း အဆောင်အရင်ဝင်ကာ သူ့သူငယ်ချင်းတွေနှင့် တွေ့ပြီးနောက် သူ့ကို ဂုဏ်ပြုသည့် ပွဲများကို တက်ရသေးသည်။ စိတ်ရှုပ်စရာကောင်းလောက်အောင် ပွဲတွေ တက်ရပြီးမှ အနားရကာ လီရုကို ဆက်သွယ်၍ သူ့အလုပ်အကြောင်း မေးရသည်။

တိချိုးဟယ်ကလဲ အလုပ်တွေရှုပ်နေ၏။ " ထာဝရရှင်သန်ခြင်းလမ်းစဥ်" က ရိုက်ကူးပြီးစီးလုနီးပါးဖြစ်နေပြီ။ ရိုက်ကူးရေးအဖွဲ့သားများက trailer နှင့် teaser များ တည်းဖြတ်ကာ အလုပ်များနေကြသည်။ တကယ်လို့သာ တိချိုးဟယ်က " Wolf Venom" ရိုက်ဖို့အတွက် နိုင်ငံခြားထွက်ရမည်ဆိုပါက "ထာဝရရှင်သန်ခြင်းလမ်းစဥ်" ၏ promotion ပွဲကို လက်လွှတ်ရလိမ့်မည်ဖြစ်သည့်အတွက် ဒါရိုက်တာ လင်းမိုနှင့် ဆွေးနွေးနေရ၏။

သူတို့နှစ်ယောက်လုံးမှာ တိချွန်းဟွာကို အာရုံစိုက်ဖို့ပင် အချိန်မရကြ။

တစ်ပတ်ကြာတော့ ရှင်းရှောင်ဖုန်းက ဆက်သွယ်လာသည်။ အလုပ်နှစ်ခုလုံးကို အချိန်ညှိနှိုင်းခဲ့ပြီးပြီဖြစ်၍ တိချိုးဟယ်နှင့် ဟောပိုင်တို့နှစ်ယောက်လုံး လက်မှတ်လာထိုးရန် လှမ်းခေါ်ခြင်းဖြစ်၏။

ထိုအချိန်တွင် ချင်းလီက နိုင်ငံခြားမှ ပြန်လာကာ တိချိုးဟယ်နှင့် လူကိုယ်တိုင်တွေ့၍ ဆွေးနွေးမည်ဆိုကာမှ တိချိုးဟယ်ရော ဟောပိုင်ပါ တရုတ်တွင် ရှိမနေ။

" သခင်လေးတိက နိုင်ငံခြားထွက်သွားပါတယ်.. သူ့အိမ်ကနေ ချက်ချင်းထွက်သွားပေးပါ"
တိချိုးဟယ်၏ အိမ်ကို စောင့်နေသည့် သက်တော်စောင့်က ခပ်ကြမ်းကြမ်းပြော၏။ ထို့နောက် တခြားအစောင့်တွေကိုပါ လှမ်းခေါ်သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now