Chapter 269- တောင်းပန်ပါတယ် 3

1.8K 375 41
                                    

Unicode

ဟောပိုင်လဲ ခေါင်းပိုငုံ့သွားကာ တိချိုးဟယ် သူ့ကို နူးနူးညံ့ညံ့ ဆက်ဆံလေလေ ပိုငိုချင်လေလေဖြစ်လာသည်။ ခဏကြာသည်အထိ တိချိုးဟယ်ပခုံးကိုမှီရင်း ရှိုက်နေသေးသည်။
" အဲ့ဒါ.. ချာတိတ်တိ.. ခင်ဗျားကြောင့်ပဲ"

" ဟုတ်ပါတယ်.. ကိုယ့်​အမှားပါ.. ကိုယ်တောင်းပန်တယ်နော်"
တိချိုးဟယ်က ဟောပိုင်မျက်ရည်ကျသည်ကို တွေ့လိုက်ရ၍ အတော်လေး ထိတ်လန့်နေသည်။ ရှောင်ပိုင်က အမြဲပျော်ပျော်သာ နေတတ်သူဖြစ်ရာ အခု တိချိုးဟယ်မှာ ဖက်ထားပေးရုံကလွဲပြီး ဘာမှမလုပ်နိုင်တော့။
" အကုန်လုံး အဆင်ပြေသွားမှာပါ ခွေးပေါက်လေးရယ်.. မငိုနဲ့နော်.. ကိုယ် မင်းဘေးမှာရှိတယ်နော်"

ဟောပိုင်မှာ ထိုစကားကြောင့် ငိုသံပိုကျယ်လာသည်။

အတော်လေး ငိုလိုက်ရတော့မှ ပေါ့ပါးသွားပုံရသည်။ ဟောပိုင်မှာ ငိုပြီးမကြာခင် အိပ်ပျော်သွားလေ၏။

" အဲ့လောက်မြန်မြန် မအိပ်နဲ့လေ.. မနက်ကျရင် မျက်လုံးတွေ ရောင်ပြီး ဖွင့်မရဖြစ်နေမယ်"
တိချိုးဟယ်က ညင်ညင်သာသာ ဆိုသော်လဲ မရတော့။ ဟောပိုင်က အိပ်ပျော်သွားပြီဖြစ်၏။

ထို့ကြောင့် တိချိုးဟယ်လဲ ဟောပိုင်ကို မနှိုးတော့ပဲ အိပ်ရာပေါ် သေချာတင်ကာ စောင်ခြုံပေးသည်။ ထို့နောက် ရေနွေးဆွတ်ထားသည့် ပုဝါသေးသေးလေးနှင့် ဟောပိုင်မျက်ရည်များကိုသုတ်သည်။ နောက်တစ်နေ့ကျ မျက်ခွံလေးတွေ ရောင်နေမည်စိုး၍ ရေခဲလေးပါ ကပ်ပေး၏။

ရေခဲ၏ အထိအတွေ့ကြောင့် ဟောပိုင်လဲ တစ်ချက် တုန်သွားကာ ဖြည်းဖြည်းချင်း နိုးလာသည်။ တိချိုးဟယ်ကို အကြာကြီးစိုက်ကြည့်ပြီးနောက် တိချိုးဟယ်လည်ပင်းကို သိုင်း၍ တင်းတင်းကြပ်ကြပ် ဖက်ပြန်သည်။

" ကိုယ့်ကြောင့် နိုးသွားတာလား.. ကိုယ်က မျက်လုံးလေးတွေရောင်မှာစိုးလို့ ကူပေးနေတာပါ"
တိချိုးဟယ်က ဟောပိုင်ဆံပင်လေးကို ဖွဖွလေးသပ်ရင်း ပြန်ဖက်ထားသည်။
" နောက်တစ်ခေါက် ထပ်ငိုဦးမလို့လား.. အဲ့ဒါဆိုလဲ ကိုယ့်ကို အင်္ကျီလဲခွင့်လေးတော့ ပေးလေ.. ကိုယ့်အင်္ကျီတစ်ခုလုံး မျက်ရည်တွေနဲ့ ရွှဲနေတာ"

OUR ( One Useless Rebirth) 2Where stories live. Discover now