Chapter 249- A Good Beating?? 1

1.8K 347 5
                                    

Unicode

တိချိုးဟယ်က ယဥ်ကျေးတည်ငြိမ်သော အပြုံးနှင့် စင်ပေါ်တက်လာသည်။ လျို့လန်ကောကို လက်ဆွဲနှုတ်ဆက်ကာ ယွီဟွေ့ကို ပွေ့ဖက်နှုတ်ဆက်သည်။ ထို့နောက် မိုက်ယူကာ ပရိသတ်အလယ်တွင်ရှိနေသည့် ဟောပိုင်ကိုပြုံး၍ ကြည့်သည်။

ဟောပိုင်က တစ်ခုခုကို သိနေသည့်အလား ခေါင်းရမ်းပြသည်။ ... ခင်ဗျားကို ကျွန်တော် သတိပေးထားတယ်နော်...

" ပထမဆုံး ကျွန်တော့်ကို ဒီဆုရအောင် ရွေးချယ်ပေးတဲ့ ကော်မတီအဖွဲ့ဝင်များကို ကျေးဇူးတင်ပါတယ်ခင်ဗျ"

ပုံမှန်ကဲ့သို့ပင် တည်ငြိမ်သော ကျေးဇူးတင်စကားနှင့် ဖွင့်လိုက်သည်။

တိချိုးဟယ်က ဟောပိုင်ထံမှ အကြည့်လွှဲကာ လုပ်ဖော်ကိုင်ဖက်များကို ဝေ့ကြည့်သည်။ ထို့နောက်တွင်တော့ ရှင်းရှောင်ဖုန်း ရေးပေးထားသည့် ကျေးဇူးတင်လွှာအတိုင်း အထစ်အငေါ့မရှိ ချောမွေ့စွာ ပြောနိုင်ခဲ့သည်။

ဟောပိုင်တစ်ယောက် အခုမှ စိတ်ချသွားရသည်။ မျက်ဝန်းစူးစူးရဲရဲတို့ကိုလဲ ပြန်သိမ်းထားလိုက်၏။
" ချာတိတ်လေးက ဘာလုပ်ရမယ်မှန်းတော့ ကောင်းကောင်းသိသားပဲ"

ဒီညပွဲမှာ ဆုပေးပွဲများတွင် ပထမဆုံးပွဲဖြစ်သည့်အတွက် ဒီပွဲတွင် တစ်ခုခု အမှားလုပ်မိပါက နောက်ပွဲတွေ မသွားနိုင်အောင် အရှက်ရလိမ့်မည်ဖြစ်၏။

တိချိုးဟယ်က ရှည်လျားလှသည့် ကျေးဇူးတင်စကားကို ကျက်ထားသည့်အတိုင်း ပြောပြီးနောက် ရပ်လိုက်သည်။ ထို့နောက် သူ့အကြည့်က ဟောပိုင်ဆီသို့ ပြန်ရောက်သွား၏။

" အရင်တုန်းကတော့ ကိုယ်ရေးကိုယ်တာပြဿနာတွေကြောင့် ကျွန်တော်က ဘဝကြီးကို ဟာသတစ်ခုလို့ပဲ ထင်ခဲ့မိပါတယ်.. ဘယ်နေ့သေရမလဲပဲ စောင့်နေရတဲ့လူတစ်ယောက်ပါ... ကျွန်တော့်ဘဝကို ပြောင်းလဲပေးလိုက်တဲ့ လူတစ်ယောက်နဲ့ မတွေ့ခင်အထိပေါ့"

ဟောပိုင် ပြုံးနေရာမှ တည်သွား၏။ တိချိုးဟယ်ကို စိုက်ကြည့်ကာ နဖူးမှ ချွေးများ စီးကျလာ၏။

... ချာတိတ်စုတ်လေး.. ခင်ဗျား ကျွန်တော့်ကို ကတိပေးထားတယ်လေ.. မဟုတ်တာတွေ လျှောက်မပြောပါဘူးလို့....

OUR ( One Useless Rebirth) 2Where stories live. Discover now