Chapter 211 - Hashtag Di Qiuhe 1

2.4K 477 12
                                    

Unicode

မေလ ပထမရက်နေ့  Cheng's Army ၏ ဇာတ်ကား ပြသပွဲသို့ တိချိုးဟယ်က ဟောပိုင်ကို ခေါ်သွား၏။

တိချိုးဟယ်က ဟောပိုင်ကို ရှေ့ဆုံးတန်းမှာ နေရာပေးထားသည်။ ကင်မရာကိုင်ကာ ထိပ်ဆုံးရောက််နေသော ဟောပိုင်ကို အနောက်တန်းတွင် တိုးဝှေ့နေကြသော သတင်းထောက်များက အားကျစွာ ငေးကြည့်နေကြ၏။ ဟောပိုင်ရှိနေသော နေရာသို့ စင်ပေါ်မှ တိချိုးဟယ်က ခိုးခိုးကြည့်ကာ ပြုံးပြနေသဖြင့် ပရိသတ်များက သူတို့ကို ပြုံးပြသည်ဟု ထင်ကာ သဘောအကျကြီး ကျနေကြ၏။

ဟောပိုင်က တိချိုးဟယ် သူ့ကိုပြုံးပြတိုင်း ဓာတ်ပုံရိုက်ထားကာ အမူအရာနှင့် တိချိုးဟယ်ကို ထပ်မကြည့်တော့ရန် တိတ်တိတ်လေး လက်ကာပြနေသည်။

ထိုအခါမျိုးတွင် တိချိုးဟယ်က ပို၍ ပို၍ ပြုံးလာကာ သူ့ခွေးပေါက်လေးတစ်ယောက် သူစိုက်ကြည့်နေ၍ အနေရခက်သည်ကို သိသည်။ ထို့ကြောင့် အကြည့်လွှဲချင်ယောင်ဆောင်ကာ ရယ်ချင်စိတ်ကို မြိုသိပ်ထားရပြီး ဇာတ်ကားအကြောင်းရှင်းပြနေသည့် ကျန်းကွမ်းရှန်ကို အာရုံစိုက်ဟန်ဆောင်သည်။

" ဘုရား ဘုရား.. ခုနက တိချိုးဟယ် ငါ့ကို စိုက်ကြည့်သွားတယ်.. ငါ့လက်ထဲက သူ့ပုံစံအရုပ်လေးကို တွေ့သွားတာလားမသိဘူးတော့.. ခုနတုန်းက သူ့ပုံလေးကို တွေ့လိုက်လား.. ချစ်စရာလေးနော်"

" ရှူး ရှူး တိုးတိုးနေ... ရှေ့ဆုံးတန်းမှာ နေရဖို့ ပိုက်ဆံတွေ အများကြီးကုန်ထားတာ ဣနြေရရ နေစမ်းပါ"

ထိုစကားများကို အတိုင်းသား ကြားနေရသည့် ဟောပိုင်က စင်ပေါ်တွင် ရှိနေသော တိချိုးဟယ်ကို မျက်မှောင်ကြုံ့ကာ စိုက်ကြည့်၍ သူ့ကိုမမြင်အောင် ကိုယ်ကို ကျုံ့ကျုံ့လေး နေနေ၏။

ဇာတ်ကားအကြောင်း ရှင်းပြမိတ်ဆက်သည်က နာရီဝက်အကြာတွင် ပြီးသွားကာ ဇာတ်ကားသရုပ်ဆောင်များလဲ ကိုယ့်နေရာကိုယ်ယူ၍ ဇာတ်ကားကို ပရိသတ်များနှင့် အတူတူကြည့်ကြသည်။ တိချိုးဟယ်က ဟောပိုင်နားဝင်ထိုင်ကာ မီးပိတ်သည်နှင့် ဟောပိုင်က တိချိုးဟယ်လက်ကို ကိုင်လိုက်သည်။

OUR ( One Useless Rebirth) 2Onde as histórias ganham vida. Descobre agora