Chapter 253- အဆိုးရွားဆုံး အိပ်မက် 1

1.8K 327 2
                                    

Unicode

အိမ်ကထွက်လာသည့် ပထမနေ့က ဟောပိုင် တိချိုးဟယ်ကို အတော်လေးအားနာကာ စိုးရိမ်စိတ်ဖြစ်ခဲ့မိသည်။

ဒုတိယနေ့တွင်တော့ ဟောပိုင်တစ်ယောက် အဖျားလဲသက်သာတာ အတော်လေးနေသာထိုင်သာရှိသွား၏။ ထို့နောက် တိချိုးဟယ်သည်လဲ သူ့ကတိအတိုင်း တကယ် လိမ်လိမ်မာမာနေသည်။ ဆုပေးပွဲများတွင် ဘာမှမပြောရုံမက weibo ပေါ်တွင်လဲ ရှင်းရှောင်ဖုန်းပြောသလို ရှင်းလင်းစာသဘောမျိုး ရေး၍ တင်သည်။

တတိယနေ့တွင် တိချိုးဟယ်က တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဥ်တစ်ခုကို တက်ရသည်။ ဟောပိုင်ကတော့ ဆိုဖာပေါ်ထိုင် အာလူးကြော်လေးဝါးကာ ထိုအစီအစဥ်ကို အရသာခံ၍ ကြည့်နေသည်။

လေးရက်မြောက်နေ့ရောက်တော့ ဒီလိုအားလပ်ချိန်လေးတွေ အများကြီးလိုချင်လာသည်။

White and Whiter : စိတ်မရှိဘူးဆိုရင် Cheng's Army အတွက်ပွဲကို ခင်ဗျားတစ်ယောက်ထဲ သွားလိုက်ပါလား.. ပြန်လာမှ ညစာအတူစားကြတာပေါ့ ..

ချက်ချင်းပင် A Bird Born in Autumn ဆီမှ Video call ခေါ်လာသည်။

ဟောပိုင်ချက်ချင်း ချပစ်လိုက်၏။

White and Whiter : သိပ်မကြာခင် နှင်းကျတော့မှာ .. အဲ့တာ နှင်းထူတဲ့နေရာလေးတွေကို ဓာတ်ပုံသွားရိုက်ချင်လို့ .. အပြင်မှာ ဓာတ်ပုံထွက်မရိုက်ရတာ တော်တော်ကြာနေပြီလေ..

A Bird Born in Autumn : ပွဲပြီးမှ ကိုယ်နဲ့အတူသွားကြမယ်လေ.. မင်း တစ်ယောက်ထဲသွားမှာကို ကိုယ် စိတ်ပူလို့ပါ...

ဟောပိုင်က ဖုန်းကိုကြည့်ရင်း ပြုံးလိုက်သည်။
White and Whiter : ကျွန်တော့်ကို စိတ်မပူပါနဲ့ အဖိုးက ကျွန်တော့်ကိုစောင့်ပေးဖို့ လူနှစ်ယောက်ထည့်ပေးလိုက်တယ်

ထိုစာပို့ပြီး မိနစ်အနည်းငယ်ကြာသည်အထိ တိချိုးဟယ်ဆီမှ စာပြန်မရ။ ထို့နောက်တွင်တော့ ပြန်စာထက် ငြီးငြူသည့် အဓိပ္ပါယ်ရသော စာကိုပြန်ရသည်။

A Bird Born in Autumn : ကိုယ့်ထက် အဲ့လူတွေကို ပိုခေါ်ချင််တယ်ပေါ့လေ..

ဟောပိုင်တစ်ယောက် ပို၍ ပြုံးသွားသည်။

White and Whiter : ဒါပေါ့ ဒါပေါ့.. အဖိုးငှားပေးတဲ့သူတွေက ရန်ဖြစ်ရင် ပြန်ချတတ်တယ်.. ခင်ဗျားက ချတတ်လို့လား..

OUR ( One Useless Rebirth) 2Where stories live. Discover now