Chapter 187- ဘယ်သူက အိမ်ထောင်ဦးစီးလဲ 1

2.7K 511 1
                                    

Unicode

တိချိုးဟယ် မျက်ဝန်းထဲတွင် လူသတ်ချင်သည့် အရိပ်အယောင်များ ပြည့်လျှံနေ၏။

တိဘီရန်ကတော့ သူ အမြင်မှားတာဟုသာ ထင်နေသည်။ သူ့သားကြီးလို အရမ်းလိမ္မာတဲ့ကလေးက သူ့ကိုမုန်းနေတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဟု ခံယူထားလေသည်။

ထို့ကြောင့် မျက်လုံးများကို ပွတ်သပ်ပြီး သေချာကြည့်သည်။ တိဘီရန်က ပုံမှန်လိုဟန်ဆောင်ကာ တိချိုးဟယ်ကို ပြုံးပြလိုက်သည်။
" နေကောင်းရဲ့လား ငါ့သားလေး"

တိချိုးဟယ်က လုပ်ယူထားသည့် အပြုံးတစ်ခုနှင့် တိဘီရန်ကို အိမ်ထဲပေးဝင်လိုက်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တော့ တိဘီရန်နှင့် သူ ထိပ်တိုက်တွေ့ရမည်ဖြစ်လေသည်။ အခု သူ့အိမ်ရှေ့အထိ ရောက်လာသည့် တိဘီရန်ကိုတွေ့တော့ ပြဿနာကို ဒီမှာတင် အပြီးရှင်းသင့်သည်ဟု ယူဆလိုက်သည်။

ဧည့်ခန်းထဲရောက်တော့ သူတို့နှစ်ယောက်သားထိုင်ကြသည်။ တိချိုးဟယ်က ရေတစ်ခွက်ငှဲ့ပေးသည်။ လက်ဖက်ရည်လေး ဘာလေးတောင် ဟန်ဆောင်၍ မချပေးနိုင်ရှာ။ တိဘီရန် ရောက်လာသည့် ရည်ရွယ်ချက်ကို သူသိနေကာ အမှန်အတိုင်းပြောလိုက်ရင် ဘယ်လိုဖြစ်လာမလဲဟူသည့် ရလဒ်ကို သူ ချိန်ဆနေ၏။

တိချိုးဟယ်က သူ့ကို ဂရုမစိုက်ပဲ နေနေသည်ကို တွေ့သည့်အခါ တိဘီရန်က ဖန်တာ့ကို စိတ်ထဲမှ ဆဲလိုက်သည်။ သားအဖနှစ်ယောက်ကြား သွေးခွဲသည်ဟုပင် စိတ်ထဲမှ စွပ်စွဲလိုက်သေး၏။ ထို့နောက် သူ့အပြုံးတုကလဲ ပို၍ပင် ကြီးလာသည်။
" အိပ်နေတာလား.. အဖေ့ကြောင့် နိုးသွားရင် ဆောရီးပါကွာ.. ဇာတ်ကားအသစ်ရိုက်မယ်လို့ အဖေကြားတယ်.. ဝမ်းသာစရာပဲ.. နွေဦးပွဲတော်ကို ဘယ်လိုဖြတ်သန်းဖို့ အစီအစဥ်ရှိလဲ"

" တကယ်သိချင်နေတာက ဘာလဲ"
တိချိုးဟယ်က တိဘီရန်ကို စကားဖြတ်ပြောလိုက်သည်။
" ဝေ့လည်ကြောင်ပတ်လုပ်မနေပဲနဲ့ တည့်တည့်ပြောပါ.. ကျွန်တော် မအားဘူး.. ခဏနေရင် အဖိုးနဲ့ ညစာအတူသွားစားရဦးမယ်"

တိဘီရန် နင်သွားသည်။ ဟန်ဆောင်ပြီးတောင် မပြုံးနိုင်တော့ပဲ သက်ပြင်းချကာ တိချိုးဟယ်ကို စိုးရိမ်နေဟန်ကြည့်၏။
" ချိုးဟယ်.. မင်း ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားတာလဲ.. မင်းအဖိုးကြောင့်လား"

OUR ( One Useless Rebirth) 2Where stories live. Discover now