Chapter 241 - Slap 2

1.8K 355 0
                                    

Unicode

ဖန်တာ့​​၏ အသေးစိတ်ပြောစကားများကိုကြားလိုက်ရတော့ တိဘီရန်တစ်ယောက် နှလုံးတွေဘာတွေခုန်ကာ စောစောက နာတာတွေတောင် မေ့ပြီး ချွေးစေးများပြန်လာသည်။ ဖန်တာ့နှင့် မျက်နှာချင်းပင် မဆိုင်ရဲ။

... ဖန်တာ့က ဒီလောက်အသေးစိတ်ကို သိထားတာ.. ငါ ချိုးဟယ်ကို လုပ်တာတွေရော သိလောက်မလား...

" မင်းရဲ့အဖေက လျန်ရှိုးကို မေးသေးတယ်  ဒီအိမ်ထောင်ကို ဆက်ပြီး လက်ခံပေးပါလားလို့.. လျန်ရှိုးက ချိုးဟယ် မျက်နှာငယ်ရမှာစိုးလို့ လက်ခံခဲ့တာ.. မင်းမို့လို့ အခွင့်အရေးတွေ အကုန်ဖျက်ဆီးပြီး ဖောက်ပြန်ခဲ့တာ"
ဖန်တာ့ကတော့ တိဘီရန်ကို တည့်တည့်ကြည့်ရင်း ဆက်ပြောသည်။
" ချင်းလီရဲ့ မိသားစု စီးပွားပျက်ပြီး ပိုက်ဆံလိုတဲ့အချိန်နဲ့ကြုံတော့ မင်းနဲ့ ချင်းလီတို့ပေါင်းပြီးတော့ လျန်ရှိုးရဲ့ ပိုက်ဆံတွေကို ခိုးဖို့ကြံတယ်.. လျန်ရှိုးကို သတ်ပြီးတော့ပေါ့"

" မဟုတ်.. မဟုတ်ဘူး.. တော်ပါတော့.. အဲ့ဒါတွေက အမှန်မဟုတ်ဘူး"
တိဘီရန်က အကြောက်အကန်ငြင်းဆိုကာ နားရွက်ပိတ်၍ အော်နေသည်။

ဟူကျောက်က တိဘီရန်ကို အတင်းဆွဲချုပ်ကာ ဖန်တာ့ပြောသမျှ နားထောင်စေသည်။

" လျန်ရှိုးရှေ့မှာ ဇာတ်လမ်းဆင်တယ်.. ငိုယိုပြီးတော့ ပြောင်းလဲသွားပြီဆိုပြီး ကျိန်တယ်... နှစ်ယောက်သား ပြန်ပြေလည်အောင်ဆိုပြီး ခရီးထွက်ဖို့ပြောတယ်.. လျန်ရှိုးကလဲ အဲ့ခွေးစကားတွေ ယုံတာပဲ"
ဖန်တာ့က တိဘီရန်ရှိရာသို့ လျှောက်ကာ မျက်လုံးထဲ တည့်တည့်ကြည့်သည်။
" မင်းတို့ Y နိုင်ငံနဲ့ M နိုင်ငံကို အရင်သွားတယ် .. မင်းက အရမ်း ကောင်းပြနေတော့ လျန်ရှိုးလဲ ယုံတာပဲ.. သူ မထင်ထားတဲ့အချိန်မှာ ပစ္စည်းတွေ လွှဲပြောင်းတဲ့ စာချုပ်မှာ လက်မှတ်ထိုးခိုင်း.. ပြီးတာနဲ့ မင်းနဲ့ ချင်းလီနဲ့ ပေါင်းပြီးတော့ Gနိုင်ငံမှာ လျန်ရှိုးကို ဆေးခပ်ပြီး လုပ်ကြံခဲ့တာလေ"

တိဘီရန်က ခေါင်းတဆတ်ဆတ်ခါရင်း အော်ဟစ်ချင်သော်လဲ ဟူကျောက်က ပါးစပ်ထဲ အဝတ်ဆို့ထားသဖြင့် အသံမထွက်နိုင်။

OUR ( One Useless Rebirth) 2Where stories live. Discover now