Chapter 176- ဆန်ကုန်မြေလေး 1

3K 582 12
                                    

Unicode

ချင်းမိသားစုမှာ တိအိမ်ရော လျို့အိမ်နှင့်ပါ ပြဿနာတက်နေရာ အခု ယန်ဟွေ့နှင့် ချင်းရုန် ကွာရှင်းကြတော့မည်တဲ့။ ယန်အိမ်ဆိုသည်က ချင်းအိမ်နှင့် အကြာကြီး ဆက်ဆံရေးကောင်းလာခဲ့ပေရာ အခုလို ပြဿနာတက်နေကြသည်ဆိုတော့ ရန်သူတွေလိုဖြစ်ကာ ချင်းအိမ်၏ စီးပွားရေးက တဖြည်းဖြည်းပြိုလဲသလိုဖြစ်လာခဲ့၏။

ဟောပိုင်က တိချိုးဟယ် အခုတလော အလုပ်အရမ်းများနေသည့် အကြောင်းကို တွေးကာ လှည့်မေးလေသည်။
" ခင်ဗျားအဖိုးလုပ်တာလား.. ယန်ဟွေ့နဲ့ ချင်းရုန်တို့ ကွာရှင်းတဲ့ ကိစ္စကိုလေ"

တိချိုးဟယ်ပြောသည့်အတိုင်း ယန်ဟွေ့နှင့် ချင်းရုန်တို့ လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ အရမ်းချစ်ကြသည်ဟု​ဆို၏။ လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်သော မိန်းမတစ်ယောက်က အခုလိုကွာရှင်းသည်အထိ ခါးခါးသီးသီးဖြစ်တာကတော့ အဖြေတစ်ခုပဲရှိ၏။ ​လက်သင့်မခံနိုင်သော ပြဿနာတစ်ခုကို သိရှိသွားခြင်း။

" မဟုတ်ဘူး"
တိချိုးဟယ်က ခေါင်းရမ်း၍ အနားတိုးလာကာ ဟောပိုင်ပါးကို ဖြတ်ခနဲ နမ်းလိုက်သည်။
" ကိုယ်နဲ့ အဖိုးအလုပ်ရှုပ်နေတယ်ဆိုတာက Da Ze နဲ့ Huading တို့အလုပ်တွေကြောင့်ပါ... အခုချိန်က လုပ်ငန်းလောကမှာ ကိစ္စကြီးတွေ လုပ်နိုင်အောင် Huading ကို အနုပညာလောကထဲ ကူးဖို့အကောင်းဆုံးအချိန်ရောက်ပြီလေ.. ရင်းနှီးမြှုပ်နှံမှုလဲ ကောင်းကောင်းရှိနေပြီဆိုတော့..."

Huading ကို အနုပညာလောကထဲ ကူး​တယ်???

ထိုအခါကျမှ ဟောပိုင်သတိထားမိသည်။ Huading ဆိုသည်က အရင်ဘဝက Huangdu နှင့် ယှဥ်ပြိုင်ရန် တိချိုးဟယ် တည်ထောင်ထားသည့် အနုပညာဖျော်ဖြေရေးနှင့် ပတ်သက်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်၏။ အခုဘဝတွင်တော့ Huading က အခုချိန်ထိ ဆောက်လုပ်ရေးကုမ္ပဏီအနေနှင့်သာ ရှိနေခဲ့ပြီး Huangdu နှင့် အနုပညာရေးအရ ပြိုင်ချင်ရင်တော့ ဖျော်ဖြေရေးလောကထဲ ကူးပြောင်းလာဖို့ လိုပေသည်။ သို့သော် စီးပွားရေးတစ်ခုကို တခြားစီးပွားရေးနှင့် လုံးဝကူးပြောင်းသည်ဆိုသည်က လွယ်သည့်အလုပ်တော့မဟုတ်။ ထို့အပြင် မင်းသားတစ်ယောက်ဖြစ်သည့် တိချိုးဟယ်မှာ သူ့ဟာသူတောင် အလုပ်များနေတာ ဒီလိုလုပ်ငန်းကြီးကို ဘယ်လိုအချိန်တွေ ဖဲ့ပေးနေရပါလိမ့်...

OUR ( One Useless Rebirth) 2Where stories live. Discover now