Chapter 195- မွ ~ 3

2.6K 512 15
                                    

Unicode

ဇာတ်ကား၏ ဇာတ်ဆောင်မင်းသားဖြစ်သည့်အပြင် ကိုယ်တိုင်က သူဌေးဖြစ်သည့်အတွက် တိချိုးဟယ်၏ နေပုံထိုင်ပုံက တစ်သီးတစ်သန့်ဆန်သည်။ ထို့အပြင် တခြားသရုပ်ဆောင်တွေနဲ့ ကောလဟလမထွက်ချင်တာလဲ ပါမည်။

" ဘာလဲ ရိုက်ကူးရေးအဖွဲ့ထဲမှာ တုံ့နီလို နောက်တစ်ယောက်ရှိမှာစိုးလို့လား"
ဟောပိုင်က ပြောရင်း ရယ်နေသည်။

တိချိုးဟယ်က ​အခန်းထဲ ရောက်သည်နှင့် ဟောပိုင်ကို ဆွဲကာ နှုတ်ခမ်းလေးကို အကြာကြီးနမ်းနေ၏။
" ဘယ်သူ့အတွက် ကိုယ် လုပ်နေတာမို့လို့လဲ"

ဟောပိုင်ကလဲ ပြန်နမ်းသည်။

အကြာကြီးခွဲနေရသည့်အတွက် သူတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားလာခဲ့သည်။ သူတို့နှစ်ယောက် လုပ်ငန်းစဖို့ ကြံနေစဥ် တိချိုးဟယ်က ရုတ်တရက် တားလိုက်သည်။
" မရဘူး.. မင်း ဒီကိုလာနေမယ်လို့ မထင်လို့ ကိုယ် ဘာမှမပြင်ထားဘူး.. မင်းကို နာသွားမှာစိုးလို့"

ဟောပိုင်က တိချိုးဟယ် နားနားကပ်ကာ နားရွက်ဖျားလေးကို ကိုက်သည်။
" ကျွန်တော့်အိတ်ထဲမှာ အကုန်ပါတယ်.. အခု ဆက်လုပ်လို့ရပြီ"

ထိုစကားက တိချိုးဟယ်အတွက် အကောင်းဆုံးအားဆေးတစ်ခွက်ဖြစ်သွား၏။ တိချိုးဟယ်က ဟောပိုင်ကို ခပ်ကြမ်းကြမ်းနမ်းကာ ဟောပိုင်၏ အိတ်ကို ပြေးယူသည်။

တစ်ယောက်ကို တစ်ယောက် လွမ်းနေကြသောကြောင့် ညနက်မှသာ ရပ်တော့သည်။ ဟောပိုင်က လက်ချောင်းလေးပင် မမြှောက်နိုင်လောက်အောင် ပင်ပန်းနေ၍ ပြောချင်သည့်စကားကိုတောင် တစ်ခွန်းမှ မဟနိုင်။ မအိပ်ပျော်စေရန် မျက်လုံးကို အတင်းပြူးထား၏။

တိချိုးဟယ်က ထထိုင်ကာ ဟောပိုင်၏ နောက်ကျောလေးကို နမ်းကာ ချော့သိပ်သည်။
" အခု အိပ်လိုက်ဦးလေ..  မနက်ကျမှ ကိုယ် နှိုးပေးမယ်နော်"

တိချိုးဟယ်အသံက အချိုသာဆုံးအိပ်ရာဝင်တေးဖြစ်၍ ထိုအသံလေးကြားကြားချင်း ဟောပိုင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေ၏။

သူ့ခွေးပေါက်လေး အိပ်ပျော်သွားတာ သေချာမှ တိချိုးဟယ်က ရေချိုးခန်းထဲ ဝင်ကာ ရေနွေးဇလုံ ယူချလာပြီး ဟောပိုင်ကို ရေပတ်တိုက်၍ အင်္ကျီလဲပေးသည်။ ထို့နောက် သူလဲ ရေသွားချိုးကာ ပြန်ရောက်လာပြီး ဟောပိုင်ကို ဖက်၍ အိပ်သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now