Unicode
တိချိုးဟယ်က သူ့ခွေးပေါက်လေး၏ စစ်တမ်းမေးခွန်းများကိုဖြေရင်း အချစ်ခံရသည်ဆိုတာ ဘယ်လိုလဲ ကောင်းကောင်းသဘောပေါက်လာသည်။ စာတွေအများကြီးပို့ကာ ဖုန်းတွေခဏခဏဆက်၍ .. ပျော်စရာ စိတ်လှုပ်ရှားစရာကြီးပင်။ အိပ်မက်လို့ပင် ထင်မိသည်အထိ။
ကော်ဇောဘာအရောင်ထားရင်ကောင်းမလဲဟု ဆွေးနွေးသော ဖုန်းကို ဖြေပြီးနောက် တိချိုးဟယ်က ဝမ်ပေါ်ရီ၏ ပခုံးကို ညှစ်ကာ မေးလိုက်သည်။
" လက်ထောက်ဝမ်.. ငါ့ခွေးပေါက်လေးက ငါ့ကို အရမ်းလွမ်းနေတဲ့ပုံပဲ.. ပရိဘောဂ ကြော်ညာလေးတစ်ခုရိုက်ရုံပဲကို .. မေးခွန်းတွေ ဒီလောက်အများကြီးမေးတာ .. တကယ် လွမ်းလွန်းလို့ အကြောင်းရှာတာပဲ ဖြစ်ရမယ်"ဝမ်ပေါ်ရီက လက်သီးဆုပ်ကာ အသက်ပြင်းပြင်းရှူ၍ စိတ်ထိန်းလိုက်ရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။
" ကျွန်တော့်အမြင်အရဆိုလဲ သခင်လေးဟောက မေးခွန်းသေးသေးလေးတွေ အများကြီးမေးတာ သေချာပေါက် လွမ်းလို့ ဖြစ်မှာပါ..."တိချိုးဟယ်က ဝမ်ပေါ်ရီပခုံးကို ပြန်လွှတ်ပေးလိုက်ရင်း ပြုံးသည်။
ဝမ်ပေါ်ရီက သတိပေးလိုက်၏။
" သခင်လေးတိ.. ကျွန်တော်တို့ J နိုင်ငံကို သဘက်ခါ သွားရတော့မှာ ဒါရိုက်တာကျန်းက အစည်းအဝေးလုပ်ဖို့ စောင့်နေပါတယ်"တိချိုးဟယ်၏ မျက်နှာပေါ်မှ အပြုံးလေး ပျောက်သွား၏။ ထို့နောက် ဖုန်းထဲမှ ပြက္ခဒိန်ကို တစ်ချက်ကြည့်ရင်း ပခုံးများပါကျုံ့သွားသည်။
သူ ပိုင့်ကို တော်တော်လေး လွမ်းနေပြီကို... သူ အရမ်းပြန်ချင်နေ၏။ နောက်ထပ် လဝက်တောင်.. လဝက်တောင် ထပ်စောင့်ရဦးမှာ.. တိချိုးဟယ်က ဖုန်းကို တစ်နေရာထားကာ ဇာတ်ညွှန်းယူ၍ ဒါရိုက်တာကျန်းဆီ ထွက်သွားလေ၏။
မိုးလေဝသခန့်မှန်းချက်အမှားများ အများကြီးထုတ်ပြီးနောက်တွင်တော့ B မြို့တွင် ပထမဆုံးနှင်းကျသည့်နေ့သို့ ရောက်လာခဲ့သည်။
ဟောပိုင်က အိပ်ခန်းတံခါးကို ပိတ်ကာ သူ့သူငယ်ချင်းများကို နှုတ်ဆက်၍ ဝင်ထိုင်သည်။ ထို့နောက် လည်ပင်းတွင် ပတ်ထားသည့် မာဖလာကို ချွတ်၍ မေးလိုက်သည်။
" J ကို ရောက်နေပြီလား.. အဲ့မှာ ရာသီဥတု ဘယ်လိုလဲ"