Chapter 180 - ဘယ်သူလက်ထပ်တော့မှာ??? 1

2.8K 542 11
                                    

Unicode

ဟောပိုင်တစ်ယောက် ကျောင်းအဆောင်ထဲ ပြန်ပြောင်းသွားပြီးနောက် နှစ်သစ်ကူးအားလပ်ရက် ရသည်။ ဖန်အိမ်ကို ယန်ဟွေ့လာမည့်အကြောင်း သိချင်လွန်း၍ ဟောပိုင်က အားလပ်ရက်ရရချင်း ပြန်လာသည်။ တိချိုးဟယ်က သူ့အိမ်တွင် ရှိမနေ၍ ဖန်အိမ်ကိုပဲ လိုက်သွားတော့သည်။

" ရှောင်ပိုင်လေး ရောက်လာတာပဲ ကောင်းလိုက်တာ"
ဟူကျောက်က ဟောပိုင်ကို နှုတ်ဆက်ကာ တံခါးဖွင့်ပေးသည်။ ဟောပိုင်အင်္ကျီပေါ်တွင် နှင်းမှုန်လေးများတင်နေသည်ကိုတွေ့တော့ တဘက်တစ်ခုပြေးယူလာသည်။
" ဒီနေ့တော့ နှင်းက တစ်နေကုန်ကျနေမယ်ထင်တယ်"

သူ့အတွက် တဘက်ယူလာပေးသည့် ဟူကျောက်ကို ဟောပိုင်က ကျေးဇူးတင်စကားဆိုရင်း ကုတ်အင်္ကျီပေါ်မှ နှင်းမှုန်များကို တဘက်နှင့် သုတ်ရင်းက ပြန်ဖြေသည်။
" နှင်းက မနက်ဖြန်အထိ ဆက်တိုက်ကျနေမှာတဲ့ ဦးလေးဟူရဲ့.. ဒါနဲ့ ချိုးဟယ်ကို တွေ့မိသေးလားဟင်.. ကျွန်တော်ခုနက သူ့ကိုဖုန်းခေါ်တာ ခေါ်မရလို့"

ဟူကျောက်က တံခါးပိတ်ကာ ဟောပိုင်၏ ကုတ်အင်္ကျီကို လှမ်းယူရင်း ဖိနပ်တစ်ရံချပေးသည်။
" သူ့ကိုခေါ်မရဘူးလား.. သခင်လေးက မနက်အစောကြီး အိမ်ကထွက်သွားတာပဲ .. ဇာတ်ကားအသစ်ရဲ့ ဒါရိုက်တာနဲ့ ဆွေးနွေးစရာရှိတယ်ဆိုလားပဲ ညနေအထိ ပြန်ရောက်မှာမဟုတ်ဘူး"

ဇာတ်ကားအသစ်ရဲ့ ဒါရိုက်တာ?? ဒါရိုက်တာ လင်းမိုကို ပြောတာများလား

ဟူကျောက်စကားကြောင့် ဟောပိုင်က ခေါင်းညိတ်ကာ အချိန်ကြည့်သည်။ ညနေငါးနာရီကျော်ပြီဖြစ်၍ တိချိုးဟယ်ပြန်လာဖို့ သိပ်မလိုတော့။

ထို့ကြောင့် ဟောပိုင်က အခန်းထဲလျှောက်လာကာ ဓာတ်ပုံများထိုင်ကြည့်နေသော ဖန်တာ့နှင့်အတူ စကားသွားပြောသည်။

ဖန်တာ့က ဟောပိုင်နှင့် တွေ့ပါများ၍ ချစ်လာသည်ဖြစ်ရာ ယဥ်ကျေးလိမ္မာသော ဟောပိုင်ကို တိချိုးဟယ်ကိုဆက်ဆံသလိုသာ ဆက်ဆံ၏။

ဟိုးအရင်က ဓာတ်ပုံများကိုကြည့်ကာ ဖန်တာ့က သူ့အကြောင်းတွေ ပြောပြ၍ ဟောပိုင်က နားထောင်သည်။ ခဏကြာတော့ ဟောပိုင်ကို မေးလိုက်သည်။
" ဒီပုံထဲက တောင်ကုန်းကို မင်း သိနေတဲ့ပုံပဲ.. ရောက်ဖူးလို့လား"

OUR ( One Useless Rebirth) 2Where stories live. Discover now