Chapter 248 - အမျိုးသားဇာတ်ဆောင်ဆု 3

1.8K 352 12
                                    

Unicode

" ထာဝရရှင်သန်ခြင်း လမ်းစဥ်" ကို ဖန်တီးသူများနှင့်အတူ တိချိုးဟယ်ရော ဟောပိုင်ပါ ကော်ဇောနီထက် တက်ခဲ့ကြသည်။ နှစ်ယောက်လုံး၏ ဝတ်စုံမှာ V&G မှ ဖြစ်ပြီး နာရီကတော့ တိချိုးဟယ်တာဝန်ယူထားသည့် နျို့ကျွင်းကျယ်၏ Wild Bull မှ ဖြစ်သည်။

တိချိုးဟယ်ရောက်တော့ သူတို့ထင်ထားသည့်အတိုင်း ချင်းလီနှင့် တိချွန်းဟွာအကြောင်းကို သတင်းထောက်များက မေးမြန်းကြသည်။ တိချိုးဟယ်ကတော့ ပြုံး၍သာနေပြီး ဇာတ်ကားနှင့် ပတ်သက်သည့် မေးခွန်းများသာ ဖြေသွားသည်။ သတင်းထောက်များကလဲ အတင်းအကြပ် မမေးကြတော့ပေ။

ထိုင်ခုံများကို ကြိုတင်ပြင်ပေးထားသော်လဲ တိချိုးဟယ်မှာ လက်ထောက်ဒါရိုက်တာနှင့် နေရာလဲ၍ ထိုင်သဖြင့် ဟောပိုင်နှင့် ကပ်လျက်ထိုင်လိုက်ရသည်။ သနားစရာကောင်းသော ဇာတ်ဆောင်မင်းသမီးမှာ မင်းသားနှင့် အတူမထိုင်လိုက်ရ။

ဟောပိုင်က တိချိုးဟယ်ကို ကိုယ့်နေရာကိုယ်ပြန်နေရန် ပြောသော်လဲ ခေါင်းမာသော တိချိုးဟယ်က မသွားပဲ ပေကပ်နေသည်။ ဆုပေးပွဲက သူ့ခွေးပေါက်လေးလောက် အရေးမကြီးဟု ထင်ထားသူဖြစ်၏။

ဆုပေးပွဲက ၈နာရီအတိတွင် စတင်သည်။ သူတို့နှစ်ယောက်လဲ စကားပြောနေတာရပ်ပြီး ဆုပေးပွဲကို အာရုံစိုက်ကြသည်။

ပထမပိုင်းဆုပေးပွဲက " Most Popular Rising Star" ဆုဖြစ်သည်။ သရုပ်ဆောင်အသစ်လေးများက တစ်ယောက်ပြီးတစ်ယောက် ဆုတက်ယူကြသည်။

ထိုနောက် " Best Director" " Best Photographer" " Best Original Song" စသဖြင့် ပေးလေသည်။

ထာဝရရှင်သန်ခြင်း လမ်းစဥ်က လူအတော်များများ ဆုရကြလေသည်။

" အမျိုးသမီးဇာတ်ပို့ဆု" နှင့် " အမျိုးသားဇာတ်ပို့ဆု" ပြီးနောက်တွင်တော့ " အမျိုးသမီးဇာတ်ဆောင်ဆု" နှင့် " အမျိုးသားဇာတ်ဆောင်ဆု" တို့ကို ကြေညာလေသည်။

" အမျိုးသမီးဇာတ်ဆောင်ဆု" ကို ကြေညာအပြီးတွင်တော့ ဟောပိုင် စိတ်လှုပ်ရှားမှုကြောင့် ခါးလေးမတ်သွားသည်။ " အမျိုးသားဇာတ်ဆောင်ဆု" ကြေညာတော့မည့်အချိန် ရောက်လာလေသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now