Chapter 284 - Extra 8

1.4K 248 2
                                    

Unicode

ဒါ ကျွန်တော်ရေးတဲ့ နောက်ဆုံးအပိုင်းပါ ကျန်တဲ့အပိုင်းတွေက ဟိုးအရင်ကထဲက ရေးထားတာမို့လို့ တစ်ခါထဲ တင်ပေးလိုက်ပါတယ်ဗျ enjoy ကြပါ 😘

.......

ထိုစကားကြောင့် ရွှီရင်း ရင်ထဲထိသွားသည်။ ဘယ်သူပဲဖြစ်ဖြစ် မင်းသူဌေးရဲ့ဒေါသကို သည်းခံနေစရာအကြောင်းမရှိဘူး ထွက်ပလိုက်ဟု ပြောသူမရှိ။

" ဒါပေမဲ့ ကျွင်းချန်လိုမျိုး အရမ်းတော်တဲ့အဆိုတော်ကတော့ အကောင်းဆုံးကိုပဲ လိုချင်တာ သဘာဝကျတယ်.. အဲ့ဒါကြောင့် မင်းကို ပိုတိုးတက်စေချင်တာ ဖြစ်နိုင်ပါတယ်"
ကုရှီးဖန်က ဆက်ပြောသည်။ ကုရှီးဖန်မှာ အကြံပေးရာ၌ အတော်လေးစနစ်ကျ၏။ ရွှီရင်းကို ချီးကျုးစကားပြောပြီး စိတ်အေးသွားတော့မှ အကြံပေးခြင်းပင်။

ကုရှီးဖန်က ပထမတစ်ပုံကို အကျယ်ချဲ့ကြည့်သည်။
" မင်းက လူခန္ဓာကိုယ်ကို အဓိကထားတာဆိုတော့ အရမ်းကောင်းပါတယ်.. ဒါပေမဲ့ မင်းပြောချင်တဲ့အကြောင်းကို ငါ မမြင်ရဘူး.. အရမ်းကျယ်လွန်းလို့.. ဒီနောက်ခံနဲ့ ဒီပစ္စည်းတွေရော.. ဘယ်ကိုကြည့်လို့ကြည့်ရမှန်းကို မသိဘူး.. ပြီးတော့ ဒီမှာ အလင်းရောင်က တစ်မျိုးကြီးဖြစ်နေတာ.. တစ်ခါတစ်လေကျရင် သဘာဝအလင်းရောင်က ပိုသာတယ်.. သဘာဝအလင်းရောင်ကို စမ်းကြည့်..."
စသဖြင့် ပုံတိုင်းကို မှတ်ချကထပေးနေ၏။

ရွှီရင်းက ကြောက်ဖို့ကောင်းသည့်မှတ်ချက်ကို ကျေကျေနပ်နပ် လက်ခံသည်။

" အယ်ဘမ်တစ်ခုလုံးသာ ပစ်လိုက်ပါတော့ကွာ"
ကုရှီးဖန်က လက်ဖက်ရည် တစ်ငုံသောက်၍ ဆက်ပြောသည်။
" မင်းရဲ့သူဌေးက ဒါကိုကျေနပ်နိုင်မှာမဟုတ်ဘူး.. ကျွင်းချန်က အနုပညာကို အရမ်းလေးစားတဲ့ အဆိုတော်ကွ.. ငါ့ကိုအမြဲတမ်း ဖုန်းခေါ်နေကျ.. မင်းက ဒီ့ထက်တိုးတက်နိုင်ပါသေးတယ်.. အဲ့ဒါကြောင့် ကျွင်းချန်က မင်းကိုခန့်ထားသေးတာ"

" ကျေးဇူးအများကြီးတင်ပါတယ်"
ရွှီရင်းမျက်နှာ မကောင်းတော့။ အပြစ်ပြောခံရမည်မှန်းသိပေမဲ့ တစ်အုပ်လုံး ပစ်ခိုင်းမည်တော့ မမျှော်လင့်ခဲ့ပေ။

OUR ( One Useless Rebirth) 2Where stories live. Discover now