Chapter 189- ဘယ်သူက အိမ်ထောင်ဦးစီးလဲ 3

2.8K 535 31
                                    

Unicode

" အင်း"
တိချိုးဟယ်က ဟောပိုင်ကိုချီ၍ ဆိုဖာပေါ် ပွေ့တင်လိုက်သည်။ ထို့နောက် နားရွက်ဖျားလေးကို ပွတ်သပ်ပေးရင်း ဆက်ပြော၏။
" အဖိုးလဲ လုံခြုံရေးတွေရော သက်တော်စောင့်တွေပါ အများကြီးလိုအပ်တယ်.. တိဘီရန် ဘယ်လောက်ထိ လုပ်ထားမလဲ ဘယ်သူမှ မသိနိုင်ဘူး.. အချိန်ရတုန်း ယုံကြည်ရတဲ့သူတွေကိုပဲ ငှားမှဖြစ်မယ်"

ဟောပိုင်က တိချိုးဟယ်ကို ဖုန်းထုတ်ပေးလိုက်သည်။
"  ရှင်းရှောင်ဖုန်းကို လုပ်ခိုင်းလိုက်လေ.. သူ့ကို ဒါတွေလုပ်ခိုင်းဖို့ လစာအများကြီးပေးထားတာ မဟုတ်ဘူးလား"

တိချိုးဟယ်က အဓိပ္ပါယ်ပါပါ တစ်ချက်ပြုံးလိုက်၏။
" မင်း ဒီရှင်းရှောင်ဖုန်းကို တော်တော်ယုံနေတယ်လို့ မထင်ဘူးလား"

ဟောပိုင်က တိချိုးဟယ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
"  တိချိုးဟယ် ခင်ဗျား ဒီနှစ် နှစ်ဆယ့်သုံးရှိပြီနော် တရုတ်ပြက္ခဒိန်နဲ့ဆို နှစ်ဆယ့်လေးထဲမှာ မဟုတ်ဘူးလား"

တိချိုးဟယ်က မျက်မှောင်ကြုံ့သည်။
"ကိုယ်က မင်းအတွက် အသက်အရမ်းကြီးနေလို့လား"

" ခင်ဗျားအသက်နဲ့စာရင် အတွေ့အကြုံ နည်းလွန်းလို့"
အသက်သုံးဆယ်ရှိနေပြီဖြစ်သော ဟောပိုင်က စိတ်ထဲမှ သက်ပြင်းချသည်။ တိချိုးဟယ်အသက်အရွယ်တွင် သူ ထိီပေါက်သည့်အတွက် ပျော်ပျော်ကြီး လျှောက်သွားနေပြီဖြစ်၏။ အခု တိချိုးဟယ်ကို ကြည့်ပါဦး...

တိချိုးဟယ်က ဟောပိုင် သူ့ကို ရန်စနေသည်ထင်ကာ ပြန်ပြောဖို့ စဥ်းစားပြီးမှ သူ သတိရသွားသည်။ ဒီအိမ်က ဟောပိုင်ဝယ်ထားတာပဲ.. အခု သူ ဝတ်ထားသည့်အင်္ကျီတွေကလဲ ​ဟောပိုင်ဝယ်ပေးထားတာ .. ဆိုတော့ ဒီ sugar hubby လေး ဟောပိုင်ကို သူ ဘယ်လိုလုပ် နိုင်အောင် ပြန်ပြောလို့ရမှာလဲ...

" ညနေစာအတွက် ဝက်ချိုချဥ်ကြော်လေး ချက်ပေးမယ်နော်... အရင်တစ်ခါကလို အရမ်းမချိုအောင် ဂရုစိုက်လိုက်မယ် "
လက်စားချေဖို့အစီအစဥ်ပျောက်ဆုံး၍ ခွေးပေါက်လေးအပေါ် ကောင်းပေးရန်သာ ဆုံးဖြတ်လိုက်သည်။

အိမ်ထောင်ဦးစီးဖြစ်နေသည်ဟု သူ့ကိုယ်သူ ခံစားလိုက်ရသည့် ဟောပိုင်မှာ ခေါင်းညိတ်၍ ပြုံးဖြီးဖြီးကြီး လုပ်နေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now