Chapter 214 - ကျွန်တော်က သူ့လက်ထောက်ပါ 2

2.2K 410 4
                                    

Unicode

တိချိုးဟယ် အံ့အားသင့်သွား၏။ ဟောပိုင် သူ့ကို နောက်နေသည်ဟုသာ ထင်ထားလေရာ ဒီလောက်အထိ လှပသည့်မြင်ကွင်းကို သူ မမျှော်လင့်မိခဲ့။

" ပန်းခင်းနဲ့ မြို့ကြားမှာ ဒီတောင်ကုန်းက ရှိတာလေ.. အဲ့ဒါကြောင့်မို့ မြို့ပေါ်ကနေပြီးတော့ ပန်းခင်းကို မမြင်ရဘူး.. ဒါပေမဲ့ ကျွန်တော်တို့ရပ်နေတဲ့နေရာကကြည့်ရင်တော့ တောင်ကုန်းနဲ့ ပန်းခင်းက ဘေးချင်းကပ်ရပ်ရှိနေသလိုပဲထင်ရတယ်"
ဟောပိုင်က တိချိုးဟယ်ဘေးတွင်ရပ်ကာ အကြောဆန့်လိုက်သည်။
" နွေဦးရာသီက ဒီမြင်ကွင်းကို မြင်ရဖို့ အကောင်းဆုံးရာသီတဲ့.. သစ်ရွက်တွေ စကြွေပြီး ပန်းတွေ ကောင်းကောင်းပွင့်ကြတဲ့အချိန် .. နေရောင်ခြည်အောက်က ဆီဆေးပန်းချီကားတစ်ချပ်လို ဝင်းလက်နေတာပဲ"

တိချိုးဟယ်က ရှုခင်းကို ခံစားရင်း ဒီနေရာအကြောင်း ကောင်းကောင်းသိနေသည့် ဟောပိုင်ကို မေးကြည့်ချင်သော်လဲ မမေးတော့ပဲ ပြုံးရုံသာ ပြုံးနေသည်။
" အင်း အသက်ရှူမှားလောက်တယ်နော်"

" ခင်ဗျားကို ဒီ့ထက်အသက်ရှူမှားမဲ့ဟာကို ပြမယ်"
ဟောပိုင်က ပြုံးကာ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ တောင်ကုန်းလေးပေါ်မှ လျှောဆင်းသွားသည်။ တိချိုးဟယ်တစ်ယောက် ပျာယာခတ်ကာ လှမ်းဆွဲတော့ သူပါ ဟန်ချက်ပျက်ကာ ထိုင်ကျသွား၏။

" အပေါ်ကို မော့ကြည့်"
ဟောပိုင်က သူတို့လျှောဆင်းလာသည့်နေရာကို လက်ညိုးထိုးပြသည်။
" မနက်ခင်းဆို မြူတွေဆိုင်းနေတာ .. ခုန သစ်ပင်ကိုတွေ့လား... အဲ့သစ်ပင်တွေအကုန်လုံး မနက်စောစောဆို မြူတွေဆိုင်းနေကြတာ.. တိမ်တွေကြားထဲက တိုးထွက်လာကြတဲ့အတိုင်းပဲ.. နေထွက်လာတဲ့အခါကျရင် ရောင်ခြည်တန်းလေးတွေ နေရာစုံက ပေါ်နေပြီးတော့ အရမ်းလှတာ.. ခင်ဗျားစိတ်ကူးထဲ ပုံဖော်ကြည့်"

တိချိုးဟယ်က ဟောပိုင်ညွှန်ပြသည့်နေရာကို ကြည့်ကာ အတွေးထဲပေါ်လာ၍ ပြုံးလိုက်သည်။
" အရမ်းလှမှာပဲ"

" နွေဦးရောက်ရင် ဒီကိုတစ်ခေါက်ပြန်လာကြမယ်"
ဟောပိုင်က အတော်လေးတက်ကြွနေသည်။ ဓာတ်ပုံရိုက်လို့ကောင်းသည့်နေရာတွေကို လိုက်ရှာကာ တိချိုးဟယ်ကို ရှင်းပြနေ၏။
" ဒီနေရာက ရာသီတစ်ခုစီတိုင်းမှာ ထူးခြားတဲ့ဆွဲဆောင်မှုတစ်ခုစီရှိတယ်...ဒီကလူတွေကတော့ လျှောဆင်းရတာ ကြောက်လို့ မမြင်ကြတာ နှမြောစရာပဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now