Chapter 276 - ဇာတ်သိမ်း 4

2.3K 364 22
                                    

Unicode

ထိုနေ့က ဟောပိုင်ဘွဲ့ယူသည့်နေ့ဖြစ်၏။ ဒရာမာများကို ရှောင်ရှားလိုသည့် ဟောပိုင်က စောစောစီးစီး ကျောင်းရောက်လာကာ ဘွဲ့ဓာတ်ပုံရိုက်ပြီးသည်နှင့် သူငယ်ချင်းများနှင့်အတူ အဆောင်ထဲတွင် ပုန်းနေပြီး တစ်နေကုန် စကားများနေသည်။

" ရှောင်ရာက ငါ့ကိုလက်ထပ်ဖို့ သဘောတူလိုက်ပြီကွ"
နျို့ကျွင်းကျယ်က ဝမ်းသာအားရပြောသည်။

" ငါကတော့ မဟာတန်း ဆက်တက်ဦးမယ်"
ချန်ကျဲက ဝင်ပြောသည်။
" အဲ့ဒါအတွက် လုံးပမ်းရဦးမယ်ကွ"

ဝမ်ဟူက ခေါင်းကုတ်ကာ ဝင်ပြော၏။
" မင်းတို့အားလုံးက ဒီမြို့မှာပဲ နေကြမှာ.. ငါကတော့ ငါ့ဇာတိပဲ ပြန်တော့မယ်.. ငါ့ဆီလာလည်ကြဦး.. ငါ့မိဘတွေကို မင်းတို့အကြောင်း ပြောပြထားလို့ သူတို့က မင်းတို့ကိုလာလည်စေချင်ကြတာ.."

ဟောပိုင်လဲ ဝမ်ဟူကို သွားဖက်လိုက်သည်။
" ဟုတ်ပါပြီဗျာ.. ကျွန်တော်တို့လဲ လောင်တာ့မိဘတွေနဲ့ တွေ့ချင်ပါတယ် .. လာလည်မှာပေါ့.. ကံကောင်းပါစေဗျာ"

" ကျေးဇူးပဲ ရှောင်ပိုင်.. မင်းလဲ ဂရုစိုက်ဦး"
ဝမ်ဟူက ပြောနေရင်းနှင့် အသံတိုးသွားသည်။

သူတို့အားလုံး ခွဲရတော့မည်ဆိုတော့လဲ ပြောစရာစကားမရှိ​တော့ပဲ တိတ်ဆိတ်နေကြ၏။

ဒေါက် ဒေါက်

" ငါ သွားဖွင့်လိုက်မယ်"
နျို့ကျွင်းကျယ်က အသံမကျယ်ကျယ်အောင် တမင်မြှင့်၍ အော်လိုက်သည်။
" အတန်းခေါင်းဆောင်လားမသိဘူး"
ထို့နောက် တံခါးဖွင့်သည်။

" ချိုးဟယ်??"

ထိုအသံကြောင့် ဟောပိုင်လှည့်ကြည့်သည်။

တိချိုးဟယ်မှာ လူမမြင်အောင် ဦးထုပ်ဆောင်း၍ နေကာမျက်မှန်ဝတ်ထားသည်။ သူတို့အားလုံးကို လက်ပြနှုတ်ဆက်ပြီးနောက် ဟောပိုင်ကို လှမ်းခေါ်သည်။
" ဓာတ်ပုံဆရာလေး ဟော ခင်ဗျ.. ကျွန်တော်  အခုတလော ဆရာ့ဆီက အများကြီးသင်ထားတာ .. ဘွဲ့ဓာတ်ပုံလေး ရိုက်ပေးလို့ရနိုင်မလားဗျ"

ဟောပိုင်က ပြုံးရွှင်သွားကာ သူငယ်ချင်းများနှင့် ဓာတ်ပုံအတူရိုက်ကြရန် အကြံပေးလိုက်သည်။
" အစ်ကိုတို့ လာဗျာ.. ဓာတ်ပုံရိုက်ရအောင်.. ဒီနေ့ ကျွန်တော်ရဲ့ ကိုယ်ပိုင်ဓာတ်ပုံဆရာရောက်လာတာ"

OUR ( One Useless Rebirth) 2Where stories live. Discover now