Chapter 151 - အနာဂတ်အိမ်လေး 2

3.1K 593 15
                                    

Unicode

သူ့သူငယ်ချင်းက ဒီလောက်တောင် တိုက်တွန်းနေမှတော့ ဟောပိုင်လဲ တစ်ကြိမ်လောက်တော့ ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ .. ကျွန်တော် အလကားရိုက်ပေးမယ်.. ခင်ဗျားအဖေ သဘောကျကျ မကျကျ ကျွန်တော် ခင်ဗျားပိုက်ဆံတော့ မယူဘူးနော်.. အိမ်လိုက်ပြပေးတာနဲ့တင် ကျေနပ်ပြီ"
ဒီလောက် ရှာရခက်တဲ့အိမ်ကို လွယ်လွယ်ရနိုင်တာ ဘယ်လောက်ကျေးဇူးတင်ဖို့ ကောင်းလဲ...

ပြီးတော့ သူငယ်ချင်းတွေကြားမှာ ပိုက်ဆံအကြောင်းပြောလို့မရဘူးလေ...

နျို့ကျွင်းကျယ်က သူ့သူငယ်ချင်းကိုကြည့်ရင်း ငြင်းဆန်ရန် တွေးလိုက်ပေမဲ့ ဟောပိုင်ဘယ်လိုလူမျိုးလဲဆိုတာ စဥ်းစားမိတော့ ပြောမည့်စကားကို ပြန်မျိုချကာ ရယ်လိုက်သည်။
" အေးပါကွာ... ဒီတစ်ပတ်ပိတ်ရက် ငါနဲ့လိုက်ခဲ့.. ငါ လိုက်ပြပေးမယ်"

ဟောပိုင်က ခေါင်းညိတ်ကာ လီရုကို ဖုန်းခေါ်၍ နောက်တစ်ပတ် မအားကြောင်း လှမ်းပြောလိုက်သည်။

သူတို့စကားပြောဆိုပြီးတော့ တိချိုးဟယ်က ဖုန်းခေါ်သည်။ နျို့ကျွင်းကျယ်က အလိုက်သိစွာနှင့် အခန်းပြင်ထွက်ကာ တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေသည်။

ဟောပိုင်က နျို့ကျွင်းကျယ်ကို ပြုံးကြည့်ရင်း ဖုန်းကိုင်သည်။

" ကိုယ် အခုပဲ တိဘီရန်နဲ့ ဖုန်းပြောနေတာ.. သူ မင်းကို ပြဿနာလာရှာမှာ မဟုတ်တော့ဘူး"
တိချိုးဟယ်က ရှင်းပြကာ မေးလိုက်သည်။
" ရှင်းရှောင်ဖုန်း မင်းကို ပုံတွေနဲ့ ဖိုင်တွေအားလုံး ပြန်ပို့ပေးလား.. မင်းအလုပ် ထိခိုက်သွားသေးလား"

" အင်း အကုန်ပြန်ပို့ပေးတယ်.. မထိခိုက်ပါဘူး"
ဟောပိုင်က ပြန်ဖြေကာ ကွန်ပျူတာတွင် ပေါ်နေသော အိမ်ခန်းပုံစံကို ကြည့်ရင်း အောက််နှုတ်ခမ်းကို ကိုက်သည်။
" ခင်ဗျား အိပ်ခန်းရဲ့ လိုက်ကာက ဘာအရောင်လဲ"

တိချိုးဟယ်က မမျှော်လင့်ထားသော မေးခွန်းဖြစ်သည့်အတွက် ကြောင်အသွားပြီးမှ မျက်လုံးအရောင်တောက်လာကာ ပြောလိုက်သည်။
" ခွေးပေါက်လေး... ကိုယ်နဲ့ တစ်ခန်းထဲ အတူနေဖို့ ဆုံးဖြတ်လိုက်ပြီလား"

OUR ( One Useless Rebirth) 2Where stories live. Discover now