Chapter 272 - သူဌေးရယ် သူဌေးယောက်ျားရယ် 3

1.9K 368 30
                                    

Unicode

တိချိုးဟယ်က သူ့ပါးသူ ထိကြည့်သည်။ ဟောပိုင်က သူ့ပါးကို နှုတ်ခမ်းနဲ့တင် နမ်းသည်မဟုတ်ပဲ မုန့်အစလေးများပါ ချန်သွားခဲ့သည်။ တိချိုးဟယ်မျက်နှာကြီး ပြုံးဖြီးနေသည်။

တိချိုးဟယ်က ဟောပိုင်​ကျောလေးကို လှမ်းပုတ်၏။ ဟောပိုင်က သူ့ဘက်လှည့်ကြည့်ကာ တိချိုးဟယ်လက်ကို လှမ်းဆွဲလိုက်သည်။

တိချိုးဟယ်က ဟောပိုင်နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
" ရှောင်ပိုင်.. ကိုယ် မင်းကို ချစ်တယ်"

" ဟမ်"
ဟောပိုင်က ဂိမ်းထဲတွင် အာရုံရောက်နေသဖြင့် မကြားလိုက်။

တိချိုးယယ်က ခေါင်းခါရင်း ဟောပိုင်ပါးလေးကို ဆွဲညှစ်သည်။
" ဘာမှမဟုတ်ပါဘူး.. ပျော်အောင် နေနော်.. ဝိုင်တွေတော့ အရမ်းမသောက်ရဘူး"

" ဟုတ်ကဲ့ပါသူဌေး"
ဟောပိုင်က မျက်စောင်းထိုးကာ လက်ဖယ်၍ တိချိုးဟယ်ခေါင်းကို ပုတ်လိုက်သည်။
" စိတ်မပူပါနဲ့ သူဌေးမင်းရဲ့.. ကျွန်တော် ဝိုင်မသောက်ပါဘူးဗျ.. ကျွင်းကျယ်က အအေးတွေပဲ ထည့်ပေးနေတာ"

" ကောင်းတာပေါ့ ကိုယ်က သူဌေးဆို မင်းက သူဌေးမိန်းမလုပ်လေ.. ကိုယ်တို့က နှစ်ယောက်ပေါင်းမှ တစ်ခုဖြစ်တာလေ"

ဟောပိုင်က စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။
" ဘာလဲကျွန်တော်က သူဌေးမိန်းမဖြစ်ရမှာလဲ.. ခင်ဗျားသာ ကျွန်တော့်မိန်းမလုပ်"

သူတို့နှစ်ယောက် စကားပြောနေကြတုန်း တိချိုးဟယ်ကို ဟူကျောက်က ဖုန်းဆက်သည်။ တိချိုးဟယ်က ဖုန်းပေါ် ပေါ်နေသည့် နာမည်ကို ဟောပိုင်ကိုပြရင်း ဖုန်းပြောရန် အထဲ ဝင်သွား၏။ ဟောပိုင်သည်လဲ သူငယ်ချင်းများနှင့် ဂိမ်းထဲ အာရုံစိုက်နေသည်။

တိချိုးဟယ်က တိတ်ဆိတ်သည့်နေရာကိုရောက်တော့မှ ဖုန်းဖြေသည်။

" သတင်းကောင်းပဲ ချိုးဟယ်ရေ.. တိချွန်းဟွာတက်နေတဲ့ ဆေးရုံမှာ ချင်းလီကို သန့်ရှင်းရေးလုပ်ခိုင်းဖို့ အဆင်ပြေသွားပြီ... မင်းတို့ရော အဆင်ပြေကြလား"

" ရှောင်ပိုင်ကတော့ ပျော်နေတယ်ဦးလေးရေ.. "
တိချိုးဟယ်က ပြုံးရွှင်နေသည့် ဟောပိုင်မျက်နှာလေးကို ပြတင်းမှန်မှ ကြည့်ရင်း ဆက်ပြောသည်။
" အန်တီရှုကလဲ ဟင်းချက်ကောင်းတော့ အကုန်အဆင်ပြေပါတယ်"

OUR ( One Useless Rebirth) 2Where stories live. Discover now