Chapter 205- သူ 1

2.3K 459 8
                                    

Unicode

တိချိုးဟယ်နှင့် ဟောပိုင်တို့က အရင်တစ်ခေါက် တည်းခဲ့သည့် အခန်းတွင်သာ ပြန်နေကြသည်။ ဟောပိုင်က ရေချိုးခန်းဝတ်စုံနှင့် တိချိုးဟယ်၏ လက်မောင်းပေါ် လှဲအိပ်နေရင်း ချိန်ဖေကျုံး​နှင့် ပြောခဲ့သည်များကို တိချိုးဟယ်က ပြန်ပြောပြသည်။ ဟောပိုင်က ငြိမ်သက်စွာ နားထောင်နေရင်းက သက်ပြင်းချသည်။

တိချိုးဟယ်က ဟောပိုင်ဆံပင်လေးကို ဖွဖွလေး ပုတ်နေရင်း ခါးကိုဖက်ကာ ပါးလေးကို ဆွဲညှစ်သည်။

ချစ်ဖို့ကောင်းလွန်းသောကြောင့် ဟောပိုင်ကလဲ တိချိုးဟယ်ဆံပင်ကို ဆွဲဖွကာ ပြန်ဖက်လိုက်သည်။
" ချိန်ဖေကျုံးပေးထားတဲ့ဟာတွေကို ခင်ဗျား ဘယ်လိုလုပ်မှာလဲ..."

" ကလေးတွေအတွက် ရန်ပုံငွေတစ်ခု တည်ထောင်လိုက်မယ်လေ... ချိန်ဖေကျုံးရော သူ့သမီးရော ကုသိုလ်ရတာပေါ့"
တိချိုးဟယ်က ပြန်​ဖြေသည်။ ချိန်ဖေကျုံး ဖြတ်သန်းခဲ့ရသည့် ဘဝကို ပြန်တွေးကြည့်ရင်း သူ့ရင်ခွင်ထဲမှ ဟောပိုင်နဖူးလေးကို ဖွဖွနမ်းကာ ပြောလိုက်သည်။
" ခွေးပေါက်လေး...  မင်းနဲ့တွေ့ခွင့်ရတာ ကိုယ် ဘယ်လောက်တောင် ကံကောင်းလဲ သိရဲ့လား"
ခွေးပေါက်လေးမရှိပါက သူ့ဘဝကြီး အဓိပ္ပါယ်မဲ့နေခဲ့မည်ကို သူ သေချာသိလေသည်။

" ခင်ဗျားက စကားပြောချိုနေတာပဲ"
ဟောပိုင်က တိချိုးဟယ်ပါးလေးကို လက်နှင့်ထိကိုင်ရင်း သက်တောင့်သက်သာ လှဲချလိုက်သည်။
" ကျွန်တော်နဲ့ မတွေ့ရင် ခင်ဗျား ကံဆိုးမယ်ဆိုတာတော့ သေချာတယ်"

တိချိုးဟယ်က မသိမသာလေး နာမည်ယူနေသော ဟောပိုင်ကိုကြည့်ကာ စိတ်ချမ်းသာနေသည်။ ဟောပိုင်ဝတ်ထားသော ရေချိုးခန်းဝတ်ရုံမှ တစ်ဆင့် ညှပ်ရိုးနှင့် ရင်ညွန့်ရိုးအောက်မှ အသားလေးတွေကိုပါ မြင်နေရသည်။ တိချိုးဟယ်လက်က ရေချိုးခန်းဝတ်ရုံမှ လျှိုကာ အထဲရောက်သွားသည်။ ထို့နောက် ဟောပိုင်ကို ပေါင်ပေါ်တင်ကာ တစ်ဖက်လှိမ့်လိုက်သည်။
" အဲ့ဒါကြောင့်မို့ အခုပဲ ကျေးဇူးဆပ်လိုက်လို့မရဘူးလား"

စကားအသွားအလာကိုကြည့်၍ သူ ပြေးလို့မလွတ်တော့မှန်း ဟောပိုင်သိလိုက်ရသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now