Chapter 194- မွ ~ 2

2.5K 557 32
                                    

Unicode

လီရုပို့လိုက်သည့်အထဲတွင် C မဂ္ဂဇင်းက သူ့ကို ​စကားနှင့် တောင်းဆိုထားသည့် cover ရိုက်ရန် ဖိတ်ကြားစာလဲ ပါသည်။ cover ရိုက်ဖို့က အရမ်းအချိန်မကုန်သည့်အတွက် လီရုကို လက်ခံဖို့ ပြောလိုက်သည်။ A မဂ္ဂဇင်းအတွက် cover ရိုက်ရမည့် ရက်ကလဲ နီးလာသည်။ သို့သော် ခက်ခဲသည့်အလုပ်မဟုတ်သဖြင့် သူ့အစီအစဥ်ထဲ ထည့်မတွက်ခဲ့။ လျို့လန်ကောအတွက် street snap ရိုက်ပေးဖို့ ရှိသေးသည့်အတွက် ချိန်းဆိုထားသည့် ရက်ကို ကြည့်လိုက်သည်။ ချစ်သူများနေ့ကြီး...

ဒီနှစ်နွေဦးပွဲတော်က ဇန်နဝါရီလတွင် ကျရောက်သည့်အတွက် ပွဲတော်ပြီးပြီးချင်း တိချိုးဟယ်က ဇာတ်ကားအသစ် ရိုက်ရမည်ဖြစ်၏။ ချစ်သူများနေ့တွင် ဟောပိုင်က ဓာတ်ပုံရိုက်ရန် ချိန်းထားသည်။

သူတို့နှစ်ဦး ချစ်သူစဖြစ်သည့် ပထမဆုံးချစ်သူများနေ့ကို အတူမဖြတ်သန်းရတော့ပေ။

သူ့အတန်းဖော်တွေကတော့ အတန်းတွေက မခက်ခဲသဖြင့် အချိန်ပိုင်းအလုပ် ရှာသူရှာကြ တခြားအတန်းတွေပါ ရောတက်သူ တက်ကြနှင့် အလုပ်များနေကြသည်။

ဝမ်ဟူကတော့ အရင်ဘဝကအတိုင်း နယ်ပြန်သည်။ ချန်ကျဲက မာစတာထပ်တက်ဖို့ ကြိုးစား၍ အမြဲတမ်းပျော်ပျော်ပါးပါးနေတတ်သော နျို့ကျွင်းကျယ်က ကျန်းရာကို တင့်တောင်းတင့်တယ် ထားနိုင်အောင်ဟုဆိုကာ စီးပွားရေးမေဂျာပါ ထပ်ယူသည်။ ဘွဲ့ရပြီးသည်နှင့် သူ့အိမ်စီးပွားရေးကို လက်လွှဲယူနိုင်ရန်ပါ စီစဥ်ထားလေ၏။

အားလုံးက ရည်မှန်းချက်ကိုယ်စီနှင့် ကြိုးစားနေကြသည့်အတွက် အချိန်ကုန်တာ ပိုမြန်လာသည်ဟုတောင် ဟောပိုင်ထင်မိသည်။

Huangdu နှင့် တိဘီရန်အကြောင်းကိုလဲ လူပြောသိပ်မများတော့။ ကျင်းချင်းရာအကြောင်းကိုတော့ လူတွေ ပြောနေကြဆဲပင်။ သူမနှင့် တွဲခဲ့ဖူးသည်ဆိုသော Z list မင်းသားတစ်ယောက်က သူမအကြောင်းကို ဖော်ထုတ်လိုက်သည်။ သူမက ခွဲစိတ်မှု အသေးစားလေး လုပ်ထားတာ မကြာသေး၍ ကိုယ်ဝန်ရှိတာ လုံးဝမဖြစ်နိုင်ဟု ပြောထားသည်။

မကြာခင်မှာပင် တိဘီရန်ဘက်က စေ့စပ်ပွဲ ဖျက်သိမ်းကြောင်း တရားဝင်စာ တင်သည်။

OUR ( One Useless Rebirth) 2Where stories live. Discover now