Chapter 172 - ချလပ် ချလပ် 1

2.6K 532 2
                                    

Unicode

" ဒီည booking လုပ်ထားတာ နောက်ဆုတ်လိုက်ရမလား သခင်လေး"
ဝမ်ပေါ်ရီက တိချိုးဟယ်မျက်မှောင်ကြုံ့သည်ကို မြင်တော့ ဝင်မေးသည်။

" ရပါတယ် .. အချိန်ရမှာပါ"
တိချိုးဟယ်က ခေါင်းခါ၍ ဆက်ပြောသည်။
" ဒီနေ့ ငါ နောက်ကျမှ ပြီးရင် စားသောက်ဆိုင်ကို ဖုန်းဆက်ပြီးတော့ ခွေးပေါက်လေးအတွက် ဟင်းတွေပို့ခိုင်းလိုက်ဦး.. တော်ကြာ တစ်ယောက်ထဲစားရတယ်ဆိုပြီး ဘာမှမစားမှာစိုးလို့"

ဝမ်ပေါ်ရီက ခေါင်းညိတ်ကာ တိချိုးဟယ်အတွက် စားစရာတစ်ခုခု ယူပေးဖို့ စီစဥ်နေစဥ် သူ့ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ သူ့ကို ဖုန်းမခေါ်တာကြာနေပြီဖြစ်သည့် တိဘီရန်ဆက်နေခြင်း။

ဝမ်ပေါ်ရီက ​သွားနေရာမှ ချက်ချင်းရပ်ကာ တိချိုးဟယ်ကို ပြလိုက်သည်။

တိိချိုးဟယ်က တစ်ချက်ကြည့်ရင်း စောစောက စိတ်အေးကာ မျက်နှာလေးကြည်နေရာမှ ပြန်တည်သွားသည်။
" ငါထင်တာကတော့ မင်းဆီကနေ ငါ့အကြောင်းစကားနှိုက်ချင်လို့နဲ့တူတယ်.. သူနဲ့ Huangdu ကို ငါ ဘယ်လိုသဘောထားလဲ သိချင်တာဖြစ်မယ်... စိတ်မပူပါနဲ့.. စပီကာဖွင့်လိုက်"

ဝမ်ပေါ်ရီက ဖုန်းကိုင်၍ စပီကာဖွင့်သည်။

" ဟဲလို ရှောင်ဝမ်.. နေကောင်းလား.. ချိုးဟယ်နဲ့ အတူရှိနေတာလား.."
တိဘီရန်က အံ့သြစရာကောင်းလောက်အောင် ချိုသာနေကာ အရင်ကလို လေသံမာမာနှင့် လုံးဝမတူ။

တိချိုးဟယ်က ဆိုဖာပေါ် မှီချကာ မဂ္ဂဇင်းတစ်အုပ်ကို လှန်လှော၍ မဲ့ပြုံးပြုံးသည်။

ဝမ်ပေါ်ရီက တိချိုးဟယ်ရှေ့မှ ဆိုဖာပေါ်ထိုင်၍ ကာရိုက်တာထဲ ချက်ချင်းဝင်သွားသည်။
" သခင်လေးက ဒီနေ့အလုပ်လုပ်နေပါတယ် ဥက္ကဋ္ဌကြီး.. အခုတော့ အနားမှာမရှိပါဘူး.. ဘာများလုပ်ပေးရမလဲ ခင်ဗျ"

တိဘီရန်က ဝမ်ပေါ်ရီ သူ့ကိုလေးလေးစားစား ဆက်ဆံသောကြောင့် ကျေနပ်သွားပုံရကာ အသံတိုးတိုးနှင့် မေးလိုက်သည်။
" အခု ချိုးဟယ်လက်ခံထားတာ ဘယ်လိုအလုပ်မျိုးလဲ...ဖန်တာ့နဲ့ ပတ်သက်တဲ့ အလုပ်မျိုးလား.. သူ အခုတလော ဘယ်လိုနေသေးလဲ.. မင်းကို ရှောင်နေသေးလား.. မင်း မသိအောင် ဘာတွေလုပ်လဲ.. လက်ထောက်အန်းနဲ့ရော ဘယ်လိုနေလဲ.. သူက ချင်းလီအတွက် အလုပ်လုပ်နေသေးလား"

OUR ( One Useless Rebirth) 2Where stories live. Discover now