Chapter 156 - Sassy Puppy 1

2.9K 600 14
                                    

Unicode

TN : ဆီးချိုရှိသူများ မဖတ်ရ 😜

.....

ဟောပိုင်က မျက်လုံးသေချာမပွင့်သေး။ သူ့ကို ဒေါသတကြီးကြည့်နေသော ကောင်လေးကိုပြန်ကြည့်ရင်း ကြောင်အနေ၏။ ခဏနေတော့ မျက်မှောင်ကြုံ့သွားသည်။
" ချိုးဟယ်??"

တိချိုးဟယ်က မျက်နှာတည်ကြီးနှင့် သူ့ကို လျစ်လျှူရှုနေကာ သူ့လည်ပင်းမှ မာဖလာကိုချွတ်၍ အိတ်ထဲထည့်သည်။ ထို့နောက် တိချိုးဟယ်လည်ပင်းမှ မာဖလာကိုချွတ်ကာ ဟောပိုင်ကို ပတ်ပေးလိုက်ရင်း အရှေ့မှ ကားသမားကို ခေါင်းညိတ်ပြကာ ဟောပိုင်ကို ကားထဲမှ ဆွဲခေါ်လာသည်။

ဆောင်းညဖြစ်၍ လေအေးတဖြူးဖြူးတိုက်နေ၏။ ဟောပိုင်က ထိုအခါမှ လုံးဝ မျက်လုံးကျယ်သွားတော့သည်။ ရီကျဲငှားပေးထားသော ကားက တဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်နေရင်းမှ အင်္ကျီပါးပါးဝတ်ထားသော သူ့ဘေးမှ ကောင်ချောလေးကို ပြန်မော့ကြည့်၏။

" ချိုးဟယ်"
ဟောပိုင်က ချက်ချင်းပြန်လှည့်လာပြီး တစ်ဖက်လူ၏ မျက်နှာကို လှမ်းထိလိုက်သည်။

တိချိုးဟယ်က လှုပ်လဲမလှုပ်။ ဟောပိုင်ကို မျက်မှောင်ကြုံ့ရင်းသာ စိုက်ကြည့်နေ၏။

အသားအရေက အစစ်အတိုင်းပဲ .. ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့လေးကလဲ သူ့အနံ့ပဲ .. လေတိုက်လို့ အေးစက်နေတဲ့ ပါးလေးကလဲ သူပဲလေ.. ဟောပိုင်က လက်ချောင်းလေးများကို ရွှေ့ကာ တဖက်လူ၏ နားရွက်ဖျားအေးအေးလေးကို ထိကိုင်ရင်း သူ့လည်ပင်းမှ တိချိုးဟယ်ကိုယ်သင်းနံ့လေးနှင့် မာဖလာကို မေးစေ့နှင့် ထိလိုက်မိသည်။ ဘယ်ဘက်ပါးမှ ပါးချိုင့်လေးတဖြည်းဖြည်းပေါ်လာသည်။
" ခင်ဗျား ပြန်လာတာလား.. ခင်ဗျားတကယ် ပြန်လာပြီလား"

ခွေးပေါက်လေး၏ ပါးချိုင့်လေးကိုမြင်တော့ စောစောက ဒေါသတွေရော စိုးရိမ်စိတ်တွေပါ ဆောင်းလေနှင့်အတူ မျောပါသွားလေ၏။ တိချိုးဟယ်က ဟောပိုင်၏ တဖျပ်ဖျပ်လက်နေသည့် မျက်လုံးလေးများကိုကြည့်ကာ သူ့နားရွက်ကို ထိထားသည့် လက်ဖျားဆီမှ အနွေးဓာတ်ကို ခံစားနေရသည်။ မျက်မှောင်ကြုံ့တာ ​လျှော့လိုက်ပေမဲ့ မျက်ခုံးကိုတော့ တွန့်ထားဆဲ့ပင်။ လွယ်ထားသည့် ကျောပိုးအိတ်နှင့် လက်ထဲမှ တခြားပစ္စည်းများကိုချကာ သူ့ရှေ့မှ ကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်း၍ တင်းတင်းကြပ်ကြပ်ဖက်ကာ နားရွက်လေးကို ဖွဖွကိုက်ရင်း ပြောလိုက်သည်။
" ချစ်စရာကောင်းအောင် လုပ်ပြတိုင်း ပြီးသွားမယ်မထင်နဲ့နော်.. ကျောင်းပျက်တဲ့ကိစ္စကို ခွင့်လွှတ်ပေးလို့ရတယ် .. မင်းက တော်တော်လေးဆိုးနေတာပဲ...ခွေးပေါက်လေး.. ကိုယ်ဘေးမှာ တစ်စက္ကန့်လောက် မရှိလိုက်တာနဲ့ လုပ်ချင်ရာ လျှောက်လုပ်နေတော့တာပဲ.. တကယ်လို့ ကားမောင်းတဲ့ဦးလေးကြီးသာ ဖုန်းမကိုင်ပေးရင် မင်း ကိုယ့်ကို စာပို့ပြီးပြီးချင်း လူဆိုးတွေ ပြန်ပေးဆွဲသွားတယ်လို့ ထင်မိမှာပဲ.. ဘာလို့ ကားထဲမှာ အိပ်ပျော်သွားရတာလဲ.. တကယ်လို့ ကားဆရာက မကောင်းတဲ့သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now