ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 9

3.1K 748 76
By Vera-Yu

Unicode

ဘယ်သူက ပွဲဆူအောင်လုပ်နေတာလဲ။

အရွယ်ရောက်ပြီးသော ယွီရှီသည် ကျုံးဝမ်ထက် နှစ်လက်မ၊ သုံးလက်မခန့် အရပ်ပိုရှည်သည်။ သူသည် အံ့ဩဖွယ်ကောင်းလောက်အောင်လည်း သန်မာသေးသည်။ ကျုံးဝမ်သည် သူ၏ချုပ်နှောင်မှုမှ လုံးဝမရုန်းနိုင်ပေ။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ယွီရှီအား နားကလောဖွယ် စကားများဆိုတော့သည်။ "ဒါပေါ့၊ ကျွန်တော် ရေးကြီးခွင်ကျယ်ဖြစ်အောင် လုပ်ရမှာပေါ့... ဒီနေ့ နန်းတော်ကိုလာတဲ့သူတိုင်းကို မင်းသားငယ်ဘာလုပ်နေလဲသိစေချင်တယ်။ အဲ့လိုဆို အရမ်းကောင်းမှာပဲ။ မင်းသားငယ်ယွီ၊ ဂုဏ်သရေရှိတဲ့မင်းသားငယ်က ဒီနှစ်တွေအတွင်း ကျွန်တော် ဘယ်လိုအသက်ရှင်ခဲ့ရတယ်ဆိုတာ မေ့သွားတာများလား"

ယွီရှီသည် မျက်လွှာချကာ အကြည့်လွှဲလိုက်သည်။ သူ့မျက်ဝန်းများကိုကြည့်ပြီး သူပျော်နေလား၊ ဝမ်နည်းနေလား ပြောရန် ခက်ခဲပေသည်။ "သေချာပေါက် ငါမှတ်မိတာပေါ့"

ကျုံးဝမ်သည် တတ်နိုင်သမျှ ညင်သာစွာပြောလိုက်သည်။ "အပြင်မှာ မိန်းမစိုးတွေအများကြီးရှိတယ်။ ကျွန်တော်တို့ တကယ်ကို အသံအများကြီးထွက်မယ်ဆို သူတို့ကြားသွားမယ်မထင်ဘူးလား။ တခြားလူတွေသိသွားရင် မင်းသားငယ်... ဘဝတစ်သက်လုံး ကြင်ယာတော်ယွီကို လက်ဆက်လို့ရမှာမဟုတ်တော့ဘူး"

ယွီရှီသည် အံ့ဩတကြီး ရပ်နေမိသည်။ သို့ရာတွင် ကျက်သရေရှိရှိအပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ "အဲ့လိုဖြစ်ရင် အကောင်းဆုံးပဲ"

ထိုစကားသည် ကျုံးဝမ်ကို ပြောစရာစကားမရှိဖြစ်စေသည်။ "မင်းသားငယ်..."

ယွီရှီသည် ကျုံးဝမ်၏လက်ကောက်ဝတ်မှ ဆုပ်ကိုင်မှုကို ပိုတင်းကျပ်လိုက်သည်။ သူက တီးတိုးမေးသည်။ "မင်းရဲ့ ပိုင်ဆိုင်ခွင့်စာချုပ်ကိုရရင် ပြဿနာမရှိဘဲ ထွက်သွားနိုင်ပြီးတော့ မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ဘူးမလား"

ကျုံးဝမ်သည် အနှီဘိုးတော်ကြီးချုံအန်းမင်းကြီးကို တစ်ချက်တည်းနှင့်သေအောင် ထုရိုက်ပစ်လိုက်ချင်သည်။ သူသည် ကျုံးဝမ်ကို နည်းနည်းလေးပင် မကူညီနိုင်ဘဲ ယွီရှိကိုပင် စိတ်တိုစေလိုက်သေးသည်။ "လိုချင်တာ ကျွန်တော်မဟုတ်ပါဘူး... ကျွန်တော် လိုချင်ခဲ့ရင်တောင် ဘယ်သူက ကျွန်တော့်ကို လာပေးမှာလဲ"

ယွီရှီသည် စဉ်းစားနေပြီးနောက် ဆုပ်ကိုင်ထားမှုကို ယောင်ယောင်လေး ဖြေလျော့ပေးလိုက်သည်။ "ဒါဆို မင်းမှာဦးနှောက်နည်းနည်းရှိသေးတာပဲ" သူက တိုးညင်းစွာပြောလိုက်သည်။

ကျုံးဝမ်သည် ယွီရှီတစ်ယောက် ချုံအန်းမင်းကြီး၏စေခိုင်းချက်ကို မည်ကဲ့သို့ပယ်ချသည်ကို ပုံဖော်၍မရပေ။ သူက အားမရှိစွာပြောသည်။ "မင်းသားငယ်... မင်းကြီးကို သဘောမတူဘူးလို့ တိုက်ရိုက်ပြောလိုက်တာလား"

ယွီရှီက ဟုတ်မှန်ကြောင်း အသံတစ်ချက်ပြုသည်။

ကျုံးဝမ်သည် ပြုံးမိသွားသည်။

"မင်းက ငါ မသင့်တော်တာတွေ လုပ်နေတယ်လို့ ထင်နေတာမဟုတ်လား" ယွီရှီသည် သူ၏ခေါင်းကို ကျုံးဝမ်ထံသို့ အနည်းငယ်လှည့်လိုက်သည်။ ကျုံးဝမ်က သံသယမျက်လုံးများဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ "ငါ ပိုပြီးတော့ မသင့်တော်အောင်လုပ်နိုင်သေးတယ်... ကျုံးဝမ်၊ မင်းက ငါလက်မထပ်နိုင်မှာကို စိုးရိမ်နေတာမလား၊ ဟုတ်တယ်မလား"

ယွီရှီသည် ကျုံးဝမ်ထံသို့ ခန္ဓာကိုယ်အနည်းငယ်ကိုင်းလိုက်ကာ လေသံကဲ့သို့တိုးသောအသံဖြင့် နားနားကပ်ပြောသည်။ "ပြောရရင်တော့ ငါ့ရဲ့ မင်္ဂလာကိစ္စကို မင်းကူညီပေးလို့ရမလား။ မင်း ငါ့ကို ကူညီချင်လား"

ကျုံးဝမ်၏လက်တို့သည် အနည်းငယ် တုန်လှုပ်သွားသည်။

သူသည် စိတ်ထဲမှနေ၍ စိတ်ငြိမ်ဂါထာကို နှစ်ခေါက်ရွတ်ဆိုကာ မျက်လုံးမှိတ်ထားမိသည်။ သူ့ရှေ့ရှိယွီရှီထံ အာရုံမရောက်အောင် အတတ်နိုင်ဆုံးကြိုးစားနေသည်။ အဓိပ္ပာယ်မရှိသော အတွေးများမတွေးရန် သူ့ကိုယ်သူပြောနေမိသည်။

အသံကိုနှိမ့်လျက် ယွီရှီက ပြောလာသည်။ "မင်းငါ့ကို ကူညီမှာလား"

ကျုံးဝမ်သည် လေကို တဝကြီးရှူရှိုက်လိုက်ပြီး အံကိုကြိတ်လျက်ပြောသည်။ "မင်းသားငယ် ဘာကိုပြောချင်နေတာလဲ"

"ငါ့ကို မင်္ဂလာဆောင်မှာ ရွှမ်စုန်ရှင်းရဲ့လက်ကမ်းပေး" ယွီရှီသည် ဘာမှမထူးဆန်းသကဲသို့ ပြောလိုက်သည်။ "သူက မင်းပြောတဲ့စကားကို နားထောင်လောက်ပါတယ်၊ ဟုတ်တယ်မလား"

"မင်းလုပ်ရဲတယ်" သူ့ရင်ထဲရှိ သာယာမှုများသည် ချက်ချင်ပင် ဝုန်းခနဲကွယ်ပျောက်သွားသည်။ ဒေါသစွက်သော စကားသံများဖြင့် သူက ပြောသည်။ "ယွီရှီ၊ မင်း..."

ထပ်မံ၍ ကျုံးဝမ်သည် ချုပ်ထားရာမှ ရုန်းပြန်သည်။ သို့သော် ယွီရှီ၏ ဖမ်းကိုင်ထားမှုသည် ပြုတ်တူနှင့် ညှပ်ထားသကဲ့သို့ပင်။ သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ "ဘာလို့ ဒေါသထွက်နေတာလဲ။ သူ့ကို တော်ဝင်မိသားစုဝင်လို့ သတ်မှတ်လို့ရသေးပေမဲ့ ချန်အန်းမင်းသားအိမ်တော်က ကျဆုံးပြီးပြီလေ။ ဒီမင်္ဂလာပွဲက... သူ့အတွက် အဆင့်တက်ဖို့ မင်္ဂလာပွဲပဲမဟုတ်ဘူးလား"

"ဒါပေါ့..." ကျုံးဝမ်သည် စိတ်တိုလွန်း၍ မျက်နှာမှာ သွေးဆုတ်ကာဖြူလာသည်။ "စုန်ရှင်းက အခုထိငယ်သေးတယ်။ သူ့ရဲ့ ပင်ကို ကိုယ်ရည်ကိုယ်သွေးကိုတောင် မသိရသေးဘူး။ ပြီးတော့ သူ့မှာ ငယ်ငယ်တည်းက သင်ပြပေးမဲ့ အမေလည်းမရှိခဲ့ဘူး။ အနာဂါတ်မှာ... မင်းသားယွီအိမ်တော်အတွက် အထောက်အပံ့မဖြစ်စေမှာ ကျွန်တော်စိုးရိမ်မိတယ်။ ကျေးဇူးပြု၍ အရှင့်သား... သူ့ကို ချမ်းသာပေးလို့ရမလား"

ယွီရှီက မျက်လုံးများကို မှေးလိုက်သည်။ "သူက မင်းရှေ့မှာကြီးပြင်းလာတာပဲ... မင်းက သူ့ကိုလက်ထပ်ချင်နေတာများလား"

"သူက ဘယ်နှနှစ်မို့လို့လဲ" ကျုံးဝမ်က ဒေါသတကြီးပြောသည်။ "ကျွန်တော်ဘယ်လိုလူမျိုးလို့ မင်းသားငယ်ထင်လို့လဲ"

"မင်းမှာ သူ့ကို လက်ထပ်ဖို့ရည်ရွယ်ချက် နည်းနည်းတောင် မရှိတာသေချာလား"

ကျုံးဝမ်သည် ရှိသမျှအားကုန်သလောက်ပင် ဖြစ်နေချေပြီ။ သူက စာအုပ်စင်ကို မှီလျက် မောပန်းစွာ ပြောသည်။ "အရှင့်သား... ကျွန်တော်က အခုဘာအဆင့်အတန်းလဲ။ သူကရော ဘာအဆင့်အတန်းလဲ။ ကျွန်တော်သူ့ကို လက်ထပ်တာလား။ ဒါဖြစ်နိုင်တယ်လို့ အရှင့်သားထင်လို့လား"

ယွီရှီ၏နှုတ်မှ စကားတစ်ခွန်းပင် ထွက်မလာခဲ့ပေ။

အတိတ်မှဖြစ်ရပ်ဆိုးကြီး မဖြစ်ပွားခဲ့လျှင် မင်းသားနင်၏ ကျုံးဝမ်အပေါ်မျက်နှာပေးမှုမျိုးနှင့်ဆို မင်းသားနင်သည် အမှန်တကယ်ပင် သူ့အားရွှမ်စုန်ရှင်း၏လက် ကမ်းပေးမည်မှာ သေချာသည်။

ယွီရှီငြိမ်သက်နေသည်ကို သတိထားမိသော ကျုံးဝမ်သည် နောက်တစ်ကြိမ် အံကြိတ်မိသည်။ "မင်းသားငယ်ယွီ... ကျွန်တော်တစ်ခါမှ အဲ့လိုကိစ္စမျိုးကို စိတ်ကူးတောင်မယဉ်ဖူးဘူး။ ကျွန်တော်က ဒီနဂါးနဲ့ဇာမဏီငှက်အမွှာမောင်နှမကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ချင်ရုံပဲ။ ရွှမ်ယွီကို တစ်အိုးတစ်အိမ်ထူထောင်နိုင်ပြီးတော့ စုန်ရှင်းကိုတော့ သူနဲ့အသက်တူတဲ့ ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ထိမ်းမြားစေချင်တဲ့ ဆန္ဒပဲရှိတယ်။ သူက တော်ဝင်မျိုးနွယ်က ဆင်းသက်လာတဲ့ မျိုးဆက်တစ်ယောက်ပဲ။ သူ့ကို ကျွန်တော့်လိုလူမျိုးနဲ့... မပေးစားပါနဲ့၊ ဟုတ်ပြီလား"

ယွီရှီသည် ထပ်မံ၍ တိတ်ဆိတ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

ကျုံးဝမ်သည် ယခုမှပင် စိတ်သက်သာရာရသွားသည်။ အချိန်ခဏယူကာ စိတ်ငြိမ်စေပြီးနောက်တွင် သိက္ခာကျ၍ ဝမ်းနည်းမိသည်။

ယွီရှီ၊ ဒီအရူးကောင်...

သူက ဘယ်လိုစုန်ရှင်းကို ထိမ်းမြားမှာလဲ...

ဤမင်္ဂလာပွဲမျိုးဖြစ်ခဲ့သည်ရှိသော် သူတို့၏အဆင့်အတန်းချင်း ကွာခြားချက်ကို မဆိုထားနှင့်။ သူ့အနေနှင့် ဟွေ့ရန်မင်းသမီးကို လက်ထပ်ထိမ်းမြားချင်လျှင်ပင် ချုံအန်းမင်းကြီးသည် ယွီရှီကို နေအိမ်အကျယ်ချုပ်ချထားလောက်အောင် ဒေါသထွက်ပေလိမ့်မည်။ စုန်ရှင်း... သည်လည်း ရွှမ်မျိုးရိုးပင် ဖြစ်သည်။

ယွီရှီသည် သူ့ကိုစနေသည်မှာ သိသာသည်။ နူးညံ့သောအသံဖြင့် ကျုံးဝမ်က မေးလိုက်သည်။ "မင်းသားငယ်က ရည်ရွယ်ချက်တစ်ခုခုရှိလို့ ဒါကိုဆင်ခြေလုပ်ပြီး အကြောင်းပြနေတာလား"

ယွီရှီ၏အတွေးသည် ဖော်ထုတ်ခံလိုက်ရသည်။ သို့တိုင်အောင် သူက ပြုံးသာပြသည်။ "ငါ ဘာပြောချင်တယ်ဆိုတာ မင်းသေချာသိသွားရင် ငါ့ရဲ့ရည်ရွယ်ချက်က အထမြောက်သွားပြီ"

ငါ့ရဲ့ ပိုင်ဆိုင်ခွင့်စာချုပ်ကို မင်းဆီကတောင်းဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး၊ ကျုံးဝမ် တွေးလိုက်သည်။

ယွီရှီသည် ခေါင်းကို ကျုံးဝမ်ဘက်သို့ လှည့်လိုက်သည်။ "အခုလေးတင်ပဲ၊ မင်းငိုချင်လောက်အောင် စိတ်ဖိစီးသွားတယ်မလား"

"ဘာအတွက် ငိုရမှာလဲ" ကျုံးဝမ် ငြိမ်သက်သွားသည်။ "ကျွန်တော်နောက်ဆုံးအကြိမ်ငိုခဲ့တုန်းက ကျွန်တော့်မိဘတွေ သေတုန်းကပဲ... ကျွန်တော် လွယ်လွယ်နဲ့မငိုတတ်ဘူး"

ယွီရှီသည် အတိတ်က အကြောင်းများကို ပြန်လည်တွေးတောနေသည်... သူသည် တကယ်ပင် ကျုံးဝမ်ငိုသည်ကို မမြင်ခဲ့ဖူးချေ။

ရွှမ်စုန်ရှင်းလုံခြုံသွားကြောင်း သိလိုက်ရသောအခါ ကျုံးဝမ်သည် စိတ်သက်သာရာရသွားသည်။ ယွီရှီနှင့်မူ ပြိုင်ပြီးငြင်းခုံမနေတော့ပေ။ သူသည် ကာလရှည်ကြာအဖျားရောဂါမှ နာလန်ထူကာစပင်ရှိသေးပြီး အားသိပ်မရှိသေးပေ။ သူသည် သူ့စကားလုံးများကို သိပ်အာရုံမထားတော့ဘဲ ပြောချလိုက်သည်။ "ကျွန်တော့် လက်ကောက်ဝတ် တကယ်နာနေပြီ"

ယွီရှီ၏ကိုယ်သည် တောင့်သွားရပြန်သည်။

ကျုံးဝမ်သည် သူ့လက်ကိုဖြည်းဖြည်းဆွဲယူကြည့်ပြီး သတိလက်လွတ်ပြောလိုက်သည်။ "လက်ချောင်းရာတွေတောင် ထင်ကုန်ပြီလား"

ယွီရှီသည် ငုံ့ကြည့်လိုက်သည်။ ကျုံးဝမ်၏ဝတ်ရုံအနားစကို အနည်းငယ်ပင့်တင်ကြည့်လိုက်သည်။ တကယ်ပင်... သူ့လက်ကောက်ဝတ်တွင် လက်ချောင်းရာအချို့ထင်နေလေပြီ။

ဆိတ်ငြိမ်နေကြပြီးသည့်နောက်တွင် ယွီရှီက ပြောလာသည် "မင်းပြောတာမှားတယ်"

"ဘာလဲ" ကျုံးဝမ်က မျက်မှောင်ကြုတ်လျက် ပြောသည်။

"မင်းပြောတာမှားတယ်"

ကျုံးဝမ်သည် သူနောက်ထပ်အဖျားပိုးတစ်ခု ကူးစက်ခံလိုက်ရပြီး သူ့တွေးခေါ်ဉာဏ်ကို ဖျက်ဆီးခံလိုက်ရသည်ဟု သံသယရှိလာသည်။ သူ ဘာကိုများ မှန်မှန်မပြောလိုက်မိပါသနည်း။

ယွီရှီက ကျုံးဝမ်ကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်သည်။ "မင်း အစတည်းက ပြောသင့်တာက 'ဆက်ခံသူ၊ ကျွန်တော့်လက်ကောက်ဝတ် အရမ်းနာနေပြီ။ ကျွန်တော့်ကို နှိပ်ပေးပါ' "

ကျုံးဝမ်သည် အံ့ဩလွန်း၍ စကားမပြောနိုင်တော့ပေ။ ငါရူးသွားတာလား။

"အဲဒါပြီးရင် ငါက မင်းပြောနေတာကို ဂရုမစိုက်ဘဲ မင်းကို ဆက်ကိုင်ထားမယ်။ ပြီးတော့ မင်းကပြောမယ် 'ဆက်ခံသူ၊ တကယ်နာလို့ပါ။ ကိုင်ထားတာကို အားလျှော့ပေးပါ' "

ကျုံးဝမ်သည် ယခုချိန်ထိတိုင် သူ့စကားများကို အဓိပ္ပာယ်မဖော်နိုင်သေးပေ။

သူသည် နောက်ဆုံးတွင် ကျုံးဝမ်ကို လွှတ်ပေးလိုက်သော်လည်း ကျုံးဝမ်မှာမူ ယခုအချိန်တွင် ပို၍ပင် ကြောက်လာသည်။ ဂနာမငြိမ်ဖြစ်ကာ စိုးရိမ်ပူပန်လျက် သူသည် ယွီရှီကို စိုက်ကြည့်နေသည်။ ဒါက... ရူးသွားတဲ့လူက သူလား ဒါမှမဟုတ် ယွီရှီလား"

ယွီရှီထိုင်ချလိုက်သည်။ သူ့မျက်နှာသည် ခံစားချက်ကင်းမဲ့နေသည်။ "ငါကပြောမယ် 'ပြည်တည်တည် ညုတုတုလုပ်တာရပ်တော့။ ငါအားအများကြီး မသုံးထားဘူး' "

ကျုံးဝမ်သည် ပို၍ပင် ဆွံ့အသွားသည်။

"ပြီးတော့ မင်းကပြောမယ် 'ဆက်ခံသူက ကိုယ့်အားကိုယ်မှ မသိတာ။ ကျွန်တော့်ကိုမြန်မြန်ကြည့်ပေး။ ကျွန်တော့်ကို အဲ့ပေါ်မှာမှုတ်ပေး' "

ကျုံးဝမ်၏လက်ပေါ်ရှိ အမွေးများအားလုံး ထောင်မတ်သွားသည်။ ယွီရှီ... သူက မကောင်းဆိုးဝါးတွေများ အစီးခံထားရသည်လား။

ယွီရှီက သူ့ကိုကြည့်ကာ ဝတ်ရုံလက်ထဲမှ စာအုပ်တစ်အုပ် ထုတ်လာသည်။ သူသည် ထိုစာအုပ်ကို ကျုံးဝမ်၏ရင်ဘတ်သို့ ပစ်ပေးလိုက်သည်။

ရှုပ်ထွေးစွာပင် ကျုံးဝမ်သည် စာအုပ်ကို လှန်ကြည့်လိုက်သည်—

"အစ်ကိုချောကျုံး ဆက်ခံသူနဲ့ စာဖတ်ခန်းမှာ ချိန်းတွေ့ခြင်း"

ကျုံးဝမ်သည် ယခုမှ အမှန်တကယ်ကို စကားမပြောနိုင်တော့ပေ။

သို့ဆိုလျှင် သူရူးသွားသည်မဟုတ်။ ယွီရှီသည် စာအုပ်ထဲမှ စာကြောင်းများကို ဖတ်ပြနေရုံမျှသာ ဖြစ်သည်။

သို့ရာတွင် ဤကိစ္စသည် တော်တော်လေးကို အံ့ဩဖွယ်ကောင်းသည်ဟု သူထင်နေမိသည်။

ဤကဲ့သို့ ဝတ္ထုမျိုးသည် မြို့တော်တွင် လည်ပတ်နေသည်လား။

မြောက်ပိုင်းရှိ ယဉ်ကျေးမှုသည် ဤမျှပင်ပွင့်လင်းသည်လား။

မင်းကြီး၊ မင်းသမီးကြီးအန်းကော၊ မင်းသားယွီ... သူတို့ထဲက တစ်ယောက်ယောက်...

သူတို့ ဒီကိစ္စကို မစိစစ်ကြဘူးလား။

ယွီရှီသည် အဘယ်ကြောင့် ဤကဲ့သို့သော စာအုပ်မျိုးကို ဖတ်သနည်း။

ပြီးနောက် သူသည် အဘယ်ကြောင့် စာအုပ်ကို နှုတ်တိုက်ရွတ်နိုင်နေသနည်း။

ကျုံးဝမ်သည် စကားပြောရန် တော်တော်ရုန်းကန်လိုက်ရသည်။ "မင်းသားငယ်ယွီ... ဒီလို ဝတ်ရုံလက်ပြတ်စာအုပ်မျိုးကို နန်းတော်ကို နေ့တိုင်းသယ်နေတာလား... ဒါနဲ့ပတ်သက်ပြီး နည်းနည်းမှားနေတယ်လို့ မထင်ဘူးလား"

"ဒါမှမဟုတ်... ကျွန်တော့်ကိုဖတ်ခိုင်းစေချင်လို့များ သယ်လာတာလား" သူက ခန့်မှန်းပြောသည်။

"မင်းဖို့ ပြင်ဆင်ထားတာ မဟုတ်ဘူး" ယွီရှီ၏မျက်နှာအမူအရာသည် ပုံမှန်ပင်ဖြစ်သည်။ "ငါ ကိုယ့်ဘာသာကိုယ်ဖတ်ဖို့ ယူလာတာ"

ကျုံးဝမ်သည် ဆွံ့အခြင်းအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

ကျုံးဝမ်၏သွင်ပြင်ကိုသတိထားမိလျက် ယွီရှီက ပြုံးလိုက်သည်။ "ငါတို့ရဲ့အချစ်ရေးအကြောင်း ရေးထားတဲ့စာအုပ်ဆို နည်းနည်းတောင် နာမည်မကြီးတဲ့စာအုပ်ကအစ ဖတ်ပြီးပြီ"

ကျုံးဝမ်သည် တွင်းတစ်ခုထဲတွင် ဝင်၍ပုန်းကာသာ နေလိုက်ချင်တော့သည်။ ထပ်မံ၍ သူသည် စကားပြောရန် ရုန်းကန်လိုက်ရသည်။ "မင်းသားငယ်... မင်းသားငယ် တကယ် ဘာလိုချင်နေတာလဲ"

"ငါ့ကို ပျော်ရွှင်စေမဲ့ တစ်ခုခုကိုလိုချင်နေတာ" ယွီရှီပြုံးလိုက်သည်။ "လွန်ခဲ့တဲ့နှစ်တွေမှာ ငါ တော်တော်လေးကိုခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရတယ်။ တစ်ခုတည်းသော ပျော်ရွှင်မှုက မင်းနဲ့ငါရဲ့အကြောင်းရေးထားတဲ့ စာအုပ်တွေပဲ။ အဲ့စာအုပ်တွေက အရမ်းစွဲမက်စရာကောင်းတယ်လို့ ငါထင်တယ်"

"ဘာက ဘဝကို စိတ်မကျေနပ်စေတာလဲ" ကျုံးဝမ်က စာနာစွာမေးလိုက်သည်။

ဆိတ်ဆိတ်ငြိမ်နေပြီးနောက်တွင် ယွီရှီသည် နောက်တစ်ကြိမ်ပြုံးပြန်သည်။ "ဘဝကိုမကျေနပ်စေတာကတော့ မင်းနဲ့ဘာမှမဆိုင်ပါဘူး... ဒါက အမှန်တရားပဲ"

ကျုံးဝမ်သည် သူ့ကို နောက်တစ်ကြိမ် ဖိအားမပေးချင်တော့ပေ။ သူ ဘာမှမပြောနိုင်ခင်မှာပင် ယွီရှီကပြောသည်။ "ဒီစာအုပ်ရဲ့စကားပြေက ပြေပြစ်တယ်။ လှပပေမဲ့ ချွဲပျစ်နေတာမျိုးလည်း မဟုတ်ဘူး။ ငါတော်တော်သဘောကျတယ်"

စာအုပ်ခေါင်းစဉ်ကို မြင်လိုက်ပြီးနောက်တွင် ကျုံးဝမ်သည် ရှက်လွန်း၍ သေချင်တော့သည်။ သူသည် အထဲရှိစာကို အမှန်ပင် မဖတ်ချင်ပေ။

ယွီရှီသည် သူ့အကြံကို သတိထားမိသွားသည်။ သူက တမင်သက်သက် ပြောလိုက်သည်။ "ငါမင်းကို ဒီစာအုပ်ပေးမယ်လေ။ မင်းဘယ်လိုသဘောရလဲ"

ရှက်ရွံ့စွာဖြင့် ကျုံးဝမ်က ပြန်ဖြေသည်။ "ဒါက မင်းသားငယ်ယွီရဲ့ အနှစ်သက်ဆုံးအရာဆိုတော့ ကျွန်တော်လက်မခံဝံ့ပါဘူး"

ယွီရှီသည် မျက်လုံးများကို အန္တရာယ်ရှိသည့်သဏ္ဌာန်ပေါက်အောင် မှေးကျဉ်းလိုက်သည်။

ချက်ချင်းပင် ကျုံးဝမ်သည် သူမှားပြောမိသည်ကို သိလိုက်သည်။ သူက သူ့စကားလုံးများ၏ဆိုလိုရင်းကို အတင်းချိန်းလိုက်သည်။ "ဒါပေမဲ့... ကျွန်တော် တကယ်ဖတ်ကြည့်ချင်ပါတယ်။ မင်းသားငယ်ယွီများ... အနှစ်သက်ဆုံးအရာနဲ့ ခွဲခွာနိုင်ပါသလား"

ယွီရှီက ခေါင်းညိတ်ပြသည်။ "ဒါပေါ့၊ ငါမင်းကိုပေးမယ်လေ" သူ့လေသံသည် ယဉ်ကျေးပျူငှာနေသည်။

ကျုံးဝမ်သည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူသည် စာအုပ်ကို အင်္ကျီအိတ်အတွင်းသို့ထည့်လိုက်ပြီး နန်းတော်အပြင်သို့ ခြေတစ်လှမ်းရောက်သည်နှင့် မီးရှို့ပစ်ရန် စီစဉ်ထားသည်။

"နန်းတော်တံခါးကနေထွက်သွားတာနဲ့ လွှင့်ပစ်တော့မှာမလား၊ ဟုတ်တယ်မလား" တစ်ချက်ကြည့်ရုံမျှဖြင့် ယွီရှီသည် သူ့ကိုဖောက်ထွင်းမြင်နေရသည်။ ရေခဲတမျှအေးစက်စွာဖြင့် သူကဆိုသည်။ "မင်းက ငါ့နဲ့ ရေလိုက်ငါးလိုက်လာလုပ်ပြနေတာလား"

လိပ်ပြာမသန့်စွာဖြင့် ကျုံးဝမ်က ခေါင်းကိုငုံ့လိုက်သည်။ "ကျွန်တော်မလုပ်ရဲပါဘူး။ အရှင့်သားက ကျွန်တော့်ကိုပေးတာဆိုတော့... တကယ်ကို နေ့တိုင်းဖတ်ဖို့ လိုတာပေါ့"

"နေ့တိုင်းဖတ်ဖို့မလိုပါဘူး" ယွီရှီက သူကိုယ်တိုင်သောက်ရန် ရေနွေးကြမ်းငှဲ့ကာ တစ်ငုံသောက်လိုက်သည်။ "ဒီမှာပဲ တစ်ကြိမ်ဖတ်သွား၊ အစအဆုံးနော်"

ကျုံးဝမ်သည် မှင်တက်သွားသည်။ ထို့နောက် သူကမေးသည်။ "အတည်ပြောနေတာလား"

ယွီရှီက ခေါင်းညိတ်သည်။ "မင်းဖတ်ပြီးသွားရင် ငါမင်းကို သွားခွင့်ပေးမယ်"

သူ့ခြိမ်းခြောက်မှုသည် အလွန်ပင် ရှင်းလင်းသည်။ "မင်းသိပါတယ်၊ ငါမင်းကို နန်းတော်မှာ အကျဉ်းချထားလို့ရတယ်နော်"

ကျုံးဝမ်သည် ကြမ်းပြင်ပေါ်သို့ ပုံလဲကျလုမတတ်ပင်။ သူကစာအုပ်ကို ထုတ်ယူလိုက်ပြီး စာရွက်တချို့ကိုလှန်လိုက်သည်။ သူ့နှလုံးသည်ပင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်...

ဤစာအုပ်သည် ချစ်ရေးချစ်ရာကိစ္စများအကြောင်း သက်သက်သာဖြစ်သည်...

နည်းနည်းချင်း၊ နည်းနည်းချင်း ယွီရှီ၏နှုတ်ခမ်းစွန်းများသည် အပေါ်သို့ကော့တက်လာသည်။

ကျုံးဝမ်သည် တစ်ခုခုပြောချင်သော်လည်း မပြောမိခင် သူ့ကိုယ်သူ တားဆီးလိုက်သည်။ "မင်းသားငယ်..."

"မင်းမဖတ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်" ယွီရှီက အချိန်ယူ၍ ပြောလိုက်သည်။ "ငါဒီနေ့ပဲ လင်စစ်ကို သတ်လိုက်မယ်"

ကျုံးဝမ်သည် လေကို တစ်ဝကြီးရှူရှိုက်လိုက်သည်။ ခုနှစ်နှစ်။ လင်စစ်သည် မြို့တော်တွင် ခုနှစ်နှစ်တိုင်အောင် ကောင်းမွန်စွာနေထိုင်ကာ အစားကောင်းစား၍ အအိပ်ကောင်းအိပ်ခဲ့ရသည်။ သို့ရာတွင် ကျုံးဝမ် မြို့တော်သို့ ရောက်ချိန်မှစ၍ သနားစဖွယ် စကားမပြောတတ်သူလေးခမျာ နေ့စဉ်ပင် အန္တရာယ်တွင်းထဲသို့ သွတ်သွင်းခံနေရသည်...

သူသည် အံကြိတ်လိုက်သည်။ "ကျွန်တော်ဖတ်ပါ့မယ်"

ယွီရှီ ခေါင်းညိတ်လိုက်သည်။ "မင်းဖတ်ရင် အရမ်းတိုးတိုးလေး မဖတ်နဲ့။ ခံစားချက်ပါ ထည့်ဖတ်... အခုစတော့"

ဆိုးယုတ်သောသူ စေခိုင်းသည့်အရာမှာ သည်းခံရန်အခက်ခဲဆုံးအရာဖြစ်သည်။

ကျုံးဝမ်သည် ထိုင်ချလိုက်သည်။ ပထမဆုံးစာရွက်ကို လှန်လိုက်စဉ်မှာပင် သူ့မျက်လုံးများ မှောင်မိုက်လာရသည်။

သူသည် လည်ချောင်းရှင်းလိုက်သည်။ "ဒီနေ့ - မင်းဆက်ရဲ့ - ခေတ်အကြောင်းပြောကြရအောင်။ မျိုးရိုးနာမည်ကျုံးလို့ခေါ်တဲ့ အမျိုးကောင်းသားတစ်ယောက်ရှိတယ်။ ချစ်စိတ်မွှန်နေခဲ့တဲ့ လူကလေးပေါ့..."

ရည်ရွယ်ချက်မရှိဘဲစိတ်ရှုပ်နေပြီးနောက် ကျုံးဝမ်သည် ယွီရှီ၏နောက်ကြောင်းနှင့် ပတ်သက်၍ အတွေးလွန်နေသလားဟု စဉ်းစားမိလာသည်။

ဘယ်က အတွင်းသတင်းလဲ။ ဘာ တရားမဝင်ကလေးလဲ... လူကောင်းတစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေတောင် ဒီလိုဟာမျိုးကို နှစ်ရှည်လများဖတ်ရင် အများကြီးပြောင်းလဲလာနိုင်သေးတာပဲ...

1.12.2020

Thanks for reading

Zawgyi

ဘယ္သူက ပြဲဆူေအာင္လုပ္ေနတာလဲ။

အ႐ြယ္ေရာက္ၿပီးေသာ ယြီရွီသည္ က်ဳံးဝမ္ထက္ ႏွစ္လက္မ၊ သုံးလက္မခန႔္ အရပ္ပိုရွည္သည္။ သူသည္ အံ့ဩဖြယ္ေကာင္းေလာက္ေအာင္လည္း သန္မာေသးသည္။ က်ဳံးဝမ္သည္ သူ၏ခ်ဳပ္ေႏွာင္မႈမွ လုံးဝမ႐ုန္းႏိုင္ေပ။ သူသည္ ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ ယြီရွီအား နားကေလာဖြယ္ စကားမ်ားဆိုေတာ့သည္။ "ဒါေပါ့၊ ကြၽန္ေတာ္ ေရးႀကီးခြင္က်ယ္ျဖစ္ေအာင္ လုပ္ရမွာေပါ့... ဒီေန႔ နန္းေတာ္ကိုလာတဲ့သူတိုင္းကို မင္းသားငယ္ဘာလုပ္ေနလဲသိေစခ်င္တယ္။ အဲ့လိုဆို အရမ္းေကာင္းမွာပဲ။ မင္းသားငယ္ယြီ၊ ဂုဏ္သေရရွိတဲ့မင္းသားငယ္က ဒီႏွစ္ေတြအတြင္း ကြၽန္ေတာ္ ဘယ္လိုအသက္ရွင္ခဲ့ရတယ္ဆိုတာ ေမ့သြားတာမ်ားလား"

ယြီရွီသည္ မ်က္လႊာခ်ကာ အၾကည့္လႊဲလိုက္သည္။ သူ႔မ်က္ဝန္းမ်ားကိုၾကည့္ၿပီး သူေပ်ာ္ေနလား၊ ဝမ္နည္းေနလား ေျပာရန္ ခက္ခဲေပသည္။ "ေသခ်ာေပါက္ ငါမွတ္မိတာေပါ့"

က်ဳံးဝမ္သည္ တတ္ႏိုင္သမွ် ညင္သာစြာေျပာလိုက္သည္။ "အျပင္မွာ မိန္းမစိုးေတြအမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္တို႔ တကယ္ကို အသံအမ်ားႀကီးထြက္မယ္ဆို သူတို႔ၾကားသြားမယ္မထင္ဘူးလား။ တျခားလူေတြသိသြားရင္ မင္းသားငယ္... ဘဝတစ္သက္လုံး ၾကင္ယာေတာ္ယြီကို လက္ဆက္လို႔ရမွာမဟုတ္ေတာ့ဘူး"

ယြီရွီသည္ အံ့ဩတႀကီး ရပ္ေနမိသည္။ သို႔ရာတြင္ က်က္သေရရွိရွိအၿပဳံးတစ္ခု ဆင္ျမန္းလိုက္သည္။ "အဲ့လိုျဖစ္ရင္ အေကာင္းဆုံးပဲ"

ထိုစကားသည္ က်ဳံးဝမ္ကို ေျပာစရာစကားမရွိျဖစ္ေစသည္။ "မင္းသားငယ္..."

ယြီရွီသည္ က်ဳံးဝမ္၏လက္ေကာက္ဝတ္မွ ဆုပ္ကိုင္မႈကို ပိုတင္းက်ပ္လိုက္သည္။ သူက တီးတိုးေမးသည္။ "မင္းရဲ႕ ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကိုရရင္ ျပႆနာမရွိဘဲ ထြက္သြားႏိုင္ၿပီးေတာ့ ၿမိဳ႕ေတာ္ကို ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးမလား"

က်ဳံးဝမ္သည္ အႏွီဘိုးေတာ္ႀကီးခ်ဳံအန္းမင္းႀကီးကို တစ္ခ်က္တည္းႏွင့္ေသေအာင္ ထု႐ိုက္ပစ္လိုက္ခ်င္သည္။ သူသည္ က်ဳံးဝမ္ကို နည္းနည္းေလးပင္ မကူညီႏိုင္ဘဲ ယြီရွိကိုပင္ စိတ္တိုေစလိုက္ေသးသည္။ "လိုခ်င္တာ ကြၽန္ေတာ္မဟုတ္ပါဘူး... ကြၽန္ေတာ္ လိုခ်င္ခဲ့ရင္ေတာင္ ဘယ္သူက ကြၽန္ေတာ့္ကို လာေပးမွာလဲ"

ယြီရွီသည္ စဥ္းစားေနၿပီးေနာက္ ဆုပ္ကိုင္ထားမႈကို ေယာင္ေယာင္ေလး ေျဖေလ်ာ့ေပးလိုက္သည္။ "ဒါဆို မင္းမွာဦးေႏွာက္နည္းနည္းရွိေသးတာပဲ" သူက တိုးညင္းစြာေျပာလိုက္သည္။

က်ဳံးဝမ္သည္ ယြီရွီတစ္ေယာက္ ခ်ဳံအန္းမင္းႀကီး၏ေစခိုင္းခ်က္ကို မည္ကဲ့သို႔ပယ္ခ်သည္ကို ပုံေဖာ္၍မရေပ။ သူက အားမရွိစြာေျပာသည္။ "မင္းသားငယ္... မင္းႀကီးကို သေဘာမတူဘူးလို႔ တိုက္႐ိုက္ေျပာလိုက္တာလား"

ယြီရွီက ဟုတ္မွန္ေၾကာင္း အသံတစ္ခ်က္ျပဳသည္။

က်ဳံးဝမ္သည္ ၿပဳံးမိသြားသည္။

"မင္းက ငါ မသင့္ေတာ္တာေတြ လုပ္ေနတယ္လို႔ ထင္ေနတာမဟုတ္လား" ယြီရွီသည္ သူ၏ေခါင္းကို က်ဳံးဝမ္ထံသို႔ အနည္းငယ္လွည့္လိုက္သည္။ က်ဳံးဝမ္က သံသယမ်က္လုံးမ်ားျဖင့္ သူ႔ကိုၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ "ငါ ပိုၿပီးေတာ့ မသင့္ေတာ္ေအာင္လုပ္ႏိုင္ေသးတယ္... က်ဳံးဝမ္၊ မင္းက ငါလက္မထပ္ႏိုင္မွာကို စိုးရိမ္ေနတာမလား၊ ဟုတ္တယ္မလား"

ယြီရွီသည္ က်ဳံးဝမ္ထံသို႔ ခႏၶာကိုယ္အနည္းငယ္ကိုင္းလိုက္ကာ ေလသံကဲ့သို႔တိုးေသာအသံျဖင့္ နားနားကပ္ေျပာသည္။ "ေျပာရရင္ေတာ့ ငါ့ရဲ႕ မဂၤလာကိစၥကို မင္းကူညီေပးလို႔ရမလား။ မင္း ငါ့ကို ကူညီခ်င္လား"

က်ဳံးဝမ္၏လက္တို႔သည္ အနည္းငယ္ တုန္လႈပ္သြားသည္။

သူသည္ စိတ္ထဲမွေန၍ စိတ္ၿငိမ္ဂါထာကို ႏွစ္ေခါက္႐ြတ္ဆိုကာ မ်က္လုံးမွိတ္ထားမိသည္။ သူ႔ေရွ႕ရွိယြီရွီထံ အာ႐ုံမေရာက္ေအာင္ အတတ္ႏိုင္ဆုံးႀကိဳးစားေနသည္။ အဓိပၸာယ္မရွိေသာ အေတြးမ်ားမေတြးရန္ သူ႔ကိုယ္သူေျပာေနမိသည္။

အသံကိုႏွိမ့္လ်က္ ယြီရွီက ေျပာလာသည္။ "မင္းငါ့ကို ကူညီမွာလား"

က်ဳံးဝမ္သည္ ေလကို တဝႀကီးရႉရႈိက္လိုက္ၿပီး အံကိုႀကိတ္လ်က္ေျပာသည္။ "မင္းသားငယ္ ဘာကိုေျပာခ်င္ေနတာလဲ"

"ငါ့ကို မဂၤလာေဆာင္မွာ ႐ႊမ္စုန္ရွင္းရဲ႕လက္ကမ္းေပး" ယြီရွီသည္ ဘာမွမထူးဆန္းသကဲသို႔ ေျပာလိုက္သည္။ "သူက မင္းေျပာတဲ့စကားကို နားေထာင္ေလာက္ပါတယ္၊ ဟုတ္တယ္မလား"

"မင္းလုပ္ရဲတယ္" သူ႔ရင္ထဲရွိ သာယာမႈမ်ားသည္ ခ်က္ခ်င္ပင္ ဝုန္းခနဲကြယ္ေပ်ာက္သြားသည္။ ေဒါသစြက္ေသာ စကားသံမ်ားျဖင့္ သူက ေျပာသည္။ "ယြီရွီ၊ မင္း..."

ထပ္မံ၍ က်ဳံးဝမ္သည္ ခ်ဳပ္ထားရာမွ ႐ုန္းျပန္သည္။ သို႔ေသာ္ ယြီရွီ၏ ဖမ္းကိုင္ထားမႈသည္ ျပဳတ္တူႏွင့္ ညႇပ္ထားသကဲ့သို႔ပင္။ သူ႔ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္ပြင့္ေပၚလာသည္။ "ဘာလို႔ ေဒါသထြက္ေနတာလဲ။ သူ႔ကို ေတာ္ဝင္မိသားစုဝင္လို႔ သတ္မွတ္လို႔ရေသးေပမဲ့ ခ်န္အန္းမင္းသားအိမ္ေတာ္က က်ဆုံးၿပီးၿပီေလ။ ဒီမဂၤလာပြဲက... သူ႔အတြက္ အဆင့္တက္ဖို႔ မဂၤလာပြဲပဲမဟုတ္ဘူးလား"

"ဒါေပါ့..." က်ဳံးဝမ္သည္ စိတ္တိုလြန္း၍ မ်က္ႏွာမွာ ေသြးဆုတ္ကာျဖဴလာသည္။ "စုန္ရွင္းက အခုထိငယ္ေသးတယ္။ သူ႔ရဲ႕ ပင္ကို ကိုယ္ရည္ကိုယ္ေသြးကိုေတာင္ မသိရေသးဘူး။ ၿပီးေတာ့ သူ႔မွာ ငယ္ငယ္တည္းက သင္ျပေပးမဲ့ အေမလည္းမရွိခဲ့ဘူး။ အနာဂါတ္မွာ... မင္းသားယြီအိမ္ေတာ္အတြက္ အေထာက္အပံ့မျဖစ္ေစမွာ ကြၽန္ေတာ္စိုးရိမ္မိတယ္။ ေက်းဇူးျပဳ၍ အရွင့္သား... သူ႔ကို ခ်မ္းသာေပးလို႔ရမလား"

ယြီရွီက မ်က္လုံးမ်ားကို ေမွးလိုက္သည္။ "သူက မင္းေရွ႕မွာႀကီးျပင္းလာတာပဲ... မင္းက သူ႔ကိုလက္ထပ္ခ်င္ေနတာမ်ားလား"

"သူက ဘယ္ႏွႏွစ္မို႔လို႔လဲ" က်ဳံးဝမ္က ေဒါသတႀကီးေျပာသည္။ "ကြၽန္ေတာ္ဘယ္လိုလူမ်ိဳးလို႔ မင္းသားငယ္ထင္လို႔လဲ"

"မင္းမွာ သူ႔ကို လက္ထပ္ဖို႔ရည္႐ြယ္ခ်က္ နည္းနည္းေတာင္ မရွိတာေသခ်ာလား"

က်ဳံးဝမ္သည္ ရွိသမွ်အားကုန္သေလာက္ပင္ ျဖစ္ေနေခ်ၿပီ။ သူက စာအုပ္စင္ကို မွီလ်က္ ေမာပန္းစြာ ေျပာသည္။ "အရွင့္သား... ကြၽန္ေတာ္က အခုဘာအဆင့္အတန္းလဲ။ သူကေရာ ဘာအဆင့္အတန္းလဲ။ ကြၽန္ေတာ္သူ႔ကို လက္ထပ္တာလား။ ဒါျဖစ္ႏိုင္တယ္လို႔ အရွင့္သားထင္လို႔လား"

ယြီရွီ၏ႏႈတ္မွ စကားတစ္ခြန္းပင္ ထြက္မလာခဲ့ေပ။

အတိတ္မွျဖစ္ရပ္ဆိုးႀကီး မျဖစ္ပြားခဲ့လွ်င္ မင္းသားနင္၏ က်ဳံးဝမ္အေပၚမ်က္ႏွာေပးမႈမ်ိဳးႏွင့္ဆို မင္းသားနင္သည္ အမွန္တကယ္ပင္ သူ႔အား႐ႊမ္စုန္ရွင္း၏လက္ ကမ္းေပးမည္မွာ ေသခ်ာသည္။

ယြီရွီၿငိမ္သက္ေနသည္ကို သတိထားမိေသာ က်ဳံးဝမ္သည္ ေနာက္တစ္ႀကိမ္ အံႀကိတ္မိသည္။ "မင္းသားငယ္ယြီ... ကြၽန္ေတာ္တစ္ခါမွ အဲ့လိုကိစၥမ်ိဳးကို စိတ္ကူးေတာင္မယဥ္ဖူးဘူး။ ကြၽန္ေတာ္က ဒီနဂါးနဲ႔ဇာမဏီငွက္အမႊာေမာင္ႏွမကို ေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ခ်င္႐ုံပဲ။ ႐ႊမ္ယြီကို တစ္အိုးတစ္အိမ္ထူေထာင္ႏိုင္ၿပီးေတာ့ စုန္ရွင္းကိုေတာ့ သူနဲ႔အသက္တူတဲ့ ေယာက္်ားေကာင္းတစ္ေယာက္နဲ႔ လက္ထပ္ထိမ္းျမားေစခ်င္တဲ့ ဆႏၵပဲရွိတယ္။ သူက ေတာ္ဝင္မ်ိဳးႏြယ္က ဆင္းသက္လာတဲ့ မ်ိဳးဆက္တစ္ေယာက္ပဲ။ သူ႔ကို ကြၽန္ေတာ့္လိုလူမ်ိဳးနဲ႔... မေပးစားပါနဲ႔၊ ဟုတ္ၿပီလား"

ယြီရွီသည္ ထပ္မံ၍ တိတ္ဆိတ္ေနၿပီးမွ ေခါင္းညိတ္လိုက္သည္။ "ေကာင္းၿပီ"

က်ဳံးဝမ္သည္ ယခုမွပင္ စိတ္သက္သာရာရသြားသည္။ အခ်ိန္ခဏယူကာ စိတ္ၿငိမ္ေစၿပီးေနာက္တြင္ သိကၡာက်၍ ဝမ္းနည္းမိသည္။

ယြီရွီ၊ ဒီအ႐ူးေကာင္...

သူက ဘယ္လိုစုန္ရွင္းကို ထိမ္းျမားမွာလဲ...

ဤမဂၤလာပြဲမ်ိဳးျဖစ္ခဲ့သည္ရွိေသာ္ သူတို႔၏အဆင့္အတန္းခ်င္း ကြာျခားခ်က္ကို မဆိုထားႏွင့္။ သူ႔အေနႏွင့္ ေဟြ႕ရန္မင္းသမီးကို လက္ထပ္ထိမ္းျမားခ်င္လွ်င္ပင္ ခ်ဳံအန္းမင္းႀကီးသည္ ယြီရွီကို ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားေလာက္ေအာင္ ေဒါသထြက္ေပလိမ့္မည္။ စုန္ရွင္း... သည္လည္း ႐ႊမ္မ်ိဳး႐ိုးပင္ ျဖစ္သည္။

ယြီရွီသည္ သူ႔ကိုစေနသည္မွာ သိသာသည္။ ႏူးညံ့ေသာအသံျဖင့္ က်ဳံးဝမ္က ေမးလိုက္သည္။ "မင္းသားငယ္က ရည္႐ြယ္ခ်က္တစ္ခုခုရွိလို႔ ဒါကိုဆင္ေျခလုပ္ၿပီး အေၾကာင္းျပေနတာလား"

ယြီရွီ၏အေတြးသည္ ေဖာ္ထုတ္ခံလိုက္ရသည္။ သို႔တိုင္ေအာင္ သူက ၿပဳံးသာျပသည္။ "ငါ ဘာေျပာခ်င္တယ္ဆိုတာ မင္းေသခ်ာသိသြားရင္ ငါ့ရဲ႕ရည္႐ြယ္ခ်က္က အထေျမာက္သြားၿပီ"

ငါ့ရဲ႕ ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကို မင္းဆီကေတာင္းဖို႔ ဘယ္တုန္းကမွ မစဥ္းစားဖူးဘူး၊ က်ဳံးဝမ္ ေတြးလိုက္သည္။

ယြီရွီသည္ ေခါင္းကို က်ဳံးဝမ္ဘက္သို႔ လွည့္လိုက္သည္။ "အခုေလးတင္ပဲ၊ မင္းငိုခ်င္ေလာက္ေအာင္ စိတ္ဖိစီးသြားတယ္မလား"

"ဘာအတြက္ ငိုရမွာလဲ" က်ဳံးဝမ္ ၿငိမ္သက္သြားသည္။ "ကြၽန္ေတာ္ေနာက္ဆုံးအႀကိမ္ငိုခဲ့တုန္းက ကြၽန္ေတာ့္မိဘေတြ ေသတုန္းကပဲ... ကြၽန္ေတာ္ လြယ္လြယ္နဲ႔မငိုတတ္ဘူး"

ယြီရွီသည္ အတိတ္က အေၾကာင္းမ်ားကို ျပန္လည္ေတြးေတာေနသည္... သူသည္ တကယ္ပင္ က်ဳံးဝမ္ငိုသည္ကို မျမင္ခဲ့ဘူးေခ်။

႐ႊမ္စုန္ရွင္းလုံၿခဳံသြားေၾကာင္း သိလိုက္ရေသာအခါ က်ဳံးဝမ္သည္ စိတ္သက္သာရာရသြားသည္။ ယြီရွီႏွင့္မူ ၿပိဳင္ၿပီးျငင္းခုံမေနေတာ့ေပ။ သူသည္ ကာလရွည္ၾကာအဖ်ားေရာဂါမွ နာလန္ထူကာစပင္ရွိေသးၿပီး အားသိပ္မရွိေသးေပ။ သူသည္ သူ႔စကားလုံးမ်ားကို သိပ္အာ႐ုံမထားေတာ့ဘဲ ေျပာခ်လိုက္သည္။ "ကြၽန္ေတာ့္ လက္ေကာက္ဝတ္ တကယ္နာေနၿပီ"

ယြီရွီ၏ကိုယ္သည္ ေတာင့္သြားရျပန္သည္။

က်ဳံးဝမ္သည္ သူ႔လက္ကိုျဖည္းျဖည္းဆြဲယူၾကည့္ၿပီး သတိလက္လြတ္ေျပာလိုက္သည္။ "လက္ေခ်ာင္းရာေတြေတာင္ ထင္ကုန္ၿပီလား"

ယြီရွီသည္ ငုံ႔ၾကည့္လိုက္သည္။ က်ဳံးဝမ္၏ဝတ္႐ုံအနားစကို အနည္းငယ္ပင့္တင္ၾကည့္လိုက္သည္။ တကယ္ပင္... သူ႔လက္ေကာက္ဝတ္တြင္ လက္ေခ်ာင္းရာအခ်ိဳ႕ထင္ေနေလၿပီ။

ဆိတ္ၿငိမ္ေနၾကၿပီးသည့္ေနာက္တြင္ ယြီရွီက ေျပာလာသည္ "မင္းေျပာတာမွားတယ္"

"ဘာလဲ" က်ဳံးဝမ္က မ်က္ေမွာင္ၾကဳတ္လ်က္ ေျပာသည္။

"မင္းေျပာတာမွားတယ္"

က်ဳံးဝမ္သည္ သူေနာက္ထပ္အဖ်ားပိုးတစ္ခု ကူးစက္ခံလိုက္ရၿပီး သူ႔ေတြးေခၚဉာဏ္ကို ဖ်က္ဆီးခံလိုက္ရသည္ဟု သံသယရွိလာသည္။ သူ ဘာကိုမ်ား မွန္မွန္မေျပာလိုက္မိပါသနည္း။

ယြီရွီက က်ဳံးဝမ္ကို ဆုပ္ကိုင္ထားရာမွ လႊတ္ေပးလိုက္သည္။ "မင္း အစတည္းက ေျပာသင့္တာက 'ဆက္ခံသူ၊ ကြၽန္ေတာ့္လက္ေကာက္ဝတ္ အရမ္းနာေနၿပီ။ ကြၽန္ေတာ့္ကို ႏွိပ္ေပးပါ' "

က်ဳံးဝမ္သည္ အံ့ဩလြန္း၍ စကားမေျပာႏိုင္ေတာ့ေပ။ ငါ႐ူးသြားတာလား။

"အဲဒါၿပီးရင္ ငါက မင္းေျပာေနတာကို ဂ႐ုမစိုက္ဘဲ မင္းကို ဆက္ကိုင္ထားမယ္။ ၿပီးေတာ့ မင္းကေျပာမယ္ 'ဆက္ခံသူ၊ တကယ္နာလို႔ပါ။ ကိုင္ထားတာကို အားေလွ်ာ့ေပးပါ' "

က်ဳံးဝမ္သည္ ယခုခ်ိန္ထိတိုင္ သူ႔စကားမ်ားကို အဓိပၸာယ္မေဖာ္ႏိုင္ေသးေပ။

သူသည္ ေနာက္ဆုံးတြင္ က်ဳံးဝမ္ကို လႊတ္ေပးလိုက္ေသာ္လည္း က်ဳံးဝမ္မွာမူ ယခုအခ်ိန္တြင္ ပို၍ပင္ ေၾကာက္လာသည္။ ဂနာမၿငိမ္ျဖစ္ကာ စိုးရိမ္ပူပန္လ်က္ သူသည္ ယြီရွီကို စိုက္ၾကည့္ေနသည္။ ဒါက... ႐ူးသြားတဲ့လူက သူလား ဒါမွမဟုတ္ ယြီရွီလား"

ယြီရွီထိုင္ခ်လိုက္သည္။ သူ႔မ်က္ႏွာသည္ ခံစားခ်က္ကင္းမဲ့ေနသည္။ "ငါကေျပာမယ္ 'ျပည္တည္တည္ နန႔္တန႔္တန႔္လုပ္တာရပ္ေတာ့။ ငါအားအမ်ားႀကီး မသုံးထားဘူး' "

က်ဳံးဝမ္သည္ ပို၍ပင္ ဆြံ႕အသြားသည္။

"ၿပီးေတာ့ မင္းကေျပာမယ္ 'ဆက္ခံသူက ကိုယ့္အားကိုယ္မွ မသိတာ။ ကြၽန္ေတာ့္ကိုျမန္ျမန္ၾကည့္ေပး။ ကြၽန္ေတာ့္ကို အဲ့ေပၚမွာမႈတ္ေပး' "

က်ဳံးဝမ္၏လက္ေပၚရွိ အေမြးမ်ားအားလုံး ေထာင္မတ္သြားသည္။ ယြီရွီ... သူက မေကာင္းဆိုးဝါးေတြမ်ား အစီးခံထားရသည္လား။

ယြီရွီက သူ႔ကိုၾကည့္ကာ ဝတ္႐ုံလက္ထဲမွ စာအုပ္တစ္အုပ္ ထုတ္လာသည္။ သူသည္ ထိုစာအုပ္ကို က်ဳံးဝမ္၏ရင္ဘတ္သို႔ ပစ္ေပးလိုက္သည္။

ရႈပ္ေထြးစြာပင္ က်ဳံးဝမ္သည္ စာအုပ္ကို လွန္ၾကည့္လိုက္သည္—

"အစ္ကိုေခ်ာက်ဳံး ဆက္ခံသူနဲ႔ စာဖတ္ခန္းမွာ ခ်ိန္းေတြ႕ျခင္း"

က်ဳံးဝမ္သည္ ယခုမွ အမွန္တကယ္ကို စကားမေျပာႏိုင္ေတာ့ေပ။

သို႔ဆိုလွ်င္ သူ႐ူးသြားသည္မဟုတ္။ ယြီရွီသည္ စာအုပ္ထဲမွ စာေၾကာင္းမ်ားကို ဖတ္ျပေန႐ုံမွ်သာ ျဖစ္သည္။

သို႔ရာတြင္ ဤကိစၥသည္ ေတာ္ေတာ္ေလးကို အံ့ဩဖြယ္ေကာင္းသည္ဟု သူထင္ေနမိသည္။

ဤကဲ့သို႔ ဝတၳဳမ်ိဳးသည္ ၿမိဳ႕ေတာ္တြင္ လည္ပတ္ေနသည္လား။

ေျမာက္ပိုင္းရွိ ယဥ္ေက်းမႈသည္ ဤမွ်ပင္ပြင့္လင္းသည္လား။

မင္းႀကီး၊ မင္းသမီးႀကီးအန္းေကာ၊ မင္းသားယြီ... သူတို႔ထဲက တစ္ေယာက္ေယာက္...

သူတို႔ ဒီကိစၥကို မစိစစ္ၾကဘူးလား။

ယြီရွီသည္ အဘယ္ေၾကာင့္ ဤကဲ့သို႔ေသာ စာအုပ္မ်ိဳးကို ဖတ္သနည္း။

ၿပီးေနာက္ သူသည္ အဘယ္ေၾကာင့္ စာအုပ္ကို ႏႈတ္တိုက္႐ြတ္ႏိုင္ေနသနည္း။

က်ဳံးဝမ္သည္ စကားေျပာရန္ ေတာ္ေတာ္႐ုန္းကန္လိုက္ရသည္။ "မင္းသားငယ္ယြီ... ဒီလို ဝတ္႐ုံလက္ျပတ္စာအုပ္မ်ိဳးကို နန္းေတာ္ကို ေန႔တိုင္းသယ္ေနတာလား... ဒါနဲ႔ပတ္သက္ၿပီး နည္းနည္းမွားေနတယ္လို႔ မထင္ဘူးလား"

"ဒါမွမဟုတ္... ကြၽန္ေတာ့္ကိုဖတ္ခိုင္းေစခ်င္လို႔မ်ား သယ္လာတာလား" သူက ခန႔္မွန္းေျပာသည္။

"မင္းဖို႔ ျပင္ဆင္ထားတာ မဟုတ္ဘူး" ယြီရွီ၏မ်က္ႏွာအမူအရာသည္ ပုံမွန္ပင္ျဖစ္သည္။ "ငါ ကိုယ့္ဘာသာကိုယ္ဖတ္ဖို႔ ယူလာတာ"

က်ဳံးဝမ္သည္ ဆြံ႕အျခင္းအျဖစ္သို႔ ျပန္လည္ေရာက္ရွိသြားသည္။

က်ဳံးဝမ္၏သြင္ျပင္ကိုသတိထားမိလ်က္ ယြီရွီက ၿပဳံးလိုက္သည္။ "ငါတို႔ရဲ႕အခ်စ္ေရးအေၾကာင္း ေရးထားတဲ့စာအုပ္ဆို နည္းနည္းေတာင္ နာမည္မႀကီးတဲ့စာအုပ္ကအစ ဖတ္ၿပီးၿပီ"

က်ဳံးဝမ္သည္ တြင္းတစ္ခုထဲတြင္ ဝင္၍ပုန္းကာသာ ေနလိုက္ခ်င္ေတာ့သည္။ ထပ္မံ၍ သူသည္ စကားေျပာရန္ ႐ုန္းကန္လိုက္ရသည္။ "မင္းသားငယ္... မင္းသားငယ္ တကယ္ ဘာလိုခ်င္ေနတာလဲ"

"ငါ့ကို ေပ်ာ္႐ႊင္ေစမဲ့ တစ္ခုခုကိုလိုခ်င္ေနတာ" ယြီရွီၿပဳံးလိုက္သည္။ "လြန္ခဲ့တဲ့ႏွစ္ေတြမွာ ငါ ေတာ္ေတာ္ေလးကိုခက္ခဲတဲ့အခ်ိန္ေတြ ျဖတ္သန္းခဲ့ရတယ္။ တစ္ခုတည္းေသာ ေပ်ာ္႐ႊင္မႈက မင္းနဲ႔ငါရဲ႕အေၾကာင္းေရးထားတဲ့ စာအုပ္ေတြပဲ။ အဲ့စာအုပ္ေတြက အရမ္းစြဲမက္စရာေကာင္းတယ္လို႔ ငါထင္တယ္"

"ဘာက ဘဝကို စိတ္မေက်နပ္ေစတာလဲ" က်ဳံးဝမ္က စာနာစြာေမးလိုက္သည္။

ဆိတ္ဆိတ္ၿငိမ္ေနၿပီးေနာက္တြင္ ယြီရွီသည္ ေနာက္တစ္ႀကိမ္ၿပဳံးျပန္သည္။ "ဘဝကိုမေက်နပ္ေစတာကေတာ့ မင္းနဲ႔ဘာမွမဆိုင္ပါဘူး... ဒါက အမွန္တရားပဲ"

က်ဳံးဝမ္သည္ သူ႔ကို ေနာက္တစ္ႀကိမ္ ဖိအားမေပးခ်င္ေတာ့ေပ။ သူ ဘာမွမေျပာႏိုင္ခင္မွာပင္ ယြီရွီကေျပာသည္။ "ဒီစာအုပ္ရဲ႕စကားေျပက ေျပျပစ္တယ္။ လွပေပမဲ့ ခြၽဲပ်စ္ေနတာမ်ိဳးလည္း မဟုတ္ဘူး။ ငါေတာ္ေတာ္သေဘာက်တယ္"

စာအုပ္ေခါင္းစဥ္ကို ျမင္လိုက္ၿပီးေနာက္တြင္ က်ဳံးဝမ္သည္ ရွက္လြန္း၍ ေသခ်င္ေတာ့သည္။ သူသည္ အထဲရွိစာကို အမွန္ပင္ မဖတ္ခ်င္ေပ။

ယြီရွီသည္ သူ႔အႀကံကို သတိထားမိသြားသည္။ သူက တမင္သက္သက္ ေျပာလိုက္သည္။ "ငါမင္းကို ဒီစာအုပ္ေပးမယ္ေလ။ မင္းဘယ္လိုသေဘာရလဲ"

ရွက္႐ြံ႕စြာျဖင့္ က်ဳံးဝမ္က ျပန္ေျဖသည္။ "ဒါက မင္းသားငယ္ယြီရဲ႕ အႏွစ္သက္ဆုံးအရာဆိုေတာ့ ကြၽန္ေတာ္လက္မခံဝံ့ပါဘူး"

ယြီရွီသည္ မ်က္လုံးမ်ားကို အႏၲရာယ္ရွိသည့္သဏၭာန္ေပါက္ေအာင္ ေမွးက်ဥ္းလိုက္သည္။

ခ်က္ခ်င္းပင္ က်ဳံးဝမ္သည္ သူမွားေျပာမိသည္ကို သိလိုက္သည္။ သူက သူ႔စကားလုံးမ်ား၏ဆိုလိုရင္းကို အတင္းခ်ိန္းလိုက္သည္။ "ဒါေပမဲ့... ကြၽန္ေတာ္ တကယ္ဖတ္ၾကည့္ခ်င္ပါတယ္။ မင္းသားငယ္ယြီမ်ား... အႏွစ္သက္ဆုံးအရာနဲ႔ ခြဲခြာႏိုင္ပါသလား"

ယြီရွီက ေခါင္းညိတ္ျပသည္။ "ဒါေပါ့၊ ငါမင္းကိုေပးမယ္ေလ" သူ႔ေလသံသည္ ယဥ္ေက်းပ်ဴငွာေနသည္။

က်ဳံးဝမ္သည္ စိတ္သက္သာရာရကာ သက္ျပင္းခ်လိုက္သည္။ သူသည္ စာအုပ္ကို အက်ႌအိတ္အတြင္းသို႔ထည့္လိုက္ၿပီး နန္းေတာ္အျပင္သို႔ ေျခတစ္လွမ္းေရာက္သည္ႏွင့္ မီးရႈိ႕ပစ္ရန္ စီစဥ္ထားသည္။

"နန္းေတာ္တံခါးကေနထြက္သြားတာနဲ႔ လႊင့္ပစ္ေတာ့မွာမလား၊ ဟုတ္တယ္မလား" တစ္ခ်က္ၾကည့္႐ုံမွ်ျဖင့္ ယြီရွီသည္ သူ႔ကိုေဖာက္ထြင္းျမင္ေနရသည္။ ေရခဲတမွ်ေအးစက္စြာျဖင့္ သူကဆိုသည္။ "မင္းက ငါ့နဲ႔ ေရလိုက္ငါးလိုက္လာလုပ္ျပေနတာလား"

လိပ္ျပာမသန႔္စြာျဖင့္ က်ဳံးဝမ္က ေခါင္းကိုငုံ႔လိုက္သည္။ "ကြၽန္ေတာ္မလုပ္ရဲပါဘူး။ အရွင့္သားက ကြၽန္ေတာ့္ကိုေပးတာဆိုေတာ့... တကယ္ကို ေန႔တိုင္းဖတ္ဖို႔ လိုတာေပါ့"

"ေန႔တိုင္းဖတ္ဖို႔မလိုပါဘူး" ယြီရွီက သူကိုယ္တိုင္ေသာက္ရန္ ေရေႏြးၾကမ္းငွဲ႔ကာ တစ္ငုံေသာက္လိုက္သည္။ "ဒီမွာပဲ တစ္ႀကိမ္ဖတ္သြား၊ အစအဆုံးေနာ္"

က်ဳံးဝမ္သည္ မွင္တက္သြားသည္။ ထို႔ေနာက္ သူကေမးသည္။ "အတည္ေျပာေနတာလား"

ယြီရွီက ေခါင္းညိတ္သည္။ "မင္းဖတ္ၿပီးသြားရင္ ငါမင္းကို သြားခြင့္ေပးမယ္"

သူ႔ၿခိမ္းေျခာက္မႈသည္ အလြန္ပင္ ရွင္းလင္းသည္။ "မင္းသိပါတယ္၊ ငါမင္းကို နန္းေတာ္မွာ အက်ဥ္းခ်ထားလို႔ရတယ္ေနာ္"

က်ဳံးဝမ္သည္ ၾကမ္းျပင္ေပၚသို႔ ပုံလဲက်လုမတတ္ပင္။ သူကစာအုပ္ကို ထုတ္ယူလိုက္ၿပီး စာ႐ြက္တခ်ိဳ႕ကိုလွန္လိုက္သည္။ သူ႔ႏွလုံးသည္ပင္ ခ်မ္းစိမ့္စိမ့္ျဖစ္လာသည္...

ဤစာအုပ္သည္ ခ်စ္ေရးခ်စ္ရာကိစၥမ်ားအေၾကာင္း သက္သက္သာျဖစ္သည္...

နည္းနည္းခ်င္း၊ နည္းနည္းခ်င္း ယြီရွီ၏ႏႈတ္ခမ္းစြန္းမ်ားသည္ အေပၚသို႔ေကာ့တက္လာသည္။

က်ဳံးဝမ္သည္ တစ္ခုခုေျပာခ်င္ေသာ္လည္း မေျပာမိခင္ သူ႔ကိုယ္သူတားဆီးလိုက္သည္။ "မင္းသားငယ္..."

"မင္းမဖတ္ခ်င္ဘူးဆိုရင္လည္း အဆင္ေျပပါတယ္" ယြီရွီက အခ်ိန္ယူ၍ ေျပာလိုက္သည္။ "ငါဒီေန႔ပဲ လင္စစ္ကို သတ္လိုက္မယ္"

က်ဳံးဝမ္သည္ ေလကို တစ္ဝႀကီးရႉရႈိက္လိုက္သည္။ ခုႏွစ္ႏွစ္။ လင္စစ္သည္ ၿမိဳ႕ေတာ္တြင္ ခုႏွစ္ႏွစ္တိုင္ေအာင္ ေကာင္းမြန္စြာေနထိုင္ကာ အစားေကာင္းစား၍ အအိပ္ေကာင္းအိပ္ခဲ့ရသည္။ သို႔ရာတြင္ က်ဳံးဝမ္ ၿမိဳ႕ေတာ္သို႔ ေရာက္ခ်ိန္မွစ၍ သနားစဖြယ္ စကားမေျပာတတ္သူေလးခမ်ာ ေန႔စဥ္ပင္ အႏၲရာယ္တြင္းထဲသို႔ သြတ္သြင္းခံေနရသည္...

သူသည္ အံႀကိတ္လိုက္သည္။ "ကြၽန္ေတာ္ဖတ္ပါ့မယ္"

ယြီရွီ ေခါင္းညိတ္လိုက္သည္။ "မင္းဖတ္ရင္ အရမ္းတိုးတိုးေလး မဖတ္နဲ႔။ ခံစားခ်က္ပါ ထည့္ဖတ္... အခုစေတာ့"

ဆိုးယုတ္ေသာသူ ေစခိုင္းသည့္အရာမွာ သည္းခံရန္အခက္ခဲဆုံးအရာျဖစ္သည္။

က်ဳံးဝမ္သည္ ထိုင္ခ်လိုက္သည္။ ပထမဆုံးစာ႐ြက္ကို လွန္လိုက္စဥ္မွာပင္ သူ႔မ်က္လုံးမ်ား ေမွာင္မိုက္လာရသည္။

သူသည္ လည္ေခ်ာင္းရွင္းလိုက္သည္။ "ဒီေန႔ - မင္းဆက္ရဲ႕ - ေခတ္အေၾကာင္းေျပာၾကရေအာင္။ မ်ိဳး႐ိုးနာမည္က်ဳံးလို႔ေခၚတဲ့ အမ်ိဳးေကာင္းသားတစ္ေယာက္ရွိတယ္။ ခ်စ္စိတ္မႊန္ေနခဲ့တဲ့ လူကေလးေပါ့..."

ရည္႐ြယ္ခ်က္မရွိဘဲစိတ္ရႈပ္ေနၿပီးေနာက္ က်ဳံးဝမ္သည္ ယြီရွီ၏ေနာက္ေၾကာင္းႏွင့္ ပတ္သက္၍ အေတြးလြန္ေနသလားဟု စဥ္းစားမိလာသည္။

ဘယ္က အတြင္းသတင္းလဲ။ ဘာ တရားမဝင္ကေလးလဲ... လူေကာင္းတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားေတြေတာင္ ဒီလိုဟာမ်ိဳးကို ႏွစ္ရွည္လမ်ားဖတ္ရင္ အမ်ားႀကီးေျပာင္းလဲလာႏိုင္ေသးတာပဲ...

1.12.2020
Thanks for reading

Continue Reading

You'll Also Like

685K 123K 90
Title- I Just Want to Be in a Relationship Author- Lian Shou Status in COO- 96 Chapters+6 extras Original Publisher - JJWXC English translator- Flyin...
475K 67.1K 55
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
150K 15.8K 38
About gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm n...