ထိုနှစ်များမှာ မြတ်နိုးဖွေရှာ

By Vera-Yu

353K 63.3K 4.7K

Original Title : 当年万里觅封侯 English Title : Those Years in Quest of Honor Mine Original Author : Man Man He Qi... More

Description
Prologue
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Extra 1
Extra 2

Part 6

3.4K 741 57
By Vera-Yu




Unicode

လင်စစ်နှင့်ကျုံးဝမ်သည် အတူတကွကြီးပြင်းလာခဲ့ကြသည်။ ထို့ကြောင့် တစ်ဖက်သူ၏အတွေးထဲတွင် ရှိနေသည့်အရာအားလုံးကို သိသည်ဟု မဆိုနိုင်လျှင်တောင် တစ်စိတ်တစ်ပိုင်းကိုတော့ ခန့်မှန်းနိုင်သည်။ သူသည် ကျုံးဝမ်ကို မော့ကြည့်လိုက်ပြီး အမူအရာပြသည်။ "သခင်လေးက မင်းသားငယ်ယွီကို စိတ်ပူနေတာလား"

ဆိုတော့ ယွီရှီရဲ့ မူရင်းဇာတ်မြစ်ကို မင်းသားနင်နဲ့ မရမကဆွဲပြီး ဆက်စပ်နေတာက ဒီမှာနေခဲ့ဖို့ အကြောင်းရှာတာပေါ့။

ကျုံးဝမ်သည် စကားမဆိုပေ။

မင်းသားနင်အဖမ်းခံရသည့်အချိန်တွင် မင်းသားယွီသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့သည်။ ကျုံးဝမ်အနေဖြင့် ယွီရှီကို စိတ်ပူမနေသင့်ပေ။

လင်စစ်သည် အနည်းငယ်တွေးဆလျက် လက်ဟန်ပြသည်။ "ကိစ္စတွေဖြစ်တုန်းက မင်းသားငယ်ယွီက ဆယ်နှစ်ကိုမှ နည်းနည်းပဲကျော်ဦးမယ်။ သူက ဒီကိစ္စမှာ ဘာမှမပတ်သက်ဘူး။ သခင်လေးအနေနဲ့ မင်းသားကို သစ္စာဖောက်တယ်လို့ ခံစားဖို့မလိုပါဘူး"

ကျုံးဝမ်သည် မျက်ခုံးနှစ်ဘက်ကြားနေရာကို ပွတ်၍ တိုးတိုးဆိုသည်။ "ငါအခုထိ စည်းမကျော်ဘဲ နေနိုင်ပါသေးတယ်"

လင်စစ်သည်လည်း မင်းသားယွီအိမ်တော်သို့ အရောင်းခံခဲ့ရသော်လည်း ဒုတိယတံခါး၏ အပြင်ဘက်တွင်သာ မြင်းများကို အစာကျွေးရန် နေထိုင်ခဲ့ရသည်။ အထဲတွင် ယွီရှီနှင့်ကျုံးဝမ်တို့ မည်သို့မည်ပုံဖြစ်ပျက်နေသည်ကို သူမသိခဲ့ချေ။ သူက ထိုအကြောင်းများကိုတွေးရင်း တဲ့တိုးသာမေးလိုက်သည်။ "အဲဒီတုန်းက သခင်လေးနဲ့ မင်းသားငယ်ယွီတို့က တကယ်ကြိုက်ခဲ့ကြတာလား"

ကျုံးဝမ်ဆို့နင့်သွားရသည်။

"ဘယ်ဟုတ်မလဲ..." ကျုံးဝမ်ပြုံးလိုက်သည်။ "မင်းလည်း ကောလဟလတွေကို ယုံတယ်လို့ ငါ့ကိုမပြောနဲ့။ ဘာကိစ္စမှ မဖြစ်ခဲ့ဘူး"

လင်စစ်သည် ကျုံးဝမ်ကို ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူသည် လုံးဝကို အဖြေရှာမရဖြစ်နေခဲ့သည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ကတိတွေမပေးထားဘဲနဲ့ အခုဘာလို့သူက ယွီရှီကို စိတ်ပူပေးနေတာလဲ။

"သူ..."

ကျုံးဝမ်သည် ခုတင်ခေါင်းရင်းကိုမှီထိုင်၍ သူ့လက်မောင်းများကို ခေါင်းအုံးသဖွယ်လုပ်ကာ ခေါင်းတင်ထားသည်။ သူက လေးတိလေးကန်ဆိုသည်။ "အရင်က...ငါတို့ နှစ်အနည်းငယ် စာသင်ဖော်တွေဖြစ်ခဲ့ကြပေမဲ့ အဲ့ဒီသုံးနှစ်ဆိုတဲ့ တစ်လျှောက်လုံးမှာ ငါတို့ တစ်ယောက်ကိုတစ်ယောက် စကားတောင်သိပ်မပြောခဲ့ဖူးဘူး"

"ငါက မင်းသားကို ပြဿနာဖြစ်စေမှာစိုးလို့ အဲ့လူတွေနဲ့ အဆက်အဆံမလုပ်ဘူး။ ငါပျင်းတဲ့အချိန် စတုတ္ထမင်းသားရွှမ်ကျင်းနဲ့ တစ်ခါတစ်လေငြင်းခုံတာကလွဲရင် ငါဘယ်သူနဲ့မှ မဆက်ဆံဘူး"

"ပဉ္စမမင်းသားရွှမ်ချုံက စဉ်းလဲတဲ့အကြံအစဉ်တွေရှိတယ်။ သူက အမြဲပဲ ငါ့ကိုကွယ်ရာကနေ အစီအစဉ်ချပြီး ထိပါးတိုက်ခိုက်တယ်။ ငါသူ့ကို အရမ်းကြီးတော့ မမျှော်မှန်းထားပါဘူး... ယွီရှီနဲ့ ရွှမ်ချုံက တစ်ဝမ်းကွဲတွေဆိုတော့ တစ်လှေတည်းစီးကြတဲ့သူတွေပေါ့။ ဒါကြောင့် ငါသူ့ကိုရော ရှောင်ခဲ့တာ"

ပဉ္စမမင်းသားရွှမ်ချုံ၏မယ်တော်သည် ကြင်ယာတော်ယွီဖြစ်သည်။ သူသည် မင်းသားယွီ၏ ညီမအရင်းလည်းဖြစ်သည်။

ကျုံးဝမ်သည် သူ၏နာကျင်နေသော လည်ပင်းကို ပွတ်သပ်နေသည်။ "ဒီအကြောင်းပြောမယ်ဆို ငါလည်း ပထမဆုံးကြားရတုန်းက ရှုပ်ထွေးသွားဖူးတယ်။ ငါတို့က ဘာမှမသက်ဆိုင်ဘူး။ ရွှမ်ကျင်းလိုရန်ဖြစ်ပြီး ရင်းနှီးကြသလိုတောင် မဟုတ်ခဲ့ဘူး။ သူက ငါ့ကိုဝယ်ဖို့ ဘာလို့ဒီလောက်တောင် အားစိုက်ထုတ်ခဲ့ရတာလဲ"

လင်စစ်သည် ထိုအကြောင်းကိုစဉ်းစားပြီး ရှင်းရှင်းလင်းလင်းဒဲ့ပင် ပြောလိုက်သည်။ "သူက သခင်လေးကို လေးစားလို့နေမှာပေါ့။ ဒါမှမဟုတ် မကောင်းတဲ့အတွေးတွေ တွေးနေလို့နေမှာ"

"အဲ့လိုမဟုတ်ဘူး။ သူမတွေးဘူး" ကျုံးဝမ် ခေါင်းရမ်းလိုက်သည်။ "သူ့အိမ်တော်ရဲ့ အရံခြံဝန်းထဲကို ပို့ပြီးနောက်မှာ သူက ငါ့ကို သုံးလလောက်လျစ်လျူရှုထားတာ။ အကြာကြီးနေတော့မှ အရံခြံဝန်းရဲ့အိမ်တော်ထိန်းက စိတ်ရှုပ်စေလို့ထင်ပါရဲ့၊ သူရောက်လာတာ"

လင်စစ်သည် ဇဝေဇဝါဖြစ်သွားသည်။ "အိမ်တော်ထိန်းက စိတ်ရှုပ်စေတယ်"

ကျုံးဝမ်သည် အပြုံးမမည်သောအပြုံးတစ်ပွင့်ကို ပြုံးလိုက်သည်။ သူ နောက်တစ်ကြိမ် ချောင်းဆိုးလာပြန်သည်။

"ငါ အရံခြံဝန်းမှာ နေမကောင်းဖြစ်ပြီး လဝက်လောက်အိပ်ရာပေါ် လဲနေခဲ့တယ်။ ငါ အိပ်ရာကထနိုင်ပြီဆိုတာနဲ့ သေချာပေါက်ကို ငါထွက်ပြေးချင်ခဲ့တာပေါ့... အပြင်ကို ရောက်မလားဆိုပြီး အစားအစာကျန်တွေစွန့်တဲ့ပုံးထဲမှာ ပုန်းခဲ့တယ်။ ပြီးတော့ အစေခံတစ်ယောက်လို ဝတ်ပြီးတော့ ဘေးတံခါးကနေ ခိုးထွက်ဖို့လည်း လုပ်ဖူးတယ်။ သန်းခေါင်ချိန်ရောက်တိုင်း အုတ်တံတိုင်းကို ကျော်ချဖို့ အကောင်းဆုံးနေရာကို ရှာတယ်... ပင်မဆောင်က ဘယ်သူမှ အရံခြံဝန်းမှာမနေကြဘူး။ ခြံဝန်းထဲမှာရှိသမျှ အစေခံတိုင်းမှာ ငါ့ကိုစောင့်ကြည့်ဖို့ တာဝန်ရှိတယ်။ အိမ်တော်ထိန်းက ငါထွက်ပြေးမှာ စိုးရိမ်လို့ ငါ့ကို နှစ်ဆယ့်လေးနာရီလုံး မျက်စိအောက်က အပျောက်မခံဘူး။ ငါ့နောက်က အမြဲလိုက်နေတာ။ ညတိုင်းမှာ အိမ်တော်ထိန်းက ခုံတစ်လုံးယူလာပြီး ငါ့ခုတင်ခေါင်းရင်းနားကနေ ငါ့ကို ထိုင်ကြည့်နေတာ"

ကျုံးဝမ်သည် ချောင်းအနည်းငယ်ဆိုးလိုက်ပြီး မရယ်မိအောင် ကြိုးစားနေသည်။ "အဲဒါကြောင့် ငါအိမ်တော်ထိန်းကြီးကို မေးလိုက်တယ်..."

ငယ်ရွယ်သောကျုံးဝမ်သည် ခုတင်ပေါ်တွင် တိတ်ဆိတ်စွာလှဲနေသည်။ သူသည် အန္တရာယ်ပြုမည့်ပုံမရှိပေ။

သူမည်သို့သောလူမျိုးဖြစ်သည်ကို အိမ်တော်ထိန်းကြီးသာလျှင်သိသည်။ သုံးလသာကြာခဲ့သည်။ မည်ကဲ့သို့ ထွက်ပြေးရမည်ကို ကျုံးဝမ်မတွေးခဲ့သောအချိန်မှာ မြူမှုန်မျှပင်မရှိခဲ့ပေ။ အိမ်တော်ထိန်းသည် သူ့ကို အားကြိုးသနဲ ရှင်းပြနေသည်။ "သခင်လေး၊ သခင်လေးက အခု အစေခံဖြစ်သွားပြီ။ ထွက်ပြေးခဲ့ရင်တောင် ထွက်ခွင့်ပြုတဲ့စာရွက်စာတမ်းမရှိရင်  မြို့တော်ဂိတ်တံခါးကို ဖြတ်သွားနိုင်မှာတောင်မဟုတ်ပါဘူး။ သခင်လေးရဲ့ ဘဝသက်တမ်းတစ်ခုလုံး ပစ္စည်းရော လယ်မြေရော ဝယ်နိုင်မှာ မဟုတ်ဘူး။ သခင်လေး ဘယ်သွားသွား ပုန်းလျှိုးကွယ်လျှိုးပဲနေရမှာပါ"

ကျုံးဝမ်သည် စိတ်ထဲတွင် တွေးနေမိသည်။ တော်စမ်းပါ။ ဒီမင်းဆက်ရဲ့ ဉပဒေတွေအကြောင်းကို ကျွန်တော်က ခင်ဗျားထက်ပိုသိပါတယ်။

အိမ်တော်ထိန်းသည် ဒေါသထွက်ရလွန်းသဖြင့် ဆက်လက်သည်းမခံနိုင်တော့ဘဲ သူ့ကို ခြိမ်ခြောက်လာသည်။ "သခင်လေး၊ ကျွန်တော့်တို့ဆက်ခံသူမှာ သခင်လေးရဲ့ ပိုင်ဆိုင်ကြောင်းစာချုပ်ရှိနေပါသေးတယ်။ သခင်လေးထွက်ပြေးခဲ့ရင် သူက ရုံးကိုသွားပြီးတိုင်လိုက်ရုံနဲ့ နောက်တစ်နေ့မကူးခင် သခင်လေးကိုဖမ်းမိမှာပါပဲ။ အဲ့အချိန်ကျရင် ထွက်ပြေးတဲ့ အစေခံအတွက် အပြစ်ဒဏ်က မျက်နှာမှာ ဆေးမင်ကြောင်ထိုးခံရမှာပါ။ မျက်နှာမှာ ဆေးမှင်ကြောင်ထိုးတာဘာလဲ သခင်လေးသိတယ်မလား"

ကျုံးဝမ်သည် အနည်းငယ်တောင် ဂရုမစိုက်ချေ။ သူက အေးစက်စွာဆိုသည်။ "ငါက ယောက်ျားတစ်ယောက်ပဲ။ ငါ့မျက်နှာပျက်စီးသွားလည်း ဘာဖြစ်လဲ။ အနည်းဆုံးတော့ ဘယ်သူမှ ငါ့အကြောင်းတွေးကြတော့မှာ မဟုတ်ဘူး"

အိမ်တော်ထိန်းကြီးသည် တုန်လှုပ်သွားသည်။ "မျက်နှာမှာ ဆေးမှင်ကြောင်ထိုးပြီးရင် ပြန်ဖျက်လို့မရတော့ဘူး။ ဘယ်လိုဖြစ်လို့ ကိုယ့်မျက်နှာကိုယ် ဂရုမစိုက်ရတာလဲ"

ငယ်ရွယ်သော ကျုံးဝမ်သည် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ "ကျွန်တော်တစ်ခါမှ ကိုယ့်မျက်နှာနဲ့ပတ်သက်ပြီး ဂရုမစိုက်ဖူးဘူး။ အိမ်တော်ထိန်း။ ကျွန်တော်ဒီအခြေအနေရောက်နေပြီ။ ကျွန်တော့်မှာ ဘယ်မျက်နှာကျန်သေးလို့လဲ"

အိမ်တော်ထိန်းကြီးသည် အသက်ရှူရပ်သွားမတတ် ဒေါသထွက်သွားသည်။

ထိုနှစ်ယောက်သည် တစ်နေကုန် စကားများနေခဲ့ကြသည်။ ညရောက်သောအခါ အိမ်တော်ထိန်းကြီးသည် ကျုံးဝမ် စိတ်တည်ငြိမ်လောက်ပြီဟု တွေးမိသည်။ သူ ထိုင်ခုံတွင် ထိုင်ကာ တစ်မှေးအိပ်မည့်အချိန်တွင် ကျုံးဝမ်က ရုတ်တရက် စကားဆိုလာသည်။

"ဦးလေးဖန်" ကျုံးဝမ်သည် အနည်းအကျဉ်းလေးမျှပင် မအိပ်ချင်ပေ။ သူသည် အိပ်ရာကိုကာထားသည့် ခန်းစီးစထိပ်ကို ကြည့်နေသည်။ "ကျွန်တော်တို့ ရင်ထဲက စကားတွေနဲ့ ဆွေးနွေးကြရအောင်"

အိမ်တော်ထိန်းဖန် "..."

သူ၏စိတ်ထဲတွင် အိမ်တော်ထိန်းဖန်သည် ကျုံးဝမ်ကို အလုပ်ရှုပ်လွန်း၍ ကျိန်ဆဲလိုက်သည်။ သို့သော် နိုးနိုးကြားကြားဖြစ်သည့်ပုံ ဟန်ဆောင်ကာ လေသံမာမာဖြင့် မေးလိုက်သည်။ "ဘာအကြောင်းဆွေးနွေးမှာလဲ"

ကျုံးဝမ်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားရဲ့ အမေအကြောင်းပြောရအောင်"

အိမ်တော်ထိန်းဖန်သည် ခေတ္တမျှတွေဝေသွားပြီးသည့်နောက် သူ့အမေအိုအကြောင်း အစခံလိုက်ရသည်ကို သတိထားမိသွားလေသည်။ သူသည် ရုတ်တရက်ပင် ဒေါသယမ်းပုံမီးကျဖြစ်ကာ ကျုံးဝမ်နှင့်ရန်သတ်လုနီးပါးပင်။

"စိတ်လျှော့၊ စိတ်လျှော့။ ဘာလို့ဒီလောက် ဒေါသထွက်နေရတာလဲ" ငယ်ရွယ်သောကျုံးဝမ်သည် ခပ်မြန်မြန်ပင် အသနားခံလိုက်သည်။ "ကျွန်တော်မှားတယ်၊ ကျွန်တော်မှားတယ်၊ ကျွန်တော်မှားပါတယ်... စိတ်လျှော့ပါ။ ဒီအသက်အရွယ်တောင် ရောက်နေမှတော့ လွယ်လွယ်နဲ့ဒေါသမထွက်သင့်ဘူး။ ထိုင်လိုက်၊ ထိုင်လိုက်..."

အိမ်တော်ထိန်းဖန်သည် ဒေါသထွက်လွန်း၍ နှုတ်ခမ်းမွေးများပင် ထောင်တက်လာသည်။ သူသည် နေရာသို့ပြန်လှည့်ပြီး လျစ်လျူရှုရန်ကြိုးစားကာ ပြန်ထိုင်လိုက်သည်။ သူမှေးခနဲအိပ်ပျော်တော့မည့်အချိန်တွင် ကျုံးဝမ်က ရုတ်တရက်မေးလာပြန်သည်။ "ဦးလေးဖန်၊ ခင်ဗျားမှာ မိန်းမရှိလား"

အိမ်တော်ထိန်းဖန်သည် စိတ်တိုနေသောပုံဖြင့် ဖြေလိုက်သည်။ "ရှိတယ်၊ ကျွန်တော့်မိန်းမက အခုထိအသက်ရှင်နေသေးတယ်"

ကျုံးဝမ် ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားနဲ့ ခင်ဗျားမိန်းမက ဆက်ဆံရေးအဆင်ပြေကြလား"

အိမ်တော်ထိန်းဖန်သည် ဘာပြောရမှန်းမသိဖြစ်နေသည်။ ညလယ်ကြီးမှာ... သူက မည်သည့်အတွက်ကြောင့် မြှီးကောင်ပေါက်အရွယ်ကျော်ကာစ သူတစ်ယောက်ကို သူနှင့်သူ့မိန်းမကြားက ဆက်ဆံရေးအကြောင်း ပြောပြရမှာလဲ။

အိမ်တော်ထိန်းဖန်သည် လှည့်လာပြီး ကျုံးဝမ်ကို စိုက်ကြည့်နေသည်။ "ကောင်းတာရော၊ မကောင်းတာရော ဘာမှမရှိဘူး။ ဒါက သခင်လေးကျုံးနဲ့ရော ဘယ်လိုဆိုင်သွားလို့လဲ"

ကျုံးဝမ်က ရိုးသားစွာပင် ဖြေလိုက်သည်။ "ဆိုင်တာပေါ့"

အိမ်တော်ထိန်းဖန်သည် ဒေါသကိုမြိုသိပ်လျက် မေးသည်။ "ဒါဆို ကျွန်တော် သခင်လေးကျုံးကို မေးလို့ရမလား...သခင်လေးနဲ့ဘယ်လိုပတ်သက်တာလဲဆိုတာ"

"အခုက ညလယ်ခေါင်ကြီးလေ၊ နောက်လည်းကျနေပြီ။ ခင်ဗျားနဲ့ကျွန်တော်" ကျုံးဝမ်သည် သူ့ကိုယ်သူတစ်လှည့် အိမ်တော်ထိန်းဖန်ကိုတစ်လှည့် လက်ညှိုးထိုးကာဆိုသည်။ "အခန်းတစ်ခန်းထဲမှာ အတူတူရှိနေကြတာ။ ခင်ဗျားကျွန်တော့်ကို မကောင်းတာတစ်ခုခုလုပ်ချင်လို့ ကျွန်တော့်ကို ကောင်းကောင်းစောင့်ကြည့်နေတာလားဆိုပြီး ကျွန်တော်စိုးရိမ်နေမိတယ်။ ကျွန်တော် အိပ်ပျော်သွားရင် ခင်ဗျားက ကျွန်တော့်ကို ဗလက္ကာရပြုကျင့်မှာပေါ့"

အိမ်တော်ထိန်းဖန်သည် လုံးဝကို ရူးသွပ်သွားမတတ်ပင်။ သူက မတ်တပ်ထရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။ "ကျွန်တော်က ဒီနှစ်ဆို ငါးဆယ့်လေးနှစ်ရှိပြီ။ ကျွန်တော့်မြေးက သခင်လေးနဲ့အသက်အတူတူလောက်ပဲ။ သခင်လေးနဲ့ ကျွန်တော်... ကျွန်တော်-ကျွန်တော်-ကျွန်တော်..."

"စိတ်-စိတ်လျှော့ပါ..." အိမ်တော်ထိန်းကြီး စိတ်တိုလွန်း၍ တစ်ခုခုဖြစ်သွားမှာကို ကျုံးဝမ်စိုးရိမ်၍ ချော့ချော့မော့မော့ပြောလိုက်သည်။ "ကျွန်တော်က ဖြစ်နိုင်တယ်လို့ပဲ ပြောတာပါ။ ဖြစ်နိုင်တယ်လို့ပဲ...ကျွန်တော်အိပ်နေတဲ့ပုံစံကို ကြည့်ပြီး ခင်ဗျားကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ မတော်တဆ ပြဿနာဖြစ်မှာစိုးလို့။ ခင်ဗျားမှာက မိသားစုရှိပြီးတော့ ကျွန်တော်ကတော့ ခင်ဗျားသခင်ရဲ့ဆက်ခံသူမျက်နှာအတွက် သိက္ခာရှိရှိနေရဦးမယ်။ ကျွန်တော်တို့ အတူရှိနေရင်  ခင်ဗျားမိန်းမနဲ့ ဆက်ဆံရေးလည်းပျက်မယ်၊ အလုပ်လည်းပြုတ်ဦးမယ်။ ကျွန်တော် အဲ့လိုအဖြစ်ကိုမကြည့်ရက်ဘူး..."

အိမ်တော်ထိန်းဖန်သည် ကျုံးဝမ်၏စကားများကို နားမထောင်ခဲ့ပေ။ ဒေါသဖြင့် သူသိသမျှစကားလုံးများနှင့် ကျိန်ဆဲကာ မျက်နှာသည်လည်း ခရမ်းရောင်သမ်းနေသည်။

"စိတ်လျှော့ပါ...ကျွန်တော်မှားပါတယ်။ ကျွန်တော်ကသာ ခင်ဗျားနဲ့အချိန်တူတူကုန်တာများလို့ ခင်ဗျားကို စိတ်ဝင်စားလာတာပါ။ ခင်ဗျားမဟုတ်ဘူး၊ ခင်ဗျားမဟုတ်ဘူး" ကျုံးဝမ်သည် လျင်မြန်စွာ တောင်းပန်နေသည်။ "လူကြီးလူကောင်းတစ်ယောက်လို ဆက်ဆံတာတွေကို ကျွန်တော်က နိမ်ကျတဲ့သူတစ်ယောက်ရဲ့ အတွေးတွေနဲ့ တွေးလိုက်တာပဲ။ ကျွန်တော် တကယ်ကို နောင်တရပါပြီ"

ကျုံးဝမ်သည် ခုတင်ပေါ်မှထကာ အိမ်တော်ထိန်းဖန်ကို ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးသည်။

အိမ်တော်ထိန်းဖန်သည်လည်း ထိုရေနွေးကိုသောက်လိုက်သည်။ အချိန်အတန်ကြာသောအခါ သူ၏အသက်ရှူသံမှာ ပုံမှန်ပြန်ဖြစ်လာသည်။

ကျုံးဝမ်သည် အိပ်ရာပေါ်လှဲလိုက်သည်။ အိမ်တော်ထိန်းဖန်သည်လည်း ထိုင်ခုံပေါ်ထိုင်ချလိုက်ပြန်သည်။

တစ်နာရီခန့်ကြာသောအခါ အိမ်တော်ထိန်းဖန်သည် အိပ်ချင်စိတ်ကို ခံစားလာရသည်။ ကျုံးဝမ်သည် နောက်တစ်ဖန် စကားဆိုလာပြန်သည်။ "ကျွန်တော်တွေးနေတာ၊ ကျွန်တော့်ရဲ့ ခုနကစကားတွေက တော်တော်လေးကို လွန်တယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော်တောင်းပန်ပါတယ်၊ အိမ်တော်ထိန်းဖန်။ ခင်ဗျားက လူကောင်းတစ်ယောက်ပါ"

အိမ်တော်ထိန်းဖန် "..."

ကျုံးဝမ်သည် ပြတင်းပေါက်ကိုငေးကြည့်နေရင်း ပျင်းတိပျင်းလျော့ပြောသည်။ "ကြည့်ဦး။ လမင်းကြီးက ဒီညမှာ အရမ်းလှနေတာပဲ"

အိမ်တော်ထိန်းဖန်၏ တစ်ကိုယ်လုံးတွင် ကြက်သီးဖြန်းဖြန်းထသွားသည်။

ကျုံးဝမ်သည် တစ်ကိုယ်တည်း ပြောနေသည်။ "အခု ဒီအခန်းထဲက ခံစားချက်တွေလည်း ကောင်းနေတာပဲ"

အိမ်တော်ထိန်းဖန်သည် ကျုံးဝမ်အိပ်ချင်လွန်း၍ ရူးသွားသလားဟု တွေးမိသည်...ခံစားချက်တွေက ဘယ်လိုလုပ်ကောင်းနိုင်ပါလိမ့်။

ကျုံးဝမ်သည် လေးလေးနက်နက် ပြောလာသည်။ "ကျွန်တော် ခင်ဗျားအတွက် သီချင်းဆိုပြရင် ဘယ်လိုလဲ"

အိမ်တော်ထိန်းဖန်သည် ကျုံးဝမ်ကို မလှုပ်မယှက်နိုင်ဘဲ ကြည့်နေမိသည်။

ကျုံးဝမ်က ရှက်ရွံ့စွာဆိုသည်။ "ကျွန်တော် အရင်က ပြဇာတ်မင်းသားလုပ်ဖို့ အရောင်းခံရမယ်လို့ ထင်ထားတာ။ အဲဒါကြောင့် ထောင်ထဲမှာတုန်းက...ကျွန်တော်ကြိုတင်ပြင်ဆင်ထားခဲ့တာ"

အိမ်တော်ထိန်းဖန်၏ မျက်လုံးများသည် ဝေခွဲမရဖြစ်သွားသည်။ သူ့အနေဖြင့် ကျုံးဝမ် ကြိုတင်ပြင်ဆင်ထားသည့်အတွက် ချီးကျူးသင့်လား၊ ချီးမကျူးသင့်လားကိုပင် မဝေခွဲနိုင်တော့ပေ။

"ဒါဆို ကျွန်တော် စဆိုပြီနော်"

ကျုံးဝမ်သည် လည်ချောင်းကိုရှင်းလိုက်ပြီး ခုတင်ကို ခပ်ဖြည်းဖြည်းခေါက်လျက် စည်းချက်လိုက်နေသည်။ "လက်ထပ်ပြီးတော့...အဖြူဝတ်ရ...ကွယ်လွန်သူက...ဒီအိမ်သခင်..."

(ဈာပနပွဲများတွင်သာ အဖြူဝတ်သည်။

ဒီအိမ်သခင် - မိန်းကလေး၏လင်ယောက်ျား)   

"ပါးစပ်ပိတ်တော့" အိမ်တော်ထိန်းဖန်သည် ဒေါသခြောင်းခြောင်းထွက်လေပြီ။ "ကိုယ့်ရဲ့သခင်ကို ဒါမျိုးဆိုရဲတယ်၊ သေချင်နေလို့လား"

"အဲ့လိုဆိုလို့မရဘူးလား" ကျုံးဝမ်သည် နောင်တဖြင့် သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ အခုမှစသင်နေတဲ့ အသစ်ကလေးဆိုတော့...ကျွန်တော်က 'မုဆိုးမလေး အုတ်ဂူလည်ပတ်'သီချင်းကိုပဲ ဆိုတတ်သေးတာ"

အိမ်တော်ထိန်းဖန်သည် ဒေါသကြောင့် လက်များပင် တုန်လာသည်။ "သခင်လေး...ဆက်မဆိုနဲ့တော့"

ကျုံးဝမ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ စိတ်မတိုပါနဲ့တော့။ ကျွန်တော်က သီချင်းဆိုပြီးတော့ ခင်ဗျားကိုချော့သိပ်ချင်ရုံပါ"

"သခင်လေးစကားမပြောသရွေ့ ကျွန်တော် အလိုလိုအိပ်ပျော်နိုင်တယ်"

ကျုံးဝမ် ကတိပေးလိုက်သည်။ သူက လက်သုံးချောင်းထောင်ကာ ကောင်းကင်ဘုံသို့ သစ္စာဆိုလိုက်သည်။ "ကျွန်တော် ပါးစပ်ပိတ်နေပါ့မယ်"

အိမ်တော်ထိန်းဖန်သည် သတိရှိရှိနှင့် နောက်တစ်ကြိမ်ထိုင်ချလိုက်ပြန်သည်။

ကျုံးဝမ်သည် သူပြောသလို နေနေသည်။ ဤအချိန်တွင် သူသည် စကားတစ်ခွန်းပင် မဆိုတော့ချေ။

နောက်တစ်နာရီကြာသောအခါ တစ်နေကုန် ဟိုပြေးဒီပြေးအလုပ်လုပ်ပြီး ညသန်းခေါင်ထိမအိပ်ရသော အိမ်တော်ထိန်းဖန်သည် နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျသွားလေသည်။

"တောင်းပန်ပါတယ်..."

ကျုံးဝမ်သည် ဖိနပ်ကိုမစီးရဲပေ။ သူသည် အပြင်ဘက်သို့ ခြေဗလာဖြင့်လျှောက်သွားပြီး အရံခြံဝန်းထဲမှ ခိုးထွက်သွားသည်။

သေချာပေသည်။ သူ့ကို အရုဏ်မတက်ခင် ဖမ်းမိပြီး ပြန်ခေါ်လာခံရသည်။

ကျုံးဝမ်သည် အလယ်ခန်းအတွင်းသို့ စောင့်ကြပ်ခေါ်လာခံရပြီးနောက်တွင်လည်း ရုန်းရင်းဆန်ခတ် ပြုနေဆဲပင်။ "အဲဒါက မျက်နှာပေါ်မှာ ဆေးမင်ကြောင်ထိုးတာပဲ မဟုတ်ဘူးလား။ ခင်ဗျားတို့ ဆန္ဒရှိသလိုသာလုပ်ကြ။ ကျွန်တော့်မျက်နှာပေါ်မှာ ဆေးမင်ကြောင်ရှိရင်တောင် ကျွန်တော့်ကိုလက်ထပ်ချင်တဲ့ မိန်းကလေးတွေ တစ်ပုံကြီးရှိနေဦးမှာပဲ"

အိမ်တော်ထိန်းဖန်သည် သူ့ကိုတစ်ညလုံး လိုက်ရှာနေခဲ့ရ၍ သေဆုံးဖို့ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားရမတတ် ပင်ပန်းနေလေပြီ။ သူသည် အသက်ကို ခပ်ဖျောဖျော့ရှူထုတ်လိုက်ပြီး ပြောသည်။ "သခင်လေးက မကြောက်ဘူးမလား၊ ဟုတ်တယ်မလား။ ကောင်းပြီ၊ ကောင်းပြီ...သခင်လေး စောင့်နေ။ သခင်လေး စောင့်နေလိုက်"

ကျုံးဝမ် စောင့်နေခဲ့သည်။ နောက်တစ်နာရီအကြာတွင် ယွီရှီရောက်လာသည်။

ကျုံးဝမ်သည် ကြမ်းပြင်တွင် ဒူးထောက်နေသည်။ သူ ယွီရှီကိုမြင်လိုက်သည်နှင့် အရာအားလုံးအဆုံးသတ်ပြီဆိုသည်ကို သိလိုက်သည်။

သူ့ကို တကယ် ဗလက္ကာရပြုနိုင်သည့်လူသည် သူ့ရှေ့တွင် ရောက်နေလေပြီ။

Zawgyi

လင္စစ္ႏွင့္က်ဳံးဝမ္သည္ အတူတကြႀကီးျပင္းလာခဲ့ၾကသည္။ ထို႔ေၾကာင့္ တစ္ဖက္သူ၏အေတြးထဲတြင္ ရွိေနသည့္အရာအားလုံးကို သိသည္ဟု မဆိုႏိုင္လွ်င္ေတာင္ တစ္စိတ္တစ္ပိုင္းကိုေတာ့ ခန႔္မွန္းႏိုင္သည္။ သူသည္ က်ဳံးဝမ္ကို ေမာ့ၾကည့္လိုက္ၿပီး အမူအရာျပသည္။ "သခင္ေလးက မင္းသားငယ္ယြီကို စိတ္ပူေနတာလား"

ဆိုေတာ့ ယြီရွီရဲ႕ မူရင္းဇာတ္ျမစ္ကို မင္းသားနင္နဲ႔ မရမကဆြဲၿပီး ဆက္စပ္ေနတာက ဒီမွာေနခဲ့ဖို႔ အေၾကာင္းရွာတာေပါ့။

က်ဳံးဝမ္သည္ စကားမဆိုေပ။

မင္းသားနင္အဖမ္းခံရသည့္အခ်ိန္တြင္ မင္းသားယြီသည္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ခဲ့သည္။ က်ဳံးဝမ္အေနျဖင့္ ယြီရွီကို စိတ္ပူမေနသင့္ေပ။

လင္စစ္သည္ အနည္းငယ္ေတြးဆလ်က္ လက္ဟန္ျပသည္။ "ကိစၥေတြျဖစ္တုန္းက မင္းသားငယ္ယြီက ဆယ္ႏွစ္ကိုမွ နည္းနည္းပဲေက်ာ္ဦးမယ္။ သူက ဒီကိစၥမွာ ဘာမွမပတ္သက္ဘူး။ သခင္ေလးအေနနဲ႔ မင္းသားကို သစၥာေဖာက္တယ္လို႔ ခံစားဖို႔မလိုပါဘူး"

က်ဳံးဝမ္သည္ မ်က္ခုံးႏွစ္ဘက္ၾကားေနရာကို ပြတ္၍ တိုးတိုးဆိုသည္။ "ငါအခုထိ စည္းမေက်ာ္ဘဲ ေနႏိုင္ပါေသးတယ္"

လင္စစ္သည္လည္း မင္းသားယြီအိမ္ေတာ္သို႔ အေရာင္းခံခဲ့ရေသာ္လည္း ဒုတိယတံခါး၏ အျပင္ဘက္တြင္သာ ျမင္းမ်ားကို အစာေကြၽးရန္ ေနထိုင္ခဲ့ရသည္။ အထဲတြင္ ယြီရွီႏွင့္က်ဳံးဝမ္တို႔ မည္သို႔မည္ပုံျဖစ္ပ်က္ေနသည္ကို သူမသိခဲ့ေခ်။ သူက ထိုအေၾကာင္းမ်ားကိုေတြးရင္း တဲ့တိုးသာေမးလိုက္သည္။ "အဲဒီတုန္းက သခင္ေလးနဲ႔ မင္းသားငယ္ယြီတို႔က တကယ္ႀကိဳက္ခဲ့ၾကတာလား"

က်ဳံးဝမ္ဆို႔နင့္သြားရသည္။

"ဘယ္ဟုတ္မလဲ..." က်ဳံးဝမ္ၿပဳံးလိုက္သည္။ "မင္းလည္း ေကာလဟလေတြကို ယုံတယ္လို႔ ငါ့ကိုမေျပာနဲ႔။ ဘာကိစၥမွ မျဖစ္ခဲ့ဘူး"

လင္စစ္သည္ က်ဳံးဝမ္ကို ရႈပ္ေထြးစြာၾကည့္လိုက္သည္။ သူသည္ လုံးဝကို အေျဖရွာမရျဖစ္ေနခဲ့သည္။

သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ ကတိေတြမေပးထားဘဲနဲ႔ အခုဘာလို႔သူက ယြီရွီကို စိတ္ပူေပးေနတာလဲ။

"သူ..."

က်ဳံးဝမ္သည္ ခုတင္ေခါင္းရင္းကိုမွီထိုင္၍ သူ႔လက္ေမာင္းမ်ားကို ေခါင္းအုံးသဖြယ္လုပ္ကာ ေခါင္းတင္ထားသည္။ သူက ေလးတိေလးကန္ဆိုသည္။ "အရင္က...ငါတို႔ ႏွစ္အနည္းငယ္ စာသင္ေဖာ္ေတြျဖစ္ခဲ့ၾကေပမဲ့ အဲ့ဒီသုံးႏွစ္ဆိုတဲ့ တစ္ေလွ်ာက္လုံးမွာ ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ စကားေတာင္သိပ္မေျပာခဲ့ဖူးဘူး"

"ငါက မင္းသားကို ျပႆနာျဖစ္ေစမွာစိုးလို႔ အဲ့လူေတြနဲ႔ အဆက္အဆံမလုပ္ဘူး။ ငါပ်င္းတဲ့အခ်ိန္ စတုတၳမင္းသား႐ႊမ္က်င္းနဲ႔ တစ္ခါတစ္ေလျငင္းခုံတာကလြဲရင္ ငါဘယ္သူနဲ႔မွ မဆက္ဆံဘူး"

"ပၪၥမမင္းသား႐ႊမ္ခ်ဳံက စဥ္းလဲတဲ့အႀကံအစဥ္ေတြရွိတယ္။ သူက အၿမဲပဲ ငါ့ကိုကြယ္ရာကေန အစီအစဥ္ခ်ၿပီး ထိပါးတိုက္ခိုက္တယ္။ ငါသူ႔ကို အရမ္းႀကီးေတာ့ မေမွ်ာ္မွန္းထားပါဘူး... ယြီရွီနဲ႔ ႐ႊမ္ခ်ဳံက တစ္ဝမ္းကြဲေတြဆိုေတာ့ တစ္ေလွတည္းစီးၾကတဲ့သူေတြေပါ့။ ဒါေၾကာင့္ ငါသူ႔ကိုေရာ ေရွာင္ခဲ့တာ"

ပၪၥမမင္းသား႐ႊမ္ခ်ဳံ၏မယ္ေတာ္သည္ ၾကင္ယာေတာ္ယြီျဖစ္သည္။ သူသည္ မင္းသားယြီ၏ ညီမအရင္းလည္းျဖစ္သည္။

က်ဳံးဝမ္သည္ သူ၏နာက်င္ေနေသာ လည္ပင္းကို ပြတ္သပ္ေနသည္။ "ဒီအေၾကာင္းေျပာမယ္ဆို ငါလည္း ပထမဆုံးၾကားရတုန္းက ရႈပ္ေထြးသြားဖူးတယ္။ ငါတို႔က ဘာမွမသက္ဆိုင္ဘူး။ ႐ႊမ္က်င္းလိုရန္ျဖစ္ၿပီး ရင္းႏွီးၾကသလိုေတာင္ မဟုတ္ခဲ့ဘူး။ သူက ငါ့ကိုဝယ္ဖို႔ ဘာလို႔ဒီေလာက္ေတာင္ အားစိုက္ထုတ္ခဲ့ရတာလဲ"

လင္စစ္သည္ ထိုအေၾကာင္းကိုစဥ္းစားၿပီး ရွင္းရွင္းလင္းလင္းဒဲ့ပင္ ေျပာလိုက္သည္။ "သူက သခင္ေလးကို ေလးစားလို႔ေနမွာေပါ့။ ဒါမွမဟုတ္ မေကာင္းတဲ့အေတြးေတြ ေတြးေနလို႔ေနမွာ"

"အဲ့လိုမဟုတ္ဘူး။ သူမေတြးဘူး" က်ဳံးဝမ္ ေခါင္းရမ္းလိုက္သည္။ "သူ႔အိမ္ေတာ္ရဲ႕ အရံၿခံဝန္းထဲကို ပို႔ၿပီးေနာက္မွာ သူက ငါ့ကို သုံးလေလာက္လ်စ္လ်ဴရႈထားတာ။ အၾကာႀကီးေနေတာ့မွ အရံၿခံဝန္းရဲ႕အိမ္ေတာ္ထိန္းက စိတ္ရႈပ္ေစလို႔ထင္ပါရဲ႕၊ သူေရာက္လာတာ"

လင္စစ္သည္ ဇေဝဇဝါျဖစ္သြားသည္။ "အိမ္ေတာ္ထိန္းက စိတ္ရႈပ္ေစတယ္"

က်ဳံးဝမ္သည္ အၿပဳံးမမည္ေသာအၿပဳံးတစ္ပြင့္ကို ၿပဳံးလိုက္သည္။ သူ ေနာက္တစ္ႀကိမ္ ေခ်ာင္းဆိုးလာျပန္သည္။

"ငါ အရံၿခံဝန္းမွာ ေနမေကာင္းျဖစ္ၿပီး လဝက္ေလာက္အိပ္ရာေပၚ လဲေနခဲ့တယ္။ ငါ အိပ္ရာကထႏိုင္ၿပီဆိုတာနဲ႔ ေသခ်ာေပါက္ကို ငါထြက္ေျပးခ်င္ခဲ့တာေပါ့... အျပင္ကို ေရာက္မလားဆိုၿပီး အစားအစာက်န္ေတြစြန႔္တဲ့ပုံးထဲမွာ ပုန္းခဲ့တယ္။ ၿပီးေတာ့ အေစခံတစ္ေယာက္လို ဝတ္ၿပီးေတာ့ ေဘးတံခါးကေန ခိုးထြက္ဖို႔လည္း လုပ္ဖူးတယ္။ သန္းေခါင္ခ်ိန္ေရာက္တိုင္း အုတ္တံတိုင္းကို ေက်ာ္ခ်ဖို႔ အေကာင္းဆုံးေနရာကို ရွာတယ္... ပင္မေဆာင္က ဘယ္သူမွ အရံၿခံဝန္းမွာမေနၾကဘူး။ ၿခံဝန္းထဲမွာရွိသမွ် အေစခံတိုင္းမွာ ငါ့ကိုေစာင့္ၾကည့္ဖို႔ တာဝန္ရွိတယ္။ အိမ္ေတာ္ထိန္းက ငါထြက္ေျပးမွာ စိုးရိမ္လို႔ ငါ့ကို ႏွစ္ဆယ့္ေလးနာရီလုံး မ်က္စိေအာက္က အေပ်ာက္မခံဘူး။ ငါ့ေနာက္က အၿမဲလိုက္ေနတာ။ ညတိုင္းမွာ အိမ္ေတာ္ထိန္းက ခုံတစ္လုံးယူလာၿပီး ငါ့ခုတင္ေခါင္းရင္းနားကေန ငါ့ကို ထိုင္ၾကည့္ေနတာ"

က်ဳံးဝမ္သည္ ေခ်ာင္းအနည္းငယ္ဆိုးလိုက္ၿပီး မရယ္မိေအာင္ ႀကိဳးစားေနသည္။ "အဲဒါေၾကာင့္ ငါအိမ္ေတာ္ထိန္းႀကီးကို ေမးလိုက္တယ္..."

ငယ္႐ြယ္ေသာက်ဳံးဝမ္သည္ ခုတင္ေပၚတြင္ တိတ္ဆိတ္စြာလွဲေနသည္။ သူသည္ အႏၲရာယ္ျပဳမည့္ပုံမရွိေပ။

သူမည္သို႔ေသာလူမ်ိဳးျဖစ္သည္ကို အိမ္ေတာ္ထိန္းႀကီးသာလွ်င္သိသည္။ သုံးလသာၾကာခဲ့သည္။ မည္ကဲ့သို႔ ထြက္ေျပးရမည္ကို က်ဳံးဝမ္မေတြးခဲ့ေသာအခ်ိန္မွာ ျမဴမႈန္မွ်ပင္မရွိခဲ့ေပ။ အိမ္ေတာ္ထိန္းသည္ သူ႔ကို အားႀကိဳးသနဲ ရွင္းျပေနသည္။ "သခင္ေလး၊ သခင္ေလးက အခု အေစခံျဖစ္သြားၿပီ။ ထြက္ေျပးခဲ့ရင္ေတာင္ ထြက္ခြင့္ျပဳတဲ့စာ႐ြက္စာတမ္းမရွိရင္  ၿမိဳ႕ေတာ္ဂိတ္တံခါးကို ျဖတ္သြားႏိုင္မွာေတာင္မဟုတ္ပါဘူး။ သခင္ေလးရဲ႕ ဘဝသက္တမ္းတစ္ခုလုံး ပစၥည္းေရာ လယ္ေျမေရာ ဝယ္ႏိုင္မွာ မဟုတ္ဘူး။ သခင္ေလး ဘယ္သြားသြား ပုန္းလွ်ိဳးကြယ္လွ်ိဳးပဲေနရမွာပါ"

က်ဳံးဝမ္သည္ စိတ္ထဲတြင္ ေတြးေနမိသည္။ ေတာ္စမ္းပါ။ ဒီမင္းဆက္ရဲ႕ ဉပေဒေတြအေၾကာင္းကို ကြၽန္ေတာ္က ခင္ဗ်ားထက္ပိုသိပါတယ္။

အိမ္ေတာ္ထိန္းသည္ ေဒါသထြက္ရလြန္းသျဖင့္ ဆက္လက္သည္းမခံႏိုင္ေတာ့ဘဲ သူ႔ကို ၿခိမ္ေျခာက္လာသည္။ "သခင္ေလး၊ ကြၽန္ေတာ့္တို႔ဆက္ခံသူမွာ သခင္ေလးရဲ႕ ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ရွိေနပါေသးတယ္။ သခင္ေလးထြက္ေျပးခဲ့ရင္ သူက ႐ုံးကိုသြားၿပီးတိုင္လိုက္႐ုံနဲ႔ ေနာက္တစ္ေန႔မကူးခင္ သခင္ေလးကိုဖမ္းမိမွာပါပဲ။ အဲ့အခ်ိန္က်ရင္ ထြက္ေျပးတဲ့ အေစခံအတြက္ အျပစ္ဒဏ္က မ်က္ႏွာမွာ ေဆးမင္ေၾကာင္ထိုးခံရမွာပါ။ မ်က္ႏွာမွာ ေဆးမွင္ေၾကာင္ထိုးတာဘာလဲ သခင္ေလးသိတယ္မလား"

က်ဳံးဝမ္သည္ အနည္းငယ္ေတာင္ ဂ႐ုမစိုက္ေခ်။ သူက ေအးစက္စြာဆိုသည္။ "ငါက ေယာက္်ားတစ္ေယာက္ပဲ။ ငါ့မ်က္ႏွာပ်က္စီးသြားလည္း ဘာျဖစ္လဲ။ အနည္းဆုံးေတာ့ ဘယ္သူမွ ငါ့အေၾကာင္းေတြးၾကေတာ့မွာ မဟုတ္ဘူး"

အိမ္ေတာ္ထိန္းႀကီးသည္ တုန္လႈပ္သြားသည္။ "မ်က္ႏွာမွာ ေဆးမွင္ေၾကာင္ထိုးၿပီးရင္ ျပန္ဖ်က္လို႔မရေတာ့ဘူး။ ဘယ္လိုျဖစ္လို႔ ကိုယ့္မ်က္ႏွာကိုယ္ ဂ႐ုမစိုက္ရတာလဲ"

ငယ္႐ြယ္ေသာ က်ဳံးဝမ္သည္ စိတ္ရႈပ္ေထြးစြာ ေျပာလိုက္သည္။ "ကြၽန္ေတာ္တစ္ခါမွ ကိုယ့္မ်က္ႏွာနဲ႔ပတ္သက္ၿပီး ဂ႐ုမစိုက္ဖူးဘူး။ အိမ္ေတာ္ထိန္း။ ကြၽန္ေတာ္ဒီအေျခအေနေရာက္ေနၿပီ။ ကြၽန္ေတာ့္မွာ ဘယ္မ်က္ႏွာက်န္ေသးလို႔လဲ"

အိမ္ေတာ္ထိန္းႀကီးသည္ အသက္ရႉရပ္သြားမတတ္ ေဒါသထြက္သြားသည္။

ထိုႏွစ္ေယာက္သည္ တစ္ေနကုန္ စကားမ်ားေနခဲ့ၾကသည္။ ညေရာက္ေသာအခါ အိမ္ေတာ္ထိန္းႀကီးသည္ က်ဳံးဝမ္ စိတ္တည္ၿငိမ္ေလာက္ၿပီဟု ေတြးမိသည္။ သူ ထိုင္ခုံတြင္ ထိုင္ကာ တစ္ေမွးအိပ္မည့္အခ်ိန္တြင္ က်ဳံးဝမ္က ႐ုတ္တရက္ စကားဆိုလာသည္။

"ဦးေလးဖန္" က်ဳံးဝမ္သည္ အနည္းအက်ဥ္းေလးမွ်ပင္ မအိပ္ခ်င္ေပ။ သူသည္ အိပ္ရာကိုကာထားသည့္ ခန္းစီးစထိပ္ကို ၾကည့္ေနသည္။ "ကြၽန္ေတာ္တို႔ ရင္ထဲက စကားေတြနဲ႔ ေဆြးေႏြးၾကရေအာင္"

အိမ္ေတာ္ထိန္းဖန္ "..."

သူ၏စိတ္ထဲတြင္ အိမ္ေတာ္ထိန္းဖန္သည္ က်ဳံးဝမ္ကို အလုပ္ရႈပ္လြန္း၍ က်ိန္ဆဲလိုက္သည္။ သို႔ေသာ္ ႏိုးႏိုးၾကားၾကားျဖစ္သည့္ပုံ ဟန္ေဆာင္ကာ ေလသံမာမာျဖင့္ ေမးလိုက္သည္။ "ဘာအေၾကာင္းေဆြးေႏြးမွာလဲ"

က်ဳံးဝမ္သည္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေျပာလိုက္သည္။ "ခင္ဗ်ားရဲ႕ အေမအေၾကာင္းေျပာရေအာင္"

အိမ္ေတာ္ထိန္းဖန္သည္ ေခတၱမွ်ေတြေဝသြားၿပီးသည့္ေနာက္ သူ႔အေမအိုအေၾကာင္း အစခံလိုက္ရသည္ကို သတိထားမိသြားေလသည္။ သူသည္ ႐ုတ္တရက္ပင္ ေဒါသယမ္းပုံမီးက်ျဖစ္ကာ က်ဳံးဝမ္ႏွင့္ရန္သတ္လုနီးပါးပင္။

"စိတ္ေလွ်ာ့၊ စိတ္ေလွ်ာ့။ ဘာလို႔ဒီေလာက္ ေဒါသထြက္ေနရတာလဲ" ငယ္႐ြယ္ေသာက်ဳံးဝမ္သည္ ခပ္ျမန္ျမန္ပင္ အသနားခံလိုက္သည္။ "ကြၽန္ေတာ္မွားတယ္၊ ကြၽန္ေတာ္မွားတယ္၊ ကြၽန္ေတာ္မွားပါတယ္... စိတ္ေလွ်ာ့ပါ။ ဒီအသက္အ႐ြယ္ေတာင္ ေရာက္ေနမွေတာ့ လြယ္လြယ္နဲ႔ေဒါသမထြက္သင့္ဘူး။ ထိုင္လိုက္၊ ထိုင္လိုက္..."

အိမ္ေတာ္ထိန္းဖန္သည္ ေဒါသထြက္လြန္း၍ ႏႈတ္ခမ္းေမြးမ်ားပင္ ေထာင္တက္လာသည္။ သူသည္ ေနရာသို႔ျပန္လွည့္ၿပီး လ်စ္လ်ဴရႈရန္ႀကိဳးစားကာ ျပန္ထိုင္လိုက္သည္။ သူေမွးခနဲအိပ္ေပ်ာ္ေတာ့မည့္အခ်ိန္တြင္ က်ဳံးဝမ္က ႐ုတ္တရက္ေမးလာျပန္သည္။ "ဦးေလးဖန္၊ ခင္ဗ်ားမွာ မိန္းမရွိလား"

အိမ္ေတာ္ထိန္းဖန္သည္ စိတ္တိုေနေသာပုံျဖင့္ ေျဖလိုက္သည္။ "ရွိတယ္၊ ကြၽန္ေတာ့္မိန္းမက အခုထိအသက္ရွင္ေနေသးတယ္"

က်ဳံးဝမ္ ေခါင္းညိတ္လိုက္သည္။ "ခင္ဗ်ားနဲ႔ ခင္ဗ်ားမိန္းမက ဆက္ဆံေရးအဆင္ေျပၾကလား"

အိမ္ေတာ္ထိန္းဖန္သည္ ဘာေျပာရမွန္းမသိျဖစ္ေနသည္။ ညလယ္ႀကီးမွာ... သူက မည္သည့္အတြက္ေၾကာင့္ ျမႇီးေကာင္ေပါက္အ႐ြယ္ေက်ာ္ကာစ သူတစ္ေယာက္ကို သူႏွင့္သူ႔မိန္းမၾကားက ဆက္ဆံေရးအေၾကာင္း ေျပာျပရမွာလဲ။

အိမ္ေတာ္ထိန္းဖန္သည္ လွည့္လာၿပီး က်ဳံးဝမ္ကို စိုက္ၾကည့္ေနသည္။ "ေကာင္းတာေရာ၊ မေကာင္းတာေရာ ဘာမွမရွိဘူး။ ဒါက သခင္ေလးက်ဳံးနဲ႔ေရာ ဘယ္လိုဆိုင္သြားလို႔လဲ"

က်ဳံးဝမ္က ႐ိုးသားစြာပင္ ေျဖလိုက္သည္။ "ဆိုင္တာေပါ့"

အိမ္ေတာ္ထိန္းဖန္သည္ ေဒါသကိုၿမိဳသိပ္လ်က္ ေမးသည္။ "ဒါဆို ကြၽန္ေတာ္ သခင္ေလးက်ဳံးကို ေမးလို႔ရမလား...သခင္ေလးနဲ႔ဘယ္လိုပတ္သက္တာလဲဆိုတာ"

"အခုက ညလယ္ေခါင္ႀကီးေလ၊ ေနာက္လည္းက်ေနၿပီ။ ခင္ဗ်ားနဲ႔ကြၽန္ေတာ္" က်ဳံးဝမ္သည္ သူ႔ကိုယ္သူတစ္လွည့္ အိမ္ေတာ္ထိန္းဖန္ကိုတစ္လွည့္ လက္ညႇိဳးထိုးကာဆိုသည္။ "အခန္းတစ္ခန္းထဲမွာ အတူတူရွိေနၾကတာ။ ခင္ဗ်ားကြၽန္ေတာ့္ကို မေကာင္းတာတစ္ခုခုလုပ္ခ်င္လို႔ ကြၽန္ေတာ့္ကို ေကာင္းေကာင္းေစာင့္ၾကည့္ေနတာလားဆိုၿပီး ကြၽန္ေတာ္စိုးရိမ္ေနမိတယ္။ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားရင္ ခင္ဗ်ားက ကြၽန္ေတာ့္ကို ဗလကၠာရျပဳက်င့္မွာေပါ့"

အိမ္ေတာ္ထိန္းဖန္သည္ လုံးဝကို ႐ူးသြပ္သြားမတတ္ပင္။ သူက မတ္တပ္ထရပ္လိုက္ၿပီး ေအာ္ဟစ္လိုက္သည္။ "ကြၽန္ေတာ္က ဒီႏွစ္ဆို ငါးဆယ့္ေလးႏွစ္ရွိၿပီ။ ကြၽန္ေတာ့္ေျမးက သခင္ေလးနဲ႔အသက္အတူတူေလာက္ပဲ။ သခင္ေလးနဲ႔ ကြၽန္ေတာ္... ကြၽန္ေတာ္-ကြၽန္ေတာ္-ကြၽန္ေတာ္..."

"စိတ္-စိတ္ေလွ်ာ့ပါ..." အိမ္ေတာ္ထိန္းႀကီး စိတ္တိုလြန္း၍ တစ္ခုခုျဖစ္သြားမွာကို က်ဳံးဝမ္စိုးရိမ္၍ ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေျပာလိုက္သည္။ "ကြၽန္ေတာ္က ျဖစ္ႏိုင္တယ္လို႔ပဲ ေျပာတာပါ။ ျဖစ္ႏိုင္တယ္လို႔ပဲ...ကြၽန္ေတာ္အိပ္ေနတဲ့ပုံစံကို ၾကည့္ၿပီး ခင္ဗ်ားကိုယ့္စိတ္ကိုယ္မထိန္းႏိုင္ဘဲ မေတာ္တဆ ျပႆနာျဖစ္မွာစိုးလို႔။ ခင္ဗ်ားမွာက မိသားစုရွိၿပီးေတာ့ ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားသခင္ရဲ႕ဆက္ခံသူမ်က္ႏွာအတြက္ သိကၡာရွိရွိေနရဦးမယ္။ ကြၽန္ေတာ္တို႔ အတူရွိေနရင္  ခင္ဗ်ားမိန္းမနဲ႔ ဆက္ဆံေရးလည္းပ်က္မယ္၊ အလုပ္လည္းျပဳတ္ဦးမယ္။ ကြၽန္ေတာ္ အဲ့လိုအျဖစ္ကိုမၾကည့္ရက္ဘူး..."

အိမ္ေတာ္ထိန္းဖန္သည္ က်ဳံးဝမ္၏စကားမ်ားကို နားမေထာင္ခဲ့ေပ။ ေဒါသျဖင့္ သူသိသမွ်စကားလုံးမ်ားႏွင့္ က်ိန္ဆဲကာ မ်က္ႏွာသည္လည္း ခရမ္းေရာင္သမ္းေနသည္။

"စိတ္ေလွ်ာ့ပါ...ကြၽန္ေတာ္မွားပါတယ္။ ကြၽန္ေတာ္ကသာ ခင္ဗ်ားနဲ႔အခ်ိန္တူတူကုန္တာမ်ားလို႔ ခင္ဗ်ားကို စိတ္ဝင္စားလာတာပါ။ ခင္ဗ်ားမဟုတ္ဘူး၊ ခင္ဗ်ားမဟုတ္ဘူး" က်ဳံးဝမ္သည္ လ်င္ျမန္စြာ ေတာင္းပန္ေနသည္။ "လူႀကီးလူေကာင္းတစ္ေယာက္လို ဆက္ဆံတာေတြကို ကြၽန္ေတာ္က နိမ္က်တဲ့သူတစ္ေယာက္ရဲ႕ အေတြးေတြနဲ႔ ေတြးလိုက္တာပဲ။ ကြၽန္ေတာ္ တကယ္ကို ေနာင္တရပါၿပီ"

က်ဳံးဝမ္သည္ ခုတင္ေပၚမွထကာ အိမ္ေတာ္ထိန္းဖန္ကို ေရေႏြးၾကမ္းတစ္ခြက္ ငွဲ႔ေပးသည္။

အိမ္ေတာ္ထိန္းဖန္သည္လည္း ထိုေရေႏြးကိုေသာက္လိုက္သည္။ အခ်ိန္အတန္ၾကာေသာအခါ သူ၏အသက္ရႉသံမွာ ပုံမွန္ျပန္ျဖစ္လာသည္။

က်ဳံးဝမ္သည္ အိပ္ရာေပၚလွဲလိုက္သည္။ အိမ္ေတာ္ထိန္းဖန္သည္လည္း ထိုင္ခုံေပၚထိုင္ခ်လိုက္ျပန္သည္။

တစ္နာရီခန႔္ၾကာေသာအခါ အိမ္ေတာ္ထိန္းဖန္သည္ အိပ္ခ်င္စိတ္ကို ခံစားလာရသည္။ က်ဳံးဝမ္သည္ ေနာက္တစ္ဖန္ စကားဆိုလာျပန္သည္။ "ကြၽန္ေတာ္ေတြးေနတာ၊ ကြၽန္ေတာ့္ရဲ႕ ခုနကစကားေတြက ေတာ္ေတာ္ေလးကို လြန္တယ္လို႔ ကြၽန္ေတာ္ခံစားရတယ္။ ကြၽန္ေတာ္ေတာင္းပန္ပါတယ္၊ အိမ္ေတာ္ထိန္းဖန္။ ခင္ဗ်ားက လူေကာင္းတစ္ေယာက္ပါ"

အိမ္ေတာ္ထိန္းဖန္ "..."

က်ဳံးဝမ္သည္ ျပတင္းေပါက္ကိုေငးၾကည့္ေနရင္း ပ်င္းတိပ်င္းေလ်ာ့ေျပာသည္။ "ၾကည့္ဦး။ လမင္းႀကီးက ဒီညမွာ အရမ္းလွေနတာပဲ"

အိမ္ေတာ္ထိန္းဖန္၏ တစ္ကိုယ္လုံးတြင္ ၾကက္သီးျဖန္းျဖန္းထသြားသည္။

က်ဳံးဝမ္သည္ တစ္ကိုယ္တည္း ေျပာေနသည္။ "အခု ဒီအခန္းထဲက ခံစားခ်က္ေတြလည္း ေကာင္းေနတာပဲ"

အိမ္ေတာ္ထိန္းဖန္သည္ က်ဳံးဝမ္အိပ္ခ်င္လြန္း၍ ႐ူးသြားသလားဟု ေတြးမိသည္...ခံစားခ်က္ေတြက ဘယ္လိုလုပ္ေကာင္းႏိုင္ပါလိမ့္။

က်ဳံးဝမ္သည္ ေလးေလးနက္နက္ ေျပာလာသည္။ "ကြၽန္ေတာ္ ခင္ဗ်ားအတြက္ သီခ်င္းဆိုျပရင္ ဘယ္လိုလဲ"

အိမ္ေတာ္ထိန္းဖန္သည္ က်ဳံးဝမ္ကို မလႈပ္မယွက္ႏိုင္ဘဲ ၾကည့္ေနမိသည္။

က်ဳံးဝမ္က ရွက္႐ြံ႕စြာဆိုသည္။ "ကြၽန္ေတာ္ အရင္က ျပဇာတ္မင္းသားလုပ္ဖို႔ အေရာင္းခံရမယ္လို႔ ထင္ထားတာ။ အဲဒါေၾကာင့္ ေထာင္ထဲမွာတုန္းက...ကြၽန္ေတာ္ႀကိဳတင္ျပင္ဆင္ထားခဲ့တာ"

အိမ္ေတာ္ထိန္းဖန္၏ မ်က္လုံးမ်ားသည္ ေဝခြဲမရျဖစ္သြားသည္။ သူ႔အေနျဖင့္ က်ဳံးဝမ္ ႀကိဳတင္ျပင္ဆင္ထားသည့္အတြက္ ခ်ီးက်ဴးသင့္လား၊ ခ်ီးမက်ဴးသင့္လားကိုပင္ မေဝခြဲႏိုင္ေတာ့ေပ။

"ဒါဆို ကြၽန္ေတာ္ စဆိုၿပီေနာ္"

က်ဳံးဝမ္သည္ လည္ေခ်ာင္းကိုရွင္းလိုက္ၿပီး ခုတင္ကို ခပ္ျဖည္းျဖည္းေခါက္လ်က္ စည္းခ်က္လိုက္ေနသည္။ "လက္ထပ္ၿပီးေတာ့...အျဖဴဝတ္ရ...ကြယ္လြန္သူက...ဒီအိမ္သခင္..."

(ဈာပနပြဲမ်ားတြင္သာ အျဖဴဝတ္သည္။

ဒီအိမ္သခင္ - မိန္းကေလး၏လင္ေယာက္်ား)   

"ပါးစပ္ပိတ္ေတာ့" အိမ္ေတာ္ထိန္းဖန္သည္ ေဒါသေျခာင္းေျခာင္းထြက္ေလၿပီ။ "ကိုယ့္ရဲ႕သခင္ကို ဒါမ်ိဳးဆိုရဲတယ္၊ ေသခ်င္ေနလို႔လား"

"အဲ့လိုဆိုလို႔မရဘူးလား" က်ဳံးဝမ္သည္ ေနာင္တျဖင့္ သက္ျပင္းခ်လိုက္သည္။ "ဒါေပမဲ့ အခုမွစသင္ေနတဲ့ အသစ္ကေလးဆိုေတာ့...ကြၽန္ေတာ္က 'မုဆိုးမေလး အုတ္ဂူလည္ပတ္'သီခ်င္းကိုပဲ ဆိုတတ္ေသးတာ"

အိမ္ေတာ္ထိန္းဖန္သည္ ေဒါသေၾကာင့္ လက္မ်ားပင္ တုန္လာသည္။ "သခင္ေလး...ဆက္မဆိုနဲ႔ေတာ့"

က်ဳံးဝမ္ ေခါင္းညိတ္လိုက္သည္။ "ေကာင္းၿပီ။ စိတ္မတိုပါနဲ႔ေတာ့။ ကြၽန္ေတာ္က သီခ်င္းဆိုၿပီးေတာ့ ခင္ဗ်ားကိုေခ်ာ့သိပ္ခ်င္႐ုံပါ"

"သခင္ေလးစကားမေျပာသေ႐ြ႕ ကြၽန္ေတာ္ အလိုလိုအိပ္ေပ်ာ္ႏိုင္တယ္"

က်ဳံးဝမ္ ကတိေပးလိုက္သည္။ သူက လက္သုံးေခ်ာင္းေထာင္ကာ ေကာင္းကင္ဘုံသို႔ သစၥာဆိုလိုက္သည္။ "ကြၽန္ေတာ္ ပါးစပ္ပိတ္ေနပါ့မယ္"

အိမ္ေတာ္ထိန္းဖန္သည္ သတိရွိရွိႏွင့္ ေနာက္တစ္ႀကိမ္ထိုင္ခ်လိုက္ျပန္သည္။

က်ဳံးဝမ္သည္ သူေျပာသလို ေနေနသည္။ ဤအခ်ိန္တြင္ သူသည္ စကားတစ္ခြန္းပင္ မဆိုေတာ့ေခ်။

ေနာက္တစ္နာရီၾကာေသာအခါ တစ္ေနကုန္ ဟိုေျပးဒီေျပးအလုပ္လုပ္ၿပီး ညသန္းေခါင္ထိမအိပ္ရေသာ အိမ္ေတာ္ထိန္းဖန္သည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ အိပ္ေမာက်သြားေလသည္။

"ေတာင္းပန္ပါတယ္..."

က်ဳံးဝမ္သည္ ဖိနပ္ကိုမစီးရဲေပ။ သူသည္ အျပင္ဘက္သို႔ ေျခဗလာျဖင့္ေလွ်ာက္သြားၿပီး အရံၿခံဝန္းထဲမွ ခိုးထြက္သြားသည္။

ေသခ်ာေပသည္။ သူ႔ကို အ႐ုဏ္မတက္ခင္ ဖမ္းမိၿပီး ျပန္ေခၚလာခံရသည္။

က်ဳံးဝမ္သည္ အလယ္ခန္းအတြင္းသို႔ ေစာင့္ၾကပ္ေခၚလာခံရၿပီးေနာက္တြင္လည္း ႐ုန္းရင္းဆန္ခတ္ ျပဳေနဆဲပင္။ "အဲဒါက မ်က္ႏွာေပၚမွာ ေဆးမင္ေၾကာင္ထိုးတာပဲ မဟုတ္ဘူးလား။ ခင္ဗ်ားတို႔ ဆႏၵရွိသလိုသာလုပ္ၾက။ ကြၽန္ေတာ့္မ်က္ႏွာေပၚမွာ ေဆးမင္ေၾကာင္ရွိရင္ေတာင္ ကြၽန္ေတာ့္ကိုလက္ထပ္ခ်င္တဲ့ မိန္းကေလးေတြ တစ္ပုံႀကီးရွိေနဦးမွာပဲ"

အိမ္ေတာ္ထိန္းဖန္သည္ သူ႔ကိုတစ္ညလုံး လိုက္ရွာေနခဲ့ရ၍ ေသဆုံးဖို႔ေျခတစ္လွမ္းသာ လိုေတာ့သည္ဟု ခံစားရမတတ္ ပင္ပန္းေနေလၿပီ။ သူသည္ အသက္ကို ခပ္ေဖ်ာေဖ်ာ့ရႉထုတ္လိုက္ၿပီး ေျပာသည္။ "သခင္ေလးက မေၾကာက္ဘူးမလား၊ ဟုတ္တယ္မလား။ ေကာင္းၿပီ၊ ေကာင္းၿပီ...သခင္ေလး ေစာင့္ေန။ သခင္ေလး ေစာင့္ေနလိုက္"

က်ဳံးဝမ္ ေစာင့္ေနခဲ့သည္။ ေနာက္တစ္နာရီအၾကာတြင္ ယြီရွီေရာက္လာသည္။

က်ဳံးဝမ္သည္ ၾကမ္းျပင္တြင္ ဒူးေထာက္ေနသည္။ သူ ယြီရွီကိုျမင္လိုက္သည္ႏွင့္ အရာအားလုံးအဆုံးသတ္ၿပီဆိုသည္ကို သိလိုက္သည္။

သူ႔ကို တကယ္ ဗလကၠာရျပဳႏိုင္သည့္လူသည္ သူ႔ေရွ႕တြင္ ေရာက္ေနေလၿပီ။

Continue Reading

You'll Also Like

138K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
583K 92.6K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
293K 56K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.